Showing posts with label ကျွန်တော်တွေ့ဘူးသော ပုဂ္ဂိုလ်များ. Show all posts
Showing posts with label ကျွန်တော်တွေ့ဘူးသော ပုဂ္ဂိုလ်များ. Show all posts

Thursday, January 21, 2010

ကျွန်တော်တွေ့ဘူးသော ပုဂ္ဂိုလ်များ (၂)

(၅) အင်ဂျီအိုတွင် အလုပ်လုပ်နေသူ တစ်ဦး-သူသည် မွန်-ကရင် ကပြား တစ်ဦးဖြစ်သည်။ ခရစ်ယာန်အင်ဂျီအို တစ်ခုတွင် အလုပ်လုပ်နေသည်။ သူ့ဇနီးမှာ ခရစ်ယာန်ဖြစ်သည်။ သူ သည် စိတ်ကောင်းရှိ၍ အလိုက်သင့် ပေါင်းသင်းဆက်ဆံမှု ရှိသူဖြစ်သည်။ သို့သော် သူသည် ဗုဒ္ဓဘာသာမှ ပြောင်းခြင်း မရှိပေ။ သူသည် လည်း ခရစ်ယာန်လူယုတ်များ၏ ပုတ်ခတ်ပြောဆိုခြင်းအား အမြဲပြန်ပြောလေ့ရှိသည်။ သို့သော် (၁) တွင် ပြောခဲ့သည့် တောင်ပိုင်းသား မိတ်ဆွေနှင့် မတူချေ။ တောင်ပိုင်းသား မိတ်ဆွေက သူတပါးအား ပြန်ပြောသော အခါတွင် မျက်နှာကြောတင်းတင်းနှင့် ပြောလေ့ ရှိပြီး။ သူ့မှာ ပြုံးရယ်လျှက်သာ ပြန်ပြောလေ့ရှိသည်။ ဘန်ကောက်လောကတွင် သူတစ်ပါးအား ကူညီတတ်သူဖြစ်ပြီး- ဘယ်သူက ဘယ်ဘာ သာသို့ ပြောင်းလဲသော်လည်း သူစိတ်ဝင်စားခြင်း မရှိချေ။ သူ့ရှေ့တွင် မွန်လူမျိုးတစ်ဦး ဘ၀တာပြောင်းလဲသွားခြင်း (ရေငုတ်သွားခြင်း) ကိုပင် ကန့်ကွက်ပြောဆိုခြင်း မရှိပေ။

သူ့အား ကျွန်တော်မမေ့နိုင်သော အကြောင်းအရာ ပေါ်ပေါက်ခဲ့ပုံမှာ- တနေ့ သူနှင့် ကျွန်တော် ခရီးတခုသို့ လမ်းကြုံစဉ်- ကျွန်တော်က သူ့အား ဟို မွန်လူမျိုးတောင် ဘ၀တာ ပြောင်းလဲသွားပြီ (ရေငုတ်သွားပြီ) ခင်ဗျားရော ဘ၀တာ ပြောင်းလဲဘို့ စိတ်မကူးဘူးလား၊ ခင်ဗျားက ခရစ်ယာန်အကြောင်း သိနေပြီပဲ-ဟု ပြောလိုက်ရာ- သူက ကျွန်တော့အား ခရစ်ယာန်အစစ်ထင်၍- ငုတ်တာပေါ့ကွ၊ ရေတစ်ခါ ငုတ်ရင် ငါး ဆယ်ပုလင်းလောက်ရတယ်။ အဲ့ဒီတုံးက ငါ ခဏခဏ ငုတ်တယ်။ အခုတော့ ဘန်ကောက်မှာ ငါးလည်း မရှိတော့ဘူး။ ရေငုတ်မယ့် နေရာလည်း မရှိတော့ဘူး´ ဟု ပြောင်စပ်စပ်ပြန်ပြောတော့သည်။

ကျွန်တော်က ပြုံးလျှက် ခင်ဗျား ဘာကို ဆိုလိုတာလဲဟု မေးကြည့်ရာ- သူက မင်း ထိုင်းနိုင်ငံကို ရောက်တာ ဘယ်လောက်ကြာပြီလဲ။ ဟု မေးသည်။ ကျွန်တော်က ၁၀ နှစ်ခန့် ရှိပြီဟု ဖြေလိုက်သည်။ ထိုအခါ သူက မင်းက ငယ်သေးတယ်၊ ငါက နှစ် ၂၀ ကျော်ပြီ။ လွန်ခဲ့တဲ့ နှစ် ၁၀ လောက်ထိ၊ မင်းမရောက်ခင်ထိ- ဘုရားကျောင်း တစ်ကျောင်းမှာ ရေတစ်ခါ ငုတ်ရင် ဘတ် ၁၅၀၀ ရတယ်။ အဲ့ဒီတုံးက ငါး (မူးယစ် ဆေးတမျိုး) တစ်ပုလင်းကို ဘတ် ၁၅၀ လောက်ပေးရတယ်။ ငါတို့ ငါးသောက်တယ်လေ။ ငါးသောက်ဘို့ ပိုက်ဆံ မရှိတိုင်း- ဘုရား ကျောင်း တစ်ကျောင်းစီ ရေလှည့်ငုတ်တယ်။ ငါ့လို လူတွေက အများကြီးပဲ-။ နောက်- ရေငုတ်တာ ဘုရားကျောင်းကုန်လာတော့- ဘုရား ကျောင်းတွေ ထပ်ကုန်တယ်။ ထပ်လာတဲ့ လူတွေများတော့- ခရစ်ယာန်တွေ သိကုန်တယ်။ နောက်ပိုင်းမှာ ခရစ်ယာန်ကိုဝင်ရင် (ရေငုတ် ရင်) ဘတ် ၁၅၀၀ မပေးတော့ဘူး။ ငါလည်း ရေမငုတ်တော့ဘူး ပေါ့ကွာ။ အခု ငါလည်း ငါး မသောက်တော့ဘူး။ ဟု ပြန်ပြောလေသည်။ ထို့နောက်- မင်းကိုတော့ အားနာပါတယ်ကွာ။ ငွေရလို့ တကယ်ယုံသွားတဲ့ လူတွေလည်း ရှိတာပေါ့။ တချို့ဆိုရင် နိုင်ငံခြားကိုတောင် ရောက်ကုန်ပြီ- ဟု ဆက်ပြောပါသည်။ ထို့နောက်- ဆက်ပြောသေးသည်မှာ- အခု မင်းတို့ ခရစ်ယာန်တွေ ပေါ်လစီ ပြောင်းထားပြီ မဟုတ် လား- ငါသိပါတယ်--ဟဲဟဲ၊ ငါက ခရစ်ယာန် အင်ဂျီအိုမှာ လုပ်နေတာကွ။ ဟု ဖြစ်သည်။

