Thursday, March 4, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၆)

ခရစ်ယာန်များမှ ဓါးမဆရာများနှင့် စိတ်ကူးယဉ် ကရူးဆိတ် ၀ါဒီများက မြန်မာနိုင်ငံအား ခရစ် ယာန်နိုင်ငံ အဖြစ် စိတ်ကူးယဉ် ပုံဖေါ်လျှက် ကြိုးစားနေရာတွင်-ဗုဒ္ဓသာသနာဝင်တို့ ကိုးကွယ် ဆည်းကပ်သော ဘုရားဟူသည် အသက် မရှိသောဘုရား သေလွန်ပြီးသော ဘုရား ဖြစ်၍၊ လူသားများအတွက် မည်သည့် အကျိုးကိုမျှ မပြုနိုင်၊ မစွမ်းဆောင် နိုင်ကြောင်း-
သူတို့ကိုးကွယ်သော ဘုရားသည် ထာဝရအသက် ရှိသောဘုရား-မည်သည့် အခါကမျှ မသေ လွန်သော ဘုရား၊ ဆုတောင်းသမျှကို ကြားနေသောဘုရား၊ လောကအပေါင်းအား ဖန်ဆင်း သော ဘုရား ဖြစ်၍ လူသားအပေါင်း၊ ယုံကြည်သူ အပေါင်း၏ ဆုတောင်း မှန်သမျှကို ကြားနေ ဖြည့်ဆီးပေးနေသော ဘုရား ဖြစ်ကြောင်း-ထို့ကြောင့် ထိုသို့သော မအို၊ မနာ၊ မသေ ထာဝရ ရှင်နေသော ဘုရားအား ကိုးကွယ်ဆည်းကပ်မှသာလျှင် ကယ်တင်ခြင်း အပေါင်းကို ရနိုင်မည် ဖြစ်ကြောင်း-ဘန်ကောက်ရောက် မြန်မာလူငယ်များအား နည်းမျိုးစုံဖြင့် စည်းရုံး သိမ်းသွင်း လျှက် ရှိနေပေသည်။
မိမိဘာသာတရားအား လွပ်လပ်စွာ စည်းရုံးနိုင်သော်လည်း သူတစ်ပါးအား ပုတ်ခတ်သော နည်းဖြင့် စည်းရုံးနေ ခြင်းမှာ အလွန်တရာ ရွံရှာဘွယ်ကောင်းသော နည်းလမ်းပင် ဖြစ်သည်။
သူတို့၏ အတွင်းသို့ ၀င်ရောက်လေ-သူတို့ပြောဆိုနေသော ထာဝရဘုရား၊ ထာဝရဘုရား ဆိုသည်မှာ ကျွန်ုပ်တို့ ကြားဘူး-နားလည်ဘူးသော ထာဝရ ဘုရားဘုရား မဟုတ်ဘဲ၊ ယေရှု တည်းဟူသော လူသားပင် ဖြစ်ကြောင်း အံ့သြစွာ တွေ့ရတော့သည်။
ထာဝရဘုရား ညီမျှခြင်း ယေရှု ဖြစ်နေတော့သည်။ တနည်းအားဖြင့် ယေရှုသည် ထာဝရ ဘုရားဖြစ်သည်။ ယေရှုသည် လောက အလုံးစုံအား ဖန်ဆင်းသော ဘုရား ဖြစ်သည်။ သူ့ကို ယုံကြည်သော သူအပေါင်းအား အရာရာကို ဖြည့်စွမ်းပေးနိုင်သော၊ ထာဝရ တန်ခိုးရှိသော၊ ထာဝရ အသက်ရှင်နေသော၊ တောင်းသမျှဆုအား ဖြည့်ဆီးပေးသော မဟာ တန်ခိုးတော် အရှင် ဖြစ်လေသည်။
ဗုဒ္ဓဘာသာတို့အား ယုတ္တိမရှိသည်များကို လက်ခံယုံကြည်နေသည်ဟု သွယ်ဝှိက်၍တစ်မျိုး၊ တည့်ဒိုးတစ်ဖုံး သံကုန်ဟစ်နေသော ထိုပညာတတ်ပါသည်၊ ယုတ္တိရှိရာကိုသာ လက်ခံပါသည် ဟု ဆိုသော ကရူးဆိတ်ခေါင်းဆောင်များနှင့် ကရူးဆိတ်ဝါဒီတို့မှာ-လွန်စွာ ယုတ္တိမဲ့သည့် အချက်အား မက်မောခုံမင်စွာ လက်ခံထားသည် ဆိုခြင်း အား-ပြန်လည် သုံးသပ်နိုင်ခြင်းပင် မရှိတော့ပေ။
