Tuesday, February 23, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၅)

ခရစ်ယန် ဓမ္မဆရာများနှင့် ကရူးဆိတ် သင်တန်းဆင်းများ၏ အခြားသော ထောက်ပြမှု တစ် ခုမှာ ခရစ်ယန်မှ လွဲ၍ အခြားသော ဘာသာတရားများသည် မေတ္တတရားကို ပါးစပ်မှသာ ရေ ရွတ်နေလျှက် လက်တွေ့တွင် အလွန် ရက်စက် ယုတ်မာမှုများကို ဆောင်ရွက်နေသည် ဟူ၍ ဖြစ်သည်။
သူတို့အနေဖြင့် မူဆလင် ဘာသာအား အကြမ်းဖက်၊ စစ်သွေးကြွ၊ ဓါးမိုး၍ သာသနာပြု သူများ ဟု အဖန်ဖန် အတေတေ စွပ်စွဲခဲ့သည်မှာ ကျွန်ုပ်တို့အားလုံး အသိပင်။ ရံဖန်ရံခါ မူဆလင်များ အပေါ် အမြင် မကြည်လင်သော စိတ်ဖြင့် ခရစ်ယာန် လူယုတ်မာများ၏ ၀ါဒဖြန့်မှု များအား ယုံမိ သည်များလည်း ရှိ၏။ ထိုအကြောင်းများအား ဖြေရှင်းရန်မှာ မူဆလင်များ၌သာ တာဝန်ရှိ ၍ ကျွန်ုပ်တို့နှင့် သက်ဆိုင်ခြင်း မရှိချေ။
မြန်မာနိုင်ငံသို့ မသမာသော နည်းဖြင့် ထိုးဖေါက်ရန် ကြိုးစားနေသာ ခရစ်ယာန် လူယုတ်မာ များက ထိုမူလ လက်ဟောင်း ပုံသေနည်းကြီးအား လက်ကိုင်ထားလျှက် ဗုဒ္ဓဘာသာအား ပါး စပ်မှသာ မေတ္တာထားလျှက် အတွင်းစိတ်၌ ယုတ်မာသူများ ဖြစ်ကြောင်း၊ ဗုဒ္ဓရဟန်း သံဃာ တော်များက အာဏာရှင် အစိုးရများကို မြှောက်ထိုး ပင့်ကော်လုပ်လျှက် စစ်ဖြစ်၊ လူသတ်၊ အစိုးရများအား အားပေးနေကြောင်း အထောက် အထားများ ရရှိရန် အပြင်းအထန် ကြိုးစား အားထုတ်နေကြသည်။
များစွာသော ရဟန်းဟူမူ ပုတုဇဉ်များသာ ဖြစ်သောကြောင့် အချို့သော နိုင်ငံရေး ပရောဂါများ၌ ပါနေနိုင်ပေ သည်။ ထိုအချက်ကို ကျွန်ုပ်ကိုရင်မိုး မျက်လုံးစုံမှိတ် ငြင်းဆိုရန် ဆန္ဒမရှိပါ။ သို့ သော် ဗုဒ္ဓဘာသာ၊ မူဆလင်၊ ခရစ်ယာန်၊ စသည့် ဘာသာပေါင်းစုံ ပါဝင်သော လူထုကြီး တရပ်လုံးအား အာဏာရှင်များ၏ လက်အောက်မှ လွတ်မြောက်ရန် ငြိမ်းချမ်းသော နည်းဖြင့် ခန္ဓာဝန်ချသွားရသော ဦးဝိစာရ ကဲ့သို့ ရဟန်းတော်များ ဗုဒ္ဓဘာသာတွင် ရှိနေသည်ကို ထို မသမာ သာသနာပြုသူတို့ ထည့်မပြောလေတကား။
ထို လူယုတ်မာများက သူတို့၏ သာသနာမှာ ပါးကို တစ်ချက်ရိုက်လျှင် အခြား ပါးတစ်ခြမ်းကိုပါ ပေးရိုက်ခံ၍ မေတ္တားထားသည် ဟူ၏။ ထိုတရားသည် အမှန်တကယ် ဟုတ်ပါလေစ၊ ကျွန်ုပ် ကိုရင်မိုး အဖြေမထုတ်လိုပါ။- စာဖတ်သူများ အဖြေထုတ်ကြပါကုန်--
ထာဝရဘုရား၏ ကျွန် မောရှေသည် အနိစ္စ ရောက်သောနောက်၊ ထာဝရဘုရားက မောရှေ၏ လက်ထောက် ဖြစ်သော နုန်၏သား ယောရှုအား အရိုက်အရာကို လွှဲပေးခဲ့သည်။ ထာရ၀ဘုရားက ယောရှုအား ငါသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိနေမည်။ ဟုဆို သည်။ ဓမ္မဟောင်း- ယောရှုမှတ်စာ ၁း၁-၅။
