Sunday, January 17, 2010

သူတို့ ဖတ်နေသော စာအုပ်များ

ကျွန်တော်တွေ့ကြုံဘူးသော ပုဂ္ဂိုလ်များ- အခန်းဆက်ကို မဖေါ်ပြမှီ- သူတို့ ဖတ်နေသော စာအုပ်များ ခေါင်း စဉ်ဖြင့် အလျှင် တင်ပြလိုသည်။ သို့မှသာ မိမိတို့ ဗုဒ္ဓသာသနာမှ မဆီမလျှော် ပုတ်ခတ်မှုများအား မည်သို့ ကာကွယ်ရမည်ကို သိစေလိုခြင်းကြောင့် ဖြစ်သည်။

ကျွန်တော်အနေဖြင့် ယခုကဲ့သို့ ဖေါ်ပြနေခြင်းမှာ မြန်မာနိုင်ငံအတွင်း ရှိသော ခရစ်ယာန်များအပေါ် မလိုမုန်း ထား စိတ်ဖြစ်ပေါ်စေရန် မရည်စူးပါ။ ခရစ်ယာန်များတွင် ကောင်းသူများသည်လည်း ရှိကြောင်း ဆက်လက် ဖေါ်ပြပါမည်။ ၄င်းတို့၏ မလိုလားအပ်သော `ပေါ်လစီ´ကိုသာလျှင် ဖေါ်ထုတ်ခြင်း ဖြစ်ကြောင်း အသိပေးလိုပါ သည်။

၎င်းတို့သည်- ဗုဒ္ဓအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန်- ဗုဒ္ဓ၀င်ကျမ်းများ၊ ဇာတ်တော်များကို အဓိက ထား၍- ဖတ်ကြသည်။ ဆရာတော် အရှင်ဥက္ကဌနှင့် ဖြစ်ခဲ့သော ကျောက်ကွင်းအရေးတော်ပုံ (သခင်မြတ်ဆိုင် ရေး) စာအုပ်နှင့် ဆရာတော် အရှင် အရိယဓမ္မ၏ ဗုဒ္ဓ၀ါဒနှင့် ပြသနာများ စာအုပ်ကို အလွန်အမင်း မကျေမနပ် ဝေဖန်နိုင်ရန် ဖတ်နေပါသည်။

၎င်းတို့သည် ဗုဒ္ဓအား လုံးဝ အားမနာပ စကားလုံးများဖြင့် ပြောင်ပြောင်းတင်းတင်း ဆဲရေးတိုင်းထွာခြင်း၊ ရဟန်း သံဃာတော်များကိုလည်း လူကြားမကောင်းလောက်အောင် ပြောဆိုခြင်းများကို တရားဝင် ပြုလုပ်လျှက် ရှိ သည်။ ထိုပြုလုပ်ခြင်း၌ လုံးဝအပြစ်မရှိ- ၄င်းတို့၏ ရှိသမျှသော အပြစ်များကို ခရစ်တော်မှ ခံယူသွားပြီး ဖြစ်သည် ဟု စွဲမြဲစွာ ယုံကြည်ထားကြသည်။

မူဆလင်များ၏ ကျမ်းများတွင်လည်း တမန်တော် မဟာမတ် အား ပုတ်ခတ်စော်ကားနိုင်သည့် စာအုပ်များကို သာ ရှာကြံဖတ်နေခြင်း ဖြစ်သည်။ ၄င်းတို့၏ ယေရှုတစ်ဦးတည်းသာ စကြာဝဠာအတွင်း၌ ဘုရားတစ်ပါး ဖြစ် သည် အသန့်ရှင်းဆုံးဖြစ်သည်။ အပြစ်အကင်းဆုံးဖြစ်သည်။ ကယ်တင်ရှင်ဖြစ်သည်-ဟု လူသားတို့အား လှည့် စားနိုင်ရန် ဖြစ်သည်။

၎င်းတို့သည် ဗုဒ္ဓ၏ ဒေသနာ အစစ်အမှန်အား- ရိုးရိုးသားသား သန့်ရှင်းစင်ကြယ်စွာ ဖတ်ခြင်း မဟုတ်ဘဲ-ဘယ် အကွက်အား ထောက်၍ ရမည်ကို ရှာကြံ-အပြစ်ရှာ ဖတ်ခြင်း ဖြစ်သည်။