ကျွန်တော့ စိတ်ထဲတွင် ထိုလူ၏ ဗုဒ္ဓဘာသာအား မပျက်ခဲ့မှုအတွက် ကျေးဇူးတင်မိသည်။ ထို့ပြင် သူ့ဆီမှ သိလိုက်ရသည်မှာ ခရစ်ယာန် များသည် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ စတင်ထွက်ခွာလာသည့် အချိန်အစောပိုင်းက- ငွေအလုံးအရင်းကို သုံး၍ ကျားပါးစပ် ဟ၍ စောင့်နေခဲ့သကဲ့သို့ စောင့်နေခဲ့ပါကလား။ ခရစ်ယာန်ထဲသို့ ၀င်သူတစ်ဦးအား ငွေဖြင့် မြှူဆွယ်ခဲ့တယ်ပါကလား။ သူတို့ ကူညီမှုမှာ ဖြူစင်ခြင်း မရှိပါကလား-ဟု သိလိုက်ရသည်။ ထိုသို့ မြှူဆွယ်ရာသို့ ဘုမသိဘမသိဘဲ ဘယ်လောက်များ ပါသွားခဲ့ပါလိမ့် (အမှန်တကယ် လေ့လာ၍ မိမိကြိုက်နှစ်သက်ရာသို့ ကူးပြောင်းခြင်းအား မဆိုလိုချေ။) စိတ်မကောင်း ဖြစ်ရပေသည်။

(၆) ကယန်းလူမျိုး ခရစ်ယာန် (ကက်သလက်) တစ်ဦး- သူသည် ခရစ်ယာန် အယူသည်းသူ ဖြစ်သည်။ သို့သော် လူမှုရေးတွင် ဟန် ဆောင်ကောင်းသူ ဖြစ်သည်။ ကယန်း (ကရင်နီ) ထဲမှ နာမည်ကြီးသူတစ်ဦးနှင့် အမျိုးမကင်း ဖြစ်သည်။ သူသည် နယ်စပ်ဒေတွင် ခရစ်ယာန် သာသနာပြုရန် ပရိုပိုဆယ်တင်၍- ခရစ်ယာန်မက်ရှင်းမှ ထောက်ပံ့ခဲ့သည်။ ထိုငွေဖြင့် ဗုဒ္ဓဘာသာ မုန်းတီးရေး၊ ဗမာလူမျိုးကြီး ၀ါဒ မုန်းတီးရေးများကို အကြီးအကျယ် ဆော်အောသူ ဖြစ်သည်။ ယခုအခါ- ဗုဒ္ဓဘာသာမုန်းတီးရေး။ ကုလား-ဗမာ ရန်တိုက်ရေး လုပ် ဆောင်ချက်များကို လုပ်နေသူထဲမှ တစ်ဦး ဖြစ်သည်။ သို့သော် သူ၏ လုပ်ဆောင်ချက်များကို အလွန်လျှို့ဝှက်တတ်ပြီး၊ ကြောင်သူတော် ကဲ့သို့ နေလေ့ရှိသည်။ သူ အဓိက လုပ်ဆောင်သည်မှာ ဘုန်းကြီး အမည်ခံ၍- ကုလားမုန်းတီးရေးကို လှုံဆော်ခြင်း ဖြစ်သည်။ သူ၏ အမည်ကို မဖေါ်ပြလိုသေးပါ။ သူ၏ အရေးအသားတွင် မူဆလင်တို့၏ ဘုရား ကို အာလာ ဟု ရေးလေ့ရှိသည်။ အာရဗီ စကားဟူသော နေရာတွင် အာရာမက် စကားဟု ရေးလေ့ရှိသည်။ ဘုန်းကြီးအမည်ကို သုံး၍ သူတပါးဘာသာအား စော်ကားနေခြင်းမှာ ဗုဒ္ဓဘာသာအား အလွဲသုံးစားပြုလုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ကျွန်တော် မမေ့နိုင်သူများထဲတွင် အပါအ၀င် ဖြစ်သည်။

(၇) ခရစ်ယာန်သမိုင်းဖြင့် ဘွဲ့ရထားသော ဓမ္မဆရာ တစ်ဦး- သူသည် မြေပြန့် ကရင် လူမျိုး ဖြစ်သည်။ သူသည်- ကျွန်တော်တွေ့ဘူး သမျှ သော ခရစ်ယာန်ဆရာများထဲတွင် အကောင်းဆုံး ဖြစ်သည်။ ခရစ်ယာန်သမိုင်းကို စုံစုံလင်လင်သိသည်။ ဗမာမုန်းတီးစိတ်၊ ကုလား မုန်း တီးစိတ် လုံးဝ မရှိပေ။ ဗမာရည်လည်သည်။ ဗမာများကို ချစ်သည်။ သူ့ပြောစကားများမှာ အလွန် မှတ်သားဘွယ် ဖြစ်သည်။

သူ့တွင် ခရစ်ယာန် ဖြစ်သည်ဟူ၍ ဖန်ဆင်းရှင် ရှိကြောင်းကို ခိုင်ခိုင်မာမာ ယုံကြည်မှု တခုတည်းသာ ရှိသည်။ သမ္မာကျမ်းစာကိုလည်း ဘ၀င်ကျခြင်း မရှိသည်ကို တွေ့ရသည်။ သူသည် ကရူးဆိတ် သင်တန်းဆရာ မဟုတ်ပေ။ ဘုရားကျောင်းသို့လည်း မလာပေ။ သူနှင့် ကျွန်တော် အခြားနေရာတွင် ဆုံဘူးခြင်း ဖြစ်သည်။ စကားကြုံလျှင်- သူက ခရစ်ယာန်တွေရဲ့ သမိုင်းကို ငါ ဓမ္မဆရာတဦးအနေနဲ့ မပြော သင့်ဘူး။ အချင်းချင်း သတ်ခဲ့တာတွေ အများကြီး။ ရက်ရက်စက်စက်ကို သတ်ခဲ့တာ။ အခြားဘာသာတွေကိုလည်း ဖာသာတွေက အရမ်း မုန်းတယ်။ ဒီလူတွေ ဘုရားကို လိမ်နေကြတယ်။ မုန်းဘို့- သွေးထိုးဘို့၊ သတ်ဘို့၊ ရန်ဖြစ်အောင်လုပ်ဘို့၊ နေရာလုဘို့၊ အာဏာလုဘို့။ ဘာ သာရေးကို အကြောင်းပြ နိုင်ငံရေး အာဏာရအောင် လုပ်ဘို့ပဲ ကြိုးစားနေတယ်။ မြန်မာပြည်အတွက်လည်း ငါစိတ်မကောင်းဘူး။-ဟု ပြောလေ့ရှိသည်။