ထာဝရဘုရားက ကြည့်ရှုလော့၊- ယေရိခေါမြို့ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ် သူရဲတို့ကို သင့် (ယောရှု)လက်၌ ငါ အပ်လေပြီ။ သို့ဖြစ်၍ မြို့ကို လှည့်ပတ်ကြရမည်။ ခြောက် ရက် လှည့်ပတ်ကြရမည်။ သတ္တမနေ့၌ ခုနစ်ကြိမ်တိုင် မြို့ကို လှည့်ပတ်၍------- ယောရှုမှတ်စာ ၆း၂---၅။
--သတ္တမနေ့ မြို့ရိုး ပြိုလဲပြီးနောက်-တမြိုးလုံးရှိ ယေက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး၊ သိုး၊ နွား၊ မြည်း ရှိသမျှတို့ကို ဓါးဖြင့် ခုတ်သတ် ဖျက်ဆီးလိုက်သည်။ ပြည့်တန်ဆာမ အိမ်မှ ရာခပ်နှင့် သူ၏ မိဘ၊ သားသမီး၊ နောက်လိုက် တစ်ခုကိုသာ ခေါ်ဆောင်ခဲ့၍၊ တမြို့လုံး ရှိသမျှ သက်ရှိ၊ သက်မဲ့များကို မီးရှို့ဖျက်ဆီးလိုက်သည်။ ယောရှုမှတ်စာ ၆း၂၁-၁၃။
-ယောရှုမသတ်ခဲ့သည့် တစ်ခုတည်းသော မိသာစုမှာ ရာခပ်မိသားစုသာ ဖြစ်၍-သူ သည် ပြည့်တန်ဆာ (ဖာသည်) ဖြစ်သည်။ ယောရှုမှတ်စာ ၆း၂၅။
-ထိုဖာသယ် (ဖာသည်) ရာခပ်မိသားစုကိုသာ အသက်ချမ်းသာပေး ကယ်ခဲ့၍၊ အပြစ်မဲ့ မိန်းမ၊ ယောက်ျား၊ ကလေး၊ လူကြီးများ၊ ကွဲ၊ နွား၊ တိရိစ္ဆာများအား အစုလိုက် အပြုံလိုက် မျိုးတုံး သတ်ဖြတ်ခဲ့သည့် ယေရှုသည် ထာဝရဘုရား၏ လူဖြစ်သည်။- ယေရှုမှတ်စာ ၆း၂၇။
ထိုခေတ်ထိုအခါက မြို့တမြို့ဆိုသည်မှာ လူမျိုးစု တစု နေထိုင်ရာ နေရာဖြစ်၍-လူမျိုးစု တစုအား မျိုးပြုတ် သတ်ဖြတ် လိုက်ခြင်း ဖြစ်သည်။ လူမျိုးတစုအား မျိုးဖြုတ်လိုက်သည်ကို သွေးမ၀သေး သော ထာဝရဘုရား၏ လူ ယောရှုသည်-
တမြို့ပြီး တမြို့-လူမျိုးတစုပြီး တစု မျိုးပြုတ် သုတ်သင် သွားလိုက်သည်မှာ မက္ကဒါမြို့ (လူမျိုး)-ဗိလနမြို့ (လူမျိုး) လာခိရှမြို့- ဂေဇာ-ဧဂလုန်၊ ဟေဗြုန်၊ ဒေဗိရ၊ --------များစွာသော မြို့ဒေသမှ ကလေး၊ မိန်းမ၊ လူကြီး၊ လူငယ် အားလုံး တစ်ယောက်မကျန်ကို ထာဝရဘုရားသခင် မှာထား သည့် အတိုင်း ယောရှုသည် အသက်ရှင်သော တယောက်မှ မကြွင်းကျန်ရဘဲ မျိုးတုံး သတ်ပစ် လေ၏။ ယောရှုမှတ်စာ ၁၀း၂၈-၄၁။
ထိုသို့ အပြစ်မဲ့ ကလေးသူငယ်၊ မိန်းမ၊ ယောကျား၊ လူကြီး၊ လူငယ် အားလုံးကို တယောက် မကျန် မျိုးတုံး သတ်ဖြတ်ရန် မှာကြား၍ အခွင့်အာဏာပေးသော ထာဝရဘုရား၏ မေတ္တာ တော်အား အကြွင်းမဲ့ ယုံကြည်ထား သည့် ခရစ်ယာန်များ၏ မေတ္တတရား ဟူသည်မှာ------ ကျွန်ုပ် ကိုရင်မိုး အဖြေ မထုတ်လိုတော့ပါ။