သို့မဟုတ်-သမ္မာကျမ်းစာပါ၊ ထာဝရဘုရားဆိုသည်အား အပိုင်စီးလျှက် ထိုဘုရားသည် ယေရှု ပင် ဖြစ်သည်ဟု ပြော ပြောကြားနေခြင်းပင်လောဟု စဉ်းစားရန် ဖြစ်တော့သည်။
သမ္မာကျမ်းစာတွင် ယေရှုသည် ထာဝရ မဟုတ်ကြောင်း သူသည် လူသားတစ်ဦးသာ ဖြစ် ကြောင်း ရှင်ယောဟန် သြ၀ါဒစာ ဒုတိယအစောင် ၁း၇ တွင်-လူဇာတိအားဖြင့် ကြွလာတော် မူသော ယေရှု ခရစ်ကို ငြင်းပယ်လျှက် လှည့်ဖျားသော သူအများတို့သည် လောကထဲသို့ ၀င် ကြပြီ။ ထိုသို့သော သူသည် လှည့်ဖျားသောသူ ဖြစ်၏၊ အန္တိခရစ်လည်း ဖြစ်၏။-ကို ပြောထား သည်။ သို့ဖြစ်လျှင် ယေရှုအား လူသားမဟုတ် ထာဝရဘုရားဖြစ်သည်ဟု ဟောပြောနေခြင်းမှာ လိမ်လည်ခြင်းသာ ဖြစ်သည် ဆိုခြင်းကို သတိထားမိရန် လိုအပ်ပေသည်။
ထို့အပြင် ထိုယေရှုသည် အသေသတ်ခြင်း ခံခဲ့ရပြီ ဖြစ်ကြောင်း-ရှင်ပေတရု သြ၀ါဒ ပဌမ အစောင် ၃း၁၈ တွင် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံရ၍၊ ၀ိညာဉ်တော် အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍၊ - ဟု ဆိုထားပေသည်။
ဤကျမ်းချက်တွင် ယေရှုသည် အသက်ရှင်နေသည် ဆိုခြင်းမှာ ၀ိညာဉ်အားဖြင့်သာ ဖြစ် ကြောင်းကို ဆိုထား သည်။ ထိုအဆင့်အား ဗုဒ္ဓဘာသာ ရှုဒေါင့်မှ သုံးသပ်လျှင် နိဗ္ဗာန်သို့ပင် မဆိုက် သေးကြောင်းကို သက်သေ ပြနေခြင်း ဖြစ်သည်။ မြတ်ဗုဒ္ဓ ဒေသနာအရ ချုပ်ငြိမ်းခြင်း တည်ရာ နိဗ္ဗာန်သို့ မဆိုက်သေးသော သူမှန်သမျှ-ဘ၀မျိုးစုံ၌ ၀ိညာဉ်အားဖြင့် ရှင်သန်နေရ သည်သာ ဖြစ်တော့သည်။
ထိုသို့-သူသည် လူသားသာ ဖြစ်သည်။ ယေရှုသည် လူသား ဖြစ်သည် ဆိုခြင်းအား မယုံ ကြည်သော သူတို့သည် အန္တိခရစ် (ယေရှုခရစ်အား ဆန့်ကျင်သူ) ဖြစ်သည်ဟု ရှင်ယောဟန် သြ၀ါဒစာ ဒုတိယအစောင် ၁း၇ တွင် အတိအကျ ဆိုထားပါလျှက် သူတို့ကိုယ်တိုင် ထို အချက်အား လက်မခံဘဲ-သူတစ်ပါးအား ယေရှုသည် ထာဝရ ဘုရား ဖြစ်သည်။ ထာဝရဘုရား ဟူသည် ယေရှုဖြစ်သည် ဟူသော စကားများမှာ မှုသား သက်သက်သာ ဖြစ် တော့သည်။