ငါ ဓမ္မဆရာ လုပ်မစားချင်ဘူး၊ အခြားအလုပ် တခုရရင် လုပ်ချင်တယ်။ ကျောင်းဆရာ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်- ငါလုပ်နိုင်တယ်။ ကလေး တွေကို ပညာတတ်အောင် သင်တာပဲ ကောင်းတယ်။ ဟု လည်း ပြောလေ့ ရှိသည်။ ယခု ထိုဆရာမှာ နိုင်ငံခြား တိုင်းပြည်သို့ ထွက်သွား လေပြီ။

ထိုဆရာ သွားကာနီးတွင်- မိရိုးဖလာ ယုံကြည်နေတဲ့ ခရစ်ယာန်တွေကို ငါသနားတယ်။ ခရစ်ယာန် ဆရာတွေရဲ့ အခုလုပ်နေတဲ့ ပေါ်လစီ က- ခြေချော်လက်ချော် ဖြစ်ရင်- ဘာမသိညာမသိတဲ့ ခရစ်ယာန်တွေ ဒုက္ခရောက်တော့မယ်။ အခုလည်း သူတို့ရဲ့ မှိုင်း တော်တော်မိနေပြီ။ ဒီဆရာတွေက- တယူသန်တွေ။ ဒါပေမယ့် သူတို့က ငွေရှိတယ်။ အင်္ဂလိပ်ကို အထင်ကြီးတယ်။ အင်္ဂလိပ်ဆီက အကူအညီတွေကို လက် ခံနေတယ်။ သူတို့နောက်မှာ အင်အားကောင်းတယ်။ ငါ-တော့ ဘာမှ မတတ်နိုင်ဘူးဟု စိတ်မကောင်းဖြစ်လျှက် ပြောသွားပါသည်။ ငါက မြန်မာနိုင်ငံမှာပဲ နေချင်တယ်။ ပြေးစရာ မြေမရှိတော့လည်း နိုင်ငံခြားကို သွားရမှာပေါ့။ ဒါပေမယ့် နိုင်ငံခြားတော့ အထင်မကြီးဘူး။ ဟိုရောက်ရင် ဓမ္မဆရာလည်း မလုပ်တော့ဘူးဟု ပြောသွားပါသည်။ (သူသည် အနောက်နိုင်ငံ ခရစ်ယာန် တက္ကသိုလ်မှ သမိုင်းနှင့် ဘွဲ့ ရသူ ဖြစ်သည်။ အကယ်၍ နိုင်ငံခြားတွင် ဓမ္မဆရာလုပ်လိုလျှင်လည်း သူ့တွင် အရည်အချင်း ရှိနေသည်။)

ထိုဆရာကဲ့သို့ ပုဂ္ဂိုလ်အား ခရစ်ယာန်လောကတွင် ရှားသည်။ ဆရာအများစုမှာ ဗမာမုန်းစိတ်၊ ဗုဒ္ဓဘာသမုန်းစိတ် လွန်စွာ ကြီးမားသည်။ ထို့ပြင်- မဟုတ်မတန်ရာ ကြံစည်မှုများကို နေ့စဉ် ကြံစည်လျှက်ရှိ။ ဗုဒ္ဓအား နေ့စဉ် ပုတ်ခတ်လျှက် ရှိသည်။ ဗုဒ္ဓဘာသာ ပျက်ဆီး ဆုတ် ယုတ်ကြောင်းကို နေ့စဉ် ကြံစည်လျှက် ရှိသည်။ သူတပါး ဘာသာအား ပျက်စီး ဆုတ်ယုတ်ရေး နေ့စဉ် ကြံစည်နေမှုသည်ပင် သူတို့၏ အကျင့် စာရဏ ဖြစ်လေသည်။ ၄င်းကို ကုသိုလ်ရသည်ဟု ယုံကြည်နေလေသည်။

ဗုဒ္ဓဆင်းတုတော်များအား အားမနာပ ပြုလုပ်ခြင်း၊ ရဟန်းသံဃာပုံတော်များအား အားမနာပ ပြုလုပ်ခြင်းနှင့် အခြားဘာသာတို့၏ အထွဋ် အမြတ်ထားသည့် ပုဂ္ဂိုလ်တို့အား အားမနာပ ရိုင်းစိုင်းစွာ သရော်ပြောင်လှောင်ခြင်းများသည် ခရစ်ယာန်လူယုတ်မာများမှ ပြုလုပ်ခြင်း ဖြစ် သည်။ ဗုဒ္ဓဘာသာသည် အခြားဘာသာတို့၏ ဆင်းတု ပုံတော်များကို စော်ကားသည့် အလေ့ မရှိပေ။ ခရစ်ယာန်မှလွဲ၍ အခြား ဘာသာ တို့သည်လည်း အခြားဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ဆင်းတုတော်များအား အားမနာပ ရုပ်ပုံများ ဆွဲ၍ သရော် လှောင်ပြောင် သည့် အလေ့ မရှိချေ။ ခရစ်ယာန် လူယုတ်မာများသည် မူဆလင်တို့၏ တမန်တော် မဟာမတ် ပုံဟူ၍ ကာတွန်းဆွဲ စော်ကားခြင်းကို ခရစ် ယာန်များက ဟိုးလေးတစ်ကျော် ပြုလုပ်ခဲ့သည့်တိုင်- မူဆလင်များက ယေရှု၏ ပုံဟူ၍ ပြန်၍ သရော်စော်ကားခဲ့ခြင်း မရှိသည်ကို တွေ့ရ သည်။ မူဆလင်များသည် သူတို့အား စော်ကားခြင်းကို စော်ကားသူ- ထောက်ပံ့သူ များကိုသာ ပြန်လည်တုန့်ပြန်သော အလေ့ရှိကြောင်း တွေ့ရသည်။ ထိုကဲ့သို့ အလားတူ- ခရစ်ယာန် လူယုတ်မာများသည် ဟေလီးဝုဒ် ဗုဒ္ဓဟု အမည်ဖြင့် ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းပေါ်တွင် ဟောလီးဝုဒ် မင်းသားတစ်ယောက် ထိုင်နေသော ပုံကို ကမ္ဘာသိအောင် ပြုလုပ်ခဲ့သည်။ သို့သော် ဗုဒ္ဓဘာသာများမှာ ယေရှုပုံအား တန် ပြန် ပြုလုပ်ခြင်း မရှိချေ။- ဟောလိဝုဒ် ဗုဒ္ဓပုံသည် ဗုဒ္ဓဘာသာတို့အား စော်ကားသောကြောင့်- ဆက်လက် မပြုလုပ်ရန် ပြုလုပ်သူများအား ဆန္ဒပြခဲ့ခြင်းသာ ရှိသည်။

ကျွန်တော် ထုတ်ဖေါ်နေသည်အား မယုံလိုလျှင်လည်း- စာဖတ်သူများ အနေဖြင့် ခိုင်လုံသော အထက်ပါ သမိုင်း အထောက်အထားများ အား သမာဒိဌိ မှန်ကန်သော အမြင်ဖြင့် ဆင်ခြင်စေလိုပါသည်။ ခရစ်ယာန်များသည် အထူးသဖြင့် မြန်မာပြည်သား ခရစ်ယာန်များသည် သူတစ်ပါး၏ နာမည်အား အလွဲသုံးစားလုပ်လျှက် ခိုးကြောင်ခိုးဝှက်ဖြင့် (ခရစ်ယာန်မှ ပြုလုပ်နေသည်ဟု မထင်စေရန်) ပြုလုပ်လေ့ရှိ သည်။ သို့သော် သူတို့၏ ရေငုတ်နေခြင်းမှာ လူမပေါ်မှီ မစင်ပေါ် ဟုသာ ဖြစ်နေတော့သည်။

ဆက်လက်တင်ပြပါမည်။

ကိုရင်မိုး

Friday, January 15, 2010

ကျွန်တော်တွေ့ဘူးသော ပုဂ္ဂိုလ်များ

ဤနေရာတွင် ဖေါ်ပြသော ပုဂ္ဂိုလ်များမှာ ကျွန်တော်သည် ခရစ်ယာန် ဘာသာအား စတင်လေ့လာချိန်မှ ယခုအထိ မှတ်မှတ်ရရ ရှိနေသော ပုဂ္ဂိုလ်များကို ဆိုလိုခြင်း ဖြစ်သည်။ (နာမည်များကို ဖေါ်မပြသော်လည်း- ဘန်ကောက်တွင် ကျက်စားခဲ့သည့် ခရစ်ယာန်များသည် ကျွန်တော်ရေးသော အကြောင်းအရာပါ ပုဂ္ဂိုလ်များအား သိလောက်သည်။)

(၁) လူငယ်တစ်ဦး- မြန်မာနိုင်ငံ တောင်ပိုင်းသား ဖြစ်ကြောင်း သူပြောသော စကားလေသံဖြင့် သိနိုင်သည်။ သူသည် ကျွန်တော့ထက် ထိုင်းရည်လည်သည်။ ခရစ်ယာန်ထဲသို့ ကျွန်တော့ထက် အလျှင်ရောက်နေသူလည်း ဖြစ်နိုင်သည်။ ပြောချင်ရာကို မအောင့်နိုင်ဘဲ ဇွတ် ပြောလေ့ ရှိသည်။ ကရူးဆိတ်သင်တန်း နှင့် ကျမ်းစာ သင်တန်းများတွင် အငြင်းထူသူ ဖြစ်သည်။ ဗုဒ္ဓသာသနာမှ ပြောဆိုသော သုံးဆယ့် တစ်ဘုံ အကြောင်း နိဗ္ဗာန် အကြောင်းများ အား ဓမ္မဆရာမှ မဟုတ်မမှန်ဟု သုံးသပ်ပြသော အခါမျိုးတွင် သူ၏ မျက်နှာမှာ ဟန်ဆောင်၍ မရနိုင်လောက်အောင်ပင် အမူအယာ ပျက်နေသည်ကို တွေ့ရသည်။ ဘောင်းဘီရှည် အနက်ရောင်၊ အကျီလက်ရှည်အဖြူ၊ နက်တိုင်ဆွဲ၍ ဘုရားကျောင်းသို့ လာလေ့ရှိသည်။ ကျွန်တော်မှတ်မိသလောက်-
ကရူးဆိတ်သင်တန်းတွင်- ဗုဒ္ဓဘာသာအား ဝေဖန်သောအခါ- ဗုဒ္ဓအား အကြီးအကျယ် ပုဂ္ဂိုလ်ရေး စော်ကားသော စကားလုံးများအား သူ စိတ်ဆိုးလေ့ရှိသည်။ သင်တန်းဆရာက ဗုဒ္ဓသည် ၀က်သားစား၍ ၀မ်း ရောဂါဖြစ်၍ အသေဆိုးနှင့် သေခဲ့သည့် အတွက် ဘုရား မဖြစ်နိုင် ယေရှုသည်သာ ဘုရားဟူသော ဂုဏ်အင်္ဂါနှင့် ညီညွတ်သည် ဟု ဆိုသောအခါ- သူက ယေရှုလည်း ကားစင်ပေါ်မှာ အသေဆိုးနဲ့ စိမ်းသေ သေ တာပဲ မဟုတ်လား- ဘယ်လို ဘုရားဖြစ်နိုင်မလဲ၊ ဟု ပြန်ပြောခြင်း၊
ပိဋကတ်ကျမ်းသည် ကျမ်းစစ်မဟုတ်- ဟိုတစ်မျိုး ဒီတစ်မျိုးရေးထားတာ၊ ကထာဝတ္ထုဆိုရင် နောက်မှ ဖြည့်စွက် ထားတာ။ ဗုဒ္ဓဃောသ ရဲ့ အာဘော်တွေချည်းပဲ-လို့ ထောက်ပြသည့် အခါ- သူက သမ္မာကျမ်းစာလည်း ဟိုတစ် မျိုး ဒီတစ်မျိုးပဲ- မဿဲရေးတာနဲ့ လုကာရေးတာမှာ မတူတာတွေ အများကြီး ရှိတယ် ဆိုပြီး ကျမ်းချက် ထောက် ပြတာမျိုး (သူလက်ထဲမှ ကျမ်းစာအုပ်အား လှန်ပြသည့်ရာ ကျွန်တော်နှင့် အလှမ်းဝေးသည့်အတွက် ကျမ်းချက်များကို မမြင်ရပါ)- သမ္မာကျမ်းစာလည်း ရှင်ပေါလုရဲ့ လက်ချက်ပဲ- မဟုတ်လား၊ ကျွန်တော် စာတွေ ဖတ်ထားပါတယ်-ဟု ခံပြောခြင်း-။

ဗုဒ္ဓဘာသာက ရုပ်ပွားကိုးကွယ်တဲ့ ဘာသာလို့ ဆရာက ပြောသောအခါ- သူကလည်း ဒါဆို ခရစ်ယာန် အိမ်တွေက ယေရှုပုံကို ခေါင်းရင်း ခန်းမှာ ထား ဆီးမီးပူဇော်- ပန်းဆက်ကပ် လုပ်နေတာတွေက ဘာဖြစ်လို့လဲ-ဟု ပြန်မေးခြင်း။
ဂေါတမက ကုလားပဲလို့ ပြောတဲ့အခါ- သူက ယေရှုကကော ဗမာလားလို့ မေးတာမျိုး-- ကို တွေ့ရပေသည်။
သင်တန်းပြီး- အပြန်လမ်းတွင်လည်း- ဘုရားကျောင်းခြံထဲကပင် မထွက်သေး- ငါ- ရေငုတ်မိတာ မှားပြီ လားမသိ၊ လူတွေကို ငတုံးတွေလို့ ထင်နေတယ်။ ဟိုဘာသာ ပုတ်ခတ်၊ ဒီဘာသာ ပုတ်ခတ်- မူဆလင်တွေကို ဆိုလည်း ရစရာ မရှိအောင်ပြော- ဘယ်လို အကောင်တွေက ဓမ္မဆရာ ဖြစ်နေမှန်း မသိဘူး ဟု အော်ကျယ် အော်ကျယ် ပြောသွားလိုက်သေးသည်။
ဂေါတမက တောမထွက်ခင် မိန်းမတွေ အများကြီးယူခဲ့လို့- ဗုဒ္ဓတရားတော်အရ ကောက်ယူသော် နောင်ဘ၀တွင် အခြောက်ကြီး ဖြစ်မယ် (မိန်းမလျှာကြီး ဖြစ်မယ်) လို့ ပြောသူများကိုလည်း-- မင်းတို့ ယေရှုက အခုဘ၀မှာတင် အခြောက်ကြီးဖြစ်လို့- မိန်းမမယူနိုင်ခဲ့တာလို့ ပြောသွားလိုက်သေးသည်။
နောက်နေ့သင်တန်းတွင်လည်း သူ့ကို တွေ့ရပြန်သည်။ သူက ပတ်ဝန်းကျင်ကို စောင်ပေပေကြည့်လေ့ရှိသည်။ ငါတော့ သဘောမကျတာ ရှိရင် မေးမှာပဲ။ ပြောမှာပဲ။ ဓမ္မဆရာတွေ ဘာတွေ ငါမသိဘူး-- ဟု ပြောနေလေ့ရှိ သည်။ ဘန်ကောက်မှာ နေတာကြာပြီ။ မကြောက်တတ် လို့ အသက်ရှင်နေတာ- ဘယ်သူ့ကိုမှ မကြောက်ဘူး-ဟုလည်း ခပ်တည်တည်နှင့် ပြောလေ့ရှိသည်။
သူ့အား ဓမ္မဆရာများက နောက်ကွယ်တွင် ကျပ်မပြည့်သူဟု ပုတ်ခတ်လေ့ရှိသည်။ သို့သော် ကျွန်တော့ စိတ်ထဲတွင် သူ့အား ကြိတ်၍ လေးစားမိသည်။ ထိုင်းနိုင်ငံ ခရစ်ယာန်အုပ်စုထဲတွင်- အသက်တစ်ချောင်းမှာ အထောက်အထား မရှိဘဲ ပျောက်သွားနိုင်သည်။ သို့သော် သူကား မကြောက်၊ သူ မကြောက် ကြောင်းလည်း မကြာခဏ ပြောလေ့ရှိသည်။
သင်တန်း ၂ ကြိမ်တွင် သူ့ကို ဆုံဘူးသည်။ ကျွန်တော်က သူ့အား မိတ်မဖွဲ့ပါ။ ကင်းကင်းရှင်းရှင်း နေပါသည်။ နောက်ပိုင်း သူ ဘုရား ကျောင်းသို့ မလာတော့သည်မှာ ၂ နှစ်ခန့်ရှိသွားပြီ ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ယောက် ကျန်းကျန်းမာမာ ရှိပါစေဟု အမြဲဆုတောင်းပေး နေမိ သည်။
(၂) စိတ်ကောင်းရှိသော ဓမ္မဆရာ တစ်ဦး။- ကချင်လူမျိုး ဖြစ်ဟန်ရှိသည်။ ဗမာရည်လည်သည်။ ပညာ တတ်ဆန်သည်၊ စကားပြော ကောင်းသည်။ သင်တန်းများတွင် ဗုဒ္ဓ၀ါဒပျောက်ကွယ်ရေး၊ ဘုန်းကြီးဝါဒ ပျောက်ကွယ်ရေး၊ မူဆလင်မုန်းတီးမှု ဆော်သြရေးများ ပြောဆို ပို့ချနေစဉ်တွင် သူဝင်လာ၍- ဆရာတို့က ဓမ္မ ဆရာတွေလား၊ ဓါးမ ဆရာတွေလား ဆိုတာ သတိထားပါဦးဟု- ပြောင်စပ်စပ် နောက် နောက် တောက် တောက်နှင့် ပြောလေ့ရှိသည်။ သူ့ပါးစပ်မှ ဘာသာခြားမုန်းတီးရေး- များကို မကြားဘူးပေ။ သူသိသော တရားကို သူ ဟောသည်။ သူအယူနှင့် သူ ကျေနပ်နေသည်။ တွေ့သူတိုင်းကို ဟန်ဆောင်အပြုံး မဟုတ်သော အပြုံးဖြင့် ဖေါ်ရွေလေ့ရှိသည်။ ဓမ္မ ဆရာများတွင် အလွန်ရှားပါးသော အမူအယာရှိ၍- သူ့အား စိတ်ကောင်းရှိသူ၊ ကျွန် တော် သုံးသပ်မိသည်။ သူ့ကြောင့် လူ တစ်ဦးနှင့် တစ်ဦး ဘာသာတစ်ခုနှင့် တစ်ခု အမုန်းစိတ် မဖြစ်ပေါ်စေ ခြင်းကြောင့် သူ့အား ကျေးဇူးတင်မိသည်။
(၃) အိန္ဒိယမျိုးနွယ် ခရစ်ယာန် အမျိုးသမီးတစ်ဦး- သူသည် တမီးလ် အမျိုးသမီးကြီး ဖြစ်သည်။ ဘာသာတရား၌ အလွန်းကိုင်းရှိုင်းသည်၊ ဘုရားကျောင်းသို့ မပျက်မကွက် လာလေ့ရှိသည်။ ဓမ္မသီချင်းဆို- မြူးကြွသော အချိန်တွင် သူ့ကိုယ်သူ ထိမ်းမရအောင် ဈာန်ဝင်နေလေ့ ရှိသည်။ သူယုံကြည်သော ဘုရားအား သူတကယ်ယုံကြည်ခြင်း ဖြစ်သည်။ သူသည် အခက်အခဲရှိသည်ဟု တွေ့သူတိုင်းကို ဖြူဖြူစင်စင် တတ်နိုင်သမျှ ကူညီလေ့ရှိသည်။ သူ့ဘာသာကောင်းကြောင်း ပြောသည်မှအပ အခြားဘာသာများကို ပုတ်ခတ်လေ့ မရှိချေ။ ဓမ္မဆရာ များက သူ့အား ချစ်ခင်ဟန်ဆောင်ခြင်းသာ တွေ့ရသည်။ သူ၏ အသားအရောင်ကြောင့်လား၊ သို့မဟုတ် သူ၏ အိုဗာအက်ရှင်း- ယုံကြည် မှုလွန်ကဲသောကြောင့်လား မသိရချေ။ သူသည်လည်း ခင်မင်ရန် ကောင်းသော အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။ သူ့ကဲ့သို့ အခြားသော မြောက်များစွာ ရိုးရိုးရှင်းရှင်း သက်ဝင် ယုံကြည် နေသော လူထုကိုလည်း တွေ့ရပေသည်။ သို့သော် ကျောက်ငုတ်သည်ပင် နှဲ့ပါများလျှင် ယိုင်နဲ့ တတ်သကဲ့သို့- ရှေ့ဆောင် ဓမ္မဆရာမှ ဘာသာအားလုံးကို စုံစေ့စွာ လေ့လာပြီးသယောင်နှင့် ခရစ်ယာန်ဘာသာသည် အကောင်း ဆုံးဖြစ်ကြောင်း- ကျန်ဘာသာများ အထူးသဖြင့် ဗုဒ္ဓဘာသာ၏ ကံ-ကံ၏ အကျိုးအား တိုက်ရိုက် စကားလုံးဖြင့် ဗုဒ္ဓဘာသာသည် လုံးဝ အသုံးမကျ အသုံးမ၀င်သကဲ့သို့ တရားဟော စင်မြင့်ပေါ်မှ ပေါ်တင်ကြီး ပြောလေ့ ရှိသည့် အခါများတွင် လူအများစုမှာ အုတ်အော် သောင်းနင်း အားရ၀မ်း သာ ထောက်ခံနေသည်ကို တွေ့ရပေသည်။ ဤ အဖြစ်အပျက်များသည် မုသားမဟုတ်၊ ကျွန်တော် ဖေါ်ပြနေသော ဘုရားကျောင်းအား ဘန်ကောက် ခရစ်ယာန်အတွင်း ကျက်စားဘူးသူတိုင်း သိနိုင်လောက် သည်။ ထိုဘုရားကျောင်းသို့ သုံး၊ လေးကြိမ်ခန့် အလည်ရောက်ဘူးသူတိုင်း ကျွန်တော် ရေးသားသည်ကို အမှန်ဟု ၀န်ခံရမည် ဖြစ်သည်။ (ယခု ကျွန်တော် ဖေါ်ထုတ်နေ၍ ၄င်းတို့ အပြော အဆို ဆင်ခြင်နိုင်သော် လည်း- ၄င်းတို့ ပြောဆိုခဲ့သော အသံဖမ်း တိတ်ခွေများ ခွေ တစ်ရာကျော်ခန့် ရှိနေပြီ။ ဖျောက်ဖျက်မရ နိုင်သော အထောက်အထားများ ဖြစ်သည်။)
၎င်းဓမ္မဆရာများသည် စင်္ကပူ၊ ထိုင်း၊ အိန္ဒိယများသို့ မြန်မာပါ့စ်ပို့များနှင့် အကြာခဏသွားလေ့ရှိသည်။ ၄င်းတို့၏ ပါ့စ်ပို့ ကိုင်ထားမှုမှာ အံ့သြစရာပင်- မြန်မာ အစိုးရပိုင်းနှင့် မည်သို့ ဆက်သွယ်ထားသည်ကို မသိနိုင်လောက် အောင် ဖြစ်သည်။
(၄) ဧည့်သည်တစ်ဦး- မဲဆောက်တွင် တွေ့ဘူးသည်။ ဓမ္မဆရာ တစ်ဦး၏ အိမ်တွင် ဖြစ်သည်။ အရပ်မြင့်မြင့် အသား လတ်လတ်- ကွမ်း ယာ အလွန်ဝါးသူ ဖြစ်သည်။ သူနှင့် အခြား လူငယ်နှစ်ဦး ဓမ္မဆရာအိမ်သို့ ရောက် လာ သည်၊ ခရစ်ယာန်ကျမ်းစာအုပ် လိုချင်၍ဟု ဆိုသည်။
ဓမ္မဆရာက သူ့အား အအေးတိုက်၍ ဧည့်ခံသည်။ ထို့နောက် ကယ်တင်ခြင်း တရားကို ဟောသည်။ ထိုစဉ်က သူ့ပုံမှာ အထင်ကြီးစရာ မရှိသော ပုံဖြစ်သည်။ မုတ်ဆိတ်မွေး ၂ ပတ်ခန့် မရိပ်ထားဘဲ- ညစ်ပတ်နေသော အ၀တ် အစားဖြင့် ဖြစ်သည်။ ဓမ္မဆရာက သူသည် ငယ် စဉ်က ဗုဒ္ဓဘာသာဖြစ်ခဲ့ကြောင်း- မိဘစဉ်ဆက် ကိုးကွယ် သည်ကို မျက်ကန်းအယူဖြင့် မယုံလို၍ ဘာသာတရားများကို လေ့လာခဲ့ ကြောင်း ဘာသာတရား အားလုံးမှာ ကောင်းမွန်ကြောင်း- သို့သော် ခရစ်ယာန်မှာ အကောင်းဆုံးဖြစ်ကြောင်း- ဟောပြောလေသည်။ သူက ပြန် မပြောဘဲ နားထောင်နေသည်၊ သောက်မြဲ အအေးကို သောက်နေသည်၊ ထို့နောက်- ကျွန်တော် ဆရာ့ကို မေးချင်ပါ တယ်။ မမေးမှီ ဆရာ့ရဲ့ သတ္တိကို လေးစားကြောင်း ပြောချင်ပါတယ်။- လူတစ်ယောက်ဟာ- မိဘရိုးရာ ကိုးကွယ်ခဲ့တာကို စွန့်ပြီး- နောက်ဘာသာ တစ်ခုကို ပြောင်းရဲတဲ့ သတ္တိကို တကယ်လေးစားပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ကျွန်တော်လည်း အဲ့ဒီလို ဖြစ်ချင်ပါတယ်။-ဟု ဆိုသည်။