ကျွန်ုပ် လက်လှမ်း မှီသလောက် မူဆလင် ဘာသာ သဘောတရားအား မေးမြန်း လေ့လာမိ သည်။ မူဆလင် ဘာသာတွင် လူမျိုးမတူ၊ အယူမတူ၊ ဘာသာ မတူ၍-မုန်းတီးရမည်၊ မျိုးတုံး သတ်ဖြတ် ပစ်ရမည်ဟု မတွေ့ရသည့် အပြင်- မူလဆင်တို့ ယုံကြည်သော ဘုရား အလ္လာဟ် က- ဂျူးဘုရားကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဗလီကျောင်းများ အား တိုက်ခိုက် စော်ကားသူတို့အား လူယုတ်မာများဟု သတ်မှတ်၍၊ ထို လူယုတ်မာအား အလ္လာဟ်ကို ယုံကြည်သူတိုင်းက တော်လှန် တိုက်ခိုက်ရမည်ဟု ဆိုထားကြောင်း တွေ့ရသည်။ (ကိုရမ်ကျမ်း ၂၂း၄၀) ကျွန်ုပ် မေးမြန်းဘူးသော မူဆလင် ပညာရှင်များက ခရစ်ယာန်တို့ ယုံကြည်သော ထာဝရဘုရားသည် မူဆလင်တို့ ယုံကြည်သော အလ္လာဟ်နှင့် မတူဟုလည်း ပြောဆိုပေသည်။
ကျွန်ုပ်သည် မူဆလင် အကြောင်းကို မကျွမ်းကျင်ပါ။ သို့ဖြစ်၍ ဆက်လက် လေ့လာရမည် ဖြစ်သည်။ မေးမြန်း စပ်စု မိသမျှတွင် ကျွန်ုပ်တို့ ထင်မှတ်နေသော ခရစ်ယာန်များနှင့် မူဆလင် များမှာ ပြောင်းပြန်ဖြစ်နေသည်ဟု ခံစား မိတော့သည်။
မည်သို့ဖြစ်စေ၊ ကျွန်ုပ်တို့ မြန်မာ ဗုဒ္ဓဘာသာများ အနေဖြင့် ထာဝရဘုရားကို မယုံကြည် သောကြောင့် မျိုးပြုတ် အသုတ်သင် မခံရရန် အထူး သတိထားရမည် ဖြစ်သည်။
မေတ္တာထားပါသည်၊ မေတ္တာထားလိုပါသည် ဟု ကြုံးဝါးရင့်ကျူးနေသော ခရစ်ယာန် ဓမ္မဆရာ များနှင့် အဆွယ် ကောင်းရာသို့ ခိုအောင်းမိသူများ အနေဖြင့် အမှန်တကယ် မေတ္တာ ကရုဏာ ရှိသော ဘုရားရှင်အား သက်ဝင် ခိုကိုး ယုံကြည်နိုင်ပါစေ-ဟု မေတ္တာပို့မိပါသည်။
အပြစ်မဲ့ လူသားတို့အား အနိုင်ကျင့် မျိုးတုံးသတ်ဖြတ်ရန် လိုလားသည့် သွေးဆာနေသော ဘုရားမျိုးအား ခိုးကိုး သက်ဝင်နေခြင်းဖြင့် မေတ္တာထားတတ်ခြင်း စိတ်၊ နူးညံ့သိမ်မွေ့သည့်စိတ် မည်သည့်အခါမှ ကူးစက်ရရှိလာမည် မဟုတ် ဆိုသည်ကို ခိုအောင်းသွားသူများ ဆင်ခြင်စေ လိုပါသည်။

ဆက်လက်တင်ပြပါမည်။
ကျွန်ုပ်ကိုရင်မိုးတွင် ရေးစရာ ပြောစရာများ များစွာ ရှိပါသည်။ သို့သော်-ဤ သမ္မာဌိဒိ ပို့စ်၏ ရည်ရွယ်ချက်နှင့် အညီ လူပုဂ္ဂိုလ်အား အမုန်းထား၍ တင်ပြသကဲ့သို့ မဖြစ်စေရန်၎င်း၊ မိမိ ဘက်မှ စတင် တိုက်ခိုက်ခြင်း မဖြစ်စေ ရန်နှင့် လူယုတ်မာများ၏ အမှန်တကယ် ကြံစည်မှုများ အား ကွာကွယ်နိုင်စေရန်၎င်း-ချင့်ချိန်ရသဖြင့်၊ ပို့စ်တင်ခြင်း အချိန်ယူရသည်ကို စာဖတ်သူများ နားလည်ပေးစေ လိုပါသည်။

ကိုရင်မိုး

No comments:

Post a Comment