၎င်းတို့သည် အခြားဘာသာများ၏ သွန်သင်မှုများမှ အကောင်းဖြစ်သည့် အရာများအား အစဉ် ဖုံးဖိထား၍- အပြစ် အနာများကို ရှာနေလေသည်။

၎င်းတို့ အပြစ်ရှာလိုလျှင် မြန်မာစကားကိုလည်း လိုရာသို့ ဆွဲယူလေ့ရှိသည်။ ဥပမာ- မြန်မာစကား `မိရိုးဖလာ´ ဆိုသည်ကို- ၄င်းတို့၏ ကမ္ဘာဦးကျမ်းမှ အာဒံ၏ နံရိုးအား ဆွဲထုတ်၍- ဧ၀ ကို ဖန်ဆင်းသည်ဟု ကိုက်ညီစေရန် မိခင်မှ အရိုးသည် ဖခင်ထံမှ လာခြင်း ဖြစ်သည်ဟု- လှည့်ပတ်ပြောဆိုလေ့ရှိသည်။

၎င်းတို့သည် မိဘမျိုးရိုးစဉ်ဆက်မှ ဆင်းသက်လာသော အစဉ်အလာ ဟု ဖြစ်သည့် မိရိုးဖလာ ဆိုသည့် မြန်မာ စကားကိုပင်လျှင် နားမလည်သူများ ဖြစ်သလော။ သို့မဟုတ် မြန်မာစကားလုံးသည်ပင် သမ္မာကျမ်းစာမှ ဆင်း သက်လာသည်ဟု ဆွဲယူလိုသလော- ဟူသည်ကိုပင် ဝေခွဲမရ ဖြစ်မိရသည်။

စာဖတ်သူများ- သတိထားရန်မှာ၊ ဗုဒ္ဓမြတ်စွာဘုရားအား- ပုတ်ခတ်ဝေဖန်ရန် ဗုဒ္ဓ၀င်ကျမ်းနှင့် ဇာတ်တော်များကို ထောက်ပြသည့် စာမှန်သမျှ သည် ခရစ်ယာန်လူယုတ်မာ (လူကောင်းများ-မပါ)များမှ ရေးသား ဖြန့်ဝေခြင်း ဖြစ်သည်။ ထိုလူယုတ်မာများသည် ၄င်းတို့ ခရစ်ယာန်ဖြစ် သည်ဟု ပြောင်ပြောင်တင်းတင်း ၀န်ခံရေးသားခြင်း မဟုတ်ဘဲ- အခြားဘာသာများ၏ အမည်ကို ခံနေကြလေသည်။

စာဖတ်သူများ အနေဖြင့်- ရန်သူအမှန်ကို သိစေလို၍ ဖေါ်ပြရခြင်း ဖြစ်သည်။

ကျွန်တော်သည် ခရစ်ယာန်ကျမ်းစာအား ဖတ်နေသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်၍- ၄င်းတို့ထံမှ ကူးစက်ခံရသည့် အတိုင်း သူတပါးဘာသာအား ဖတ်လျှင် အပြစ်ရှာဖတ်- ဆိုသည့် ပေါ်လစီ ဖြင့် ဖတ်ထားသူ ဖြစ်၍- သမ္မာကျမ်း စာ-သည် မြန်မာအဓိပ္ပါယ် သမ္မာသမတ်ကျသော ကျမ်းစာ မဟုတ်ဘဲ- ကလီကမာ ကြမ်းစာ ဖြစ်သည် ဆိုခြင်း ကို အတိအကျ သိနေသည်။ သို့သော် ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်ကို ထောက်ထား၍- သူတပါးကျမ်းတစ်ခုအား မကောင်းမှုများကို မဖေါ်ပြလိုသေးပါ။

စာဖတ်သူများမှ- အမှန်ကို သိထားသင့်သည်ဟု တောင်းဆိုလျှင်-၊ အချိန်တန်လျှင်-၊ ခရစ် ယာန်ထဲမှ လူကောင်း များဟု သတ်မှတ်ထား သူများက- သူတို့ကိုယ်တိုင် သိနေသည့် သူတို့၏ ကရူးဆိတ် သင်တန်းသားများ၏ လုပ် ဆောင