သူက ဓမ္မဆရာအား ဆရာသည် ဘာသာတရားတစ်ခုရဲ့ ဘာသာရေး ဆရာ ဖြစ်နေတာကြောင့် အမှန်တရားကို ပြောမယ်လို့ ယံကြည် ကြောင်း စကားခံလိုက်ကာ-
ဆရာက အမှန်တကယ် မိရိုးဖလာ ဗုဒ္ဓဘာသာတစ်ဦး တကယ်ဟုတ်ခဲ့ရလား- ဟုမေးသည်။
ဓမ္မဆရာက- ဟုတ်ပါတယ်။
ဒါဆို- ငါ့မိရိုးဖလာ ဗုဒ္ဓဘာသာက တကယ် မကိုးကွယ်အပ်တော့ဘူး- လို့ သိအောင်ထိ နက်နက်နဲနဲ လေ့လာခဲ့ ရဲ့လား။ ဟု ဆက်မေး သည်။
ဓမ္မဆရာ- လေ့လာခဲ့တာပေါ့။ ကံ-ကံ၏ အကျိုးဆိုတာ- လက်ခံနိုင်စရာမှ မရှိတာ။ လူတစ်ယောက်ဟာ မူးရူး သောက်စား နေပေမယ့်- မကောင်းတာတွေ လုပ်နေပေမယ့်- ထီပေါက်ပြီး ချမ်းသာ သွားသူတွေ အများကြီးပဲ-၊ ကံ-ကံ၏ အကျိုးဆိုရင်- ဒုက္ခပဲ ရောက်ရမှာပေါ့-- စသည်ဖြသည့် မြောက်များစွာ ဥပမာများကို ပေး၍ မနားတမ်း တရားများကို ဟောပါတော့သည်။ အနည်းဆုံး မီနစ် သုံး ဆယ်လောက် ကြမည်ထင်သည်။ (ထို လူလည်း သည်းခံနိုင်သူ ဖြစ်သည်။ စကားဆုံးအောင် နားထောင်နေသည်။) ဓမ္မဆရာ လေလျှော့လာတော့မှ-
ဒါဆို- ဗုဒ္ဓ ဆိုတဲ့ ဝေါဟာရရဲ့ အနက်အဓိပ္ပါယ်ကို ကျွန်တော့ကို ရှင်းပြပေးပါ-ဟု မေးတော့သည်။
ဓမ္မဆရာက- ဗုဒ္ဓဆိုသည်မှာ ဂေါတမရဲ့ ဘွဲ့ဖြစ်ကြောင်း၊ ဂေါတမကို ဗုဒ္ဓဟုခေါ်ကြောင်း ဂေါတမကို ကိုးကွယ်ရင်- ဗုဒ္ဓဘာသာ ဖြစ်ကြောင်း သုံးလေးလုံးလောက် ပြန်ဖြေပါသည်။ (ဓမ္မဆရာ၏ အဖြေမှာ ကျွန်တော် သိထားသည် ထက် ပို၍ စုံလင်သည်။) သို့သော်--
ထိုပုဂ္ဂိုလ်က- ဆရာပြောတာတွေက ကြားဘူးနားဝတွေပါ။ အမှန်တကယ် ဗုဒ္ဓဆိုတဲ့ အဓိပ္ပါယ်က- မနိမြင့်ဇူ (စာ လုံးပေါင်းမှားချင် မှားမည်၊ သူ့ အသံထွက် မှတ်မိသမျှ ရေးခြင်း ဖြစ်သည်) ကျမ်းမှာ- ဟု ဆို၍ ပါဠိများကို ရွတ် သည်။- ရှင်းပြသည်။ နောက်ကျမ်းမှာ-- ရွတ်ပြန်သည် ရှင်းပြ ပြန်သည်။ ဆက်တိုက်- ရွတ်သွားလိုက်သည့် ပါဠိများ- ကျွန်တော် မမှတ်မိနိုင်ပါ။--
ပြီးတော့ ဆရာ- အဲ့ဒါတွေကော သိရဲ့လား--။ ဟု မေးလိုက်သည်။ ဓမ္မဆရာက - ဒီလောက်တော့ ကျွန်တော် လည်း မသိဘူးဗျာ- ဖြေရ တော့သည်။-
သူက- ဒါဆို ဆရာက မိမိဘာသာ တစ်ခုကို နှိုက်နှိုက်ချွတ်ချွတ် မသိဘဲ။ မိမိပြောင်းလိုတဲ့ ဘာသာတစ်ခု တစ်ခုကိုလည်း နှိုက်နှိုက်ချွတ် ချွတ် မသိဘဲ ပြောင်းလိုက်တာလဲ။ ဆရာ့ အမေကို ဆရာ မျက်နှာ မထောက် ဘူးလား၊ ကျွန်တော်တော့ ဆရာ့မိခင်ကို အားနာလိုက်တာ ဗျာ-ဟု ပြော၍-။
ကဲ ဆရာ အခု ယုံကြည်နေတဲ့ သမ္မာကျမ်းစာက- ကျွန်တော် နဲနဲ မေးကြည့်မယ်ဟု ဆိုကာ- သမ္မာကျမ်းပါ အဆိုများကို မိရိုးဖလာ ခရစ်ယာန်များ မေးရန် ဖြေရန် ပြင်ဆင်ထားသည်များ- မဟုတ်ဘဲ၊ ဓမ္မဆရာကိုယ်တိုင် မဖြေနိုင်သော ကျမ်းချက်ပေါင်း များစွာအား လက်တန်း ရွတ်ပြောသွားပြန်သည်။
ဆရာတို့ လေ့လာနေတာတွေက သူတပါးကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဘို့- ဗုဒ္ဓ၀င် (ဗုဒ္ဓ၀ံသ)လို၊ မူဆလင်ကျမ်းတွေ ဆိုလည်း ဟာဒီး လို သမိုင်းဆရာတွေရဲ့ အာဘော်တွေ ဖတ်ပြီး- ဗုဒ္ဓကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်၊ မဟာမတ်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် လုပ်နေတော့ ဘာသာတရား ရဲ့ တကယ့် ဆိုလိုရင်းကို ဘယ်သိမလဲ။ တကယ့် တရား အစစ် ၀ိပသနာ တွေကို လေ့လာသင့်တယ်။ အဘိဓမ္မာ ပိဋကတ်ကို လေ့လာပါ။ မူဆလင်ကို လေ့လာရင်လည်း ကိုရမ်ကျမ်းကို လေ့လာပါ။ သမ္မာကျမ်းစာကို လေ့လာရင်လည်း ယေရှုပြောတဲ့ စကားအစစ်၊ ဘုရားပြော တဲ့ စကား အစစ်ကို လေ့လာပါ။- ဥပမာ သမ္မာကျမ်းစာထဲမှာ ပါတဲ့- ယေရှုကို လက်ဝါးကပ်တိုင် တင်ထားတော့- ဘေးက သူခိုးနှစ်ယေက် က ပြောတဲ့ စကားမျိုးကို ဘုရားဟောတဲ့ အဆုံးအမလို့ ယူလို့ ရမလား။ အဲ့ဒီ သူခိုး နှစ်ယောက်က ယေရှုကို ကဲ့ရဲ့ ပုတ်ခတ်တာပဲ မဟုတ် လား။ ဟု ဓမ္မဆရာအား တရားပြန်ဟော လေတော့သည်။
ဓမ္မဆရာသည် - ကျွန်တော့ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး--။
ထိုပုဂ္ဂိုလ်အား။ ခင်ဗျားနဲ့စကားပြောရတာ ကောင်းပါတယ်။ နောက်နေ့မှာ ဆက်ပြောကြရင် ကောင်းမယ်။ အချိန်လင့်သွားပြီ-ဟု စကားဖြတ်ရန် ကြိုးစားသည်။
ပါးနပ်လိမ္မာဟန်ရှိသော ထိုပုဂ္ဂိုလ်က- စကားအဖြတ်မခံဘဲ- သူပြောလိုရာကို ဆက်တိုက်ပြောလိုက်သေးသည်။ ဒါနဲ့- ကျွန်တော်က ဗုဒ္ဓဘာသာ မဟုတ်ဘူးနော်- ကျွန်တော်က မူဆလင်ဗျ။ ဆရာက ဗုဒ္ဓဘာသာက ခရစ်ယာန် လောက် မကောင်းဘူး ပြောလို့- ဘယ် လောက်များ လေ့လာထားသလဲလို့ မေးမိတာပါ။ ကျွန်တော်- ဆရာ့ကို ဓမ္မမိတ်ဆွေ တစ်ဦးအနေနဲ့ သတိပေးပါရစေ၊ ဆရာ- ကိုယ့် သာသနာကို ကိုယ်ပြုပါ- အပြစ်မရှိဘူး။ ဒါပေမယ့် သူများ ကိုးကွယ်ယုံကြည်တဲ့ ဘာသာကို မစော်ကား မိဘို့တော့ လိုတယ်။ လူ တွေမှာ mental need စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှုအတွက် ကိုးကွယ်မှု တစ်ခုတော့လိုတယ်။ ကျွန်တော်က မူဆလင် ဆိုပေမယ့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ အနေများတယ်။ ကျွန်တော်တွေ့ဘူးသလောက် ဘုန်းကြီးတွေက အခြား ဘာသာ မကောင်းကြောင်း မပြောဘူး။ ဗုဒ္ဓ ဘာသာထဲ ၀င်ပါလို့လည်း မဆွဲဆောင်ဘူး။ လူကြီးတစ်ယောက် နေရာက- အမြင် မတော်တာကို ဆုံးမ ပြောဆိုတာလောက်ပဲ ရှိ တယ်။ မူဆလင်လည်း ဒီလိုပဲ- ကိုယ့်အချင်း ချင်း- သူ့ အယူက ကောင်းတယ်၊ ငါအယူမှန် တယ်ပဲ ငြင်းနေတာတွေ့တယ်။ သူများ ဘာသာကို ၀င်မစွက်ဘူး၊ ဆရာတို့ကိုလည်း အဲ့ဒီလို ဖြစ်စေချင်ပါတယ်-ဟု ပြောကာ- ကျွန်တော့ကို ခွင့်ပြုပါဦးဟု ဆို၍ ထွက်သွားရန် ဟန်ပြင်တော့သည်။
ကျွန်တော်က- ဓမ္မဆရာအား ဆရာ ကျွန်တော် လိုက်ပို့ပေးလိုက်မယ်ဟု ဆို၍ ထိုပုဂ္ဂိုလ်အား အိမ်ခြံဝ အထိ လိုက်ပို့ပေးလိုက်သည်။ အိမ် ခြံဝ လမ်းခွဲကာချိန်တွင်- သူက ကောင်လေး မင်းကို ကြည့်ရတာ မလည်မ၀ယ်နဲ့ ခရစ်ယာန် ဖြစ်ဟန် မတူဘူး။ အချိန်ရရင် ငါ မင်းနဲ့ တွေ့ချင်တယ်။ ဒါပေမယ့်- ငါက ဘန်ကောက်မှာနေတယ်။ ရဲဖမ်းခံရလို့- ရောက်လာတာ။ အချုပ်ထဲမှာ ငတ်ပြတ်နေတော့- အအေး လေး ဘာလေး သောက်ရမလားလို့- ဒီကောင် (ဘေးမှ လူငယ်တစ်ယောက်အား လက်ညှိုးထိုး၍) ခေါ်လာလို့ လိုက်လာတာ။ သောက်ရတဲ့ အအေးနဲ့ ပြောရတာနဲ့ မတန်ဘူးကွာ-ဟု ရယ်ရယ်မောမော ပြောလျှက် ထွက်သွားတော့သည်။ (ကျွန်တော်သည် ထိုပုဂ္ဂိုလ်၏ စကား ပြောဟန်-နှင့် ပြောသွားသည့် အကြောင်းအရာများအား အလွန်စိတ်ဝင်စားသောကြောင့် အသေအချာ နားထောင်မှတ်သားထား ပါသည်။ ပြန်လည်တင်ပြရာတွင် လုံးစေ့ပတ်စေ့ တူညီနိုင်မည် မဟုတ်သော်လည်း- အကြောင်း အရာမှာ တူညီပါသည်။ ကျွန်တော့အား ခရစ်ယာန် အစစ် မဖြစ်ရန် ကူညီ လိုက်သူလည်း ဖြစ်သည်။) သူသာ ဖေါ်မပြောလျှင် သူသည် မူဆလင် တစ်ဦးဖြစ်သည်ဟု မည်သည့် နည်းနှင့်မှ မသိနိုင်ချေ။ သူ့စကားထဲမှ- ဘယ်အရာကို မဆို နှိုက်နှိုက်ချွတ်ချွတ် မသိဘဲ- ဘာသာပြောင်းခြင်းသည် အပေါ်ယံ ဆွဲဆောင်မှု နောက်သို့ ပါသွားခြင်း ဖြစ်သည်-မိမိ၏ ယုံကြည်မှု အပေါ် သစ္စာဖေါက်ခြင်း ဖြစ်သည် ဟူ သော စကားမှာ ကျွန်တော့ အနာဂါတ်အတွက် လက်ကိုင်တုတ် တစ်ခု ဖြစ်ခဲ့ရသည်။
(၅) အင်ဂျီအိုတွင် အလုပ်လုပ်နေသူ တစ်ဦး-
(၆) ကယန်းလူမျိုး ခရစ်ယာန် (ကက်သလက်) တစ်ဦး-
(၇) ခရစ်ယာန်သမိုင်းဖြင့် ဘွဲ့ရထားသော ဓမ္မဆရာ တစ်ဦး-
---------
ဆက်လက်တင်ပြပါမည်။
ကိုရင်မိုး