သူတို့ကျမ်း၌ ဆိုထားသော ယေရှုသည် အသေသတ်ခြင်းကို ခံရပြီးပြီ-ဆိုသော စကားအား သူတို့ကိုယ်တိုင် လက်မခံဘဲလျှက်-ယေရှုသည် ထာဝရ အသက်ရှင်နေသည်ဟု ဆိုခြင်းမှာ အလွန်အံ့သြဘွယ်ကောင်းသော အမြီးအမောက် မတည့်မှုသာ ဖြစ်နေတော့သည်။
လူသားအပေါင်းအား ကယ်တင်နိုင်မည် မနိုင်မည်ကို ကိုရင်မိုး မသိပါ။ သို့သော် ယေရှုသည် သူ့ကို သတ်ပစ်ခါ နီးတွင် သူ့ကိုယ်သူ မကယ်တင်နိုင်သောကြောင့်-အခြားဘုရားတစ်ဆူ ဖြစ် သည့် ဧလိ ဟူသော ဘုရားထံတွင် ငိုယို၍ အားကိုးတကြီး ဆုတောင်းကြောင်းကို ရှင်မဿဲ ၂၇း၄၆ တွင် အတိအကျဆိုထားတော့သည်။
အဆွယ်ကောင်း၍ ခိုအောင်းသွားသူများ၊ မိမိကိုယ်မိမိ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ပါသည်၊ ဘုန်းကြီး ကျောင်းသား ဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင်မှ ထာဝရရှင်သန်နေသော-တောင်းသမျှဆုအား ပေးနေသော၊ ပေးနိုင်သော ထာဝရ ဘုရား ယေရှုအား သက်ဝင်ယုံကြည်သွားရာမှ ဓမ္မဆရာ ဖြစ်သည်ထိ ယေရှုဘုရားက ချီးမြှင့်ပေးလိုက်ပါသည်ဟု မိမိဇာတိကိုပင် မိမိ လိမ်ညာနေသော သူများ စဉ်းစားရန်မှာ-
သင်တို့ပြောဆိုနေသော- သမ္မာကျမ်း၌ပင်
(၁) ယေရှုသည် လူသားစင်စစ် ဖြစ်သည်။ (၂) သူသည် အသေသတ်ခြင်းကို ခံလိုက်ရပြီ ဖြစ် သည်။ (၃) သူသည် သူ့ကိုယ်သူပင် မကယ်နိုင်သောကြောင့် အခြားဘုရား ဧလိ (ခရစ် ယာန်များက ထိုဘုရားအကြောင်းကို မည်သည့်အခါတွင်မှ မပြောသောကြောင့် အခြားဘုရား ဟု ရေးသားခြင်း ဖြစ်သည်) ထံ၌ ငိုယိုဆုတောင်းနေရသည် ဆိုသည့် အချက်များအား စဉ်းစား ဆင်ခြင်စေလိုပါသည်။

ကိုရင်မိုး
ဆက်လက် ဖေါ်ပြပါမည်။
ကျွန်ုပ်ကိုရင်မိုး မလိမ်ညာပါ။ စာဖတ်သူများအနေဖြင့်-သိလိုလျှင် မြန်မာ ခရစ်ယာန် အဆို စီရေးရှင်း (ဘန်ကောက်) MCABANGKOK ဆိုသည်ကို အင်တာနက်တွင် ရှာဖွေကြည့် လိုက်ပါ။ ခရစ်ယာန်လူကြေီး လူကောင်း များမှ တရားဝင် ကမ္ဘာသိ ဘာသာရေး စည်းရုံးနေ သည်များပင် အခြားဘာသာတို့အား မည်မျှ ပုတ်ခတ်ထား သည်ကို တွေ့နိုင်ပေသည်။ ၎င်းတို့၏ ယူကျုများကိုလည်း ကြည့်ပါ။-သူတို့၏ လူသိရှင်ကြား ဖေါ်မပြသော အစီ အစဉ်များ၊ စီမံချက်များ- များစွာရှိနေသေးသည်။ သူတို့၏ လက်ခွဲများက ဘဘော့ဂ်မျိုးစုံဖြင့် အခြား သူများအား ရန်တိုက်ပေးနေသည်။ အခြားဘာသာတို့အား စော်ကားခြင်းများ ပြုနေသည်။

No comments:

Post a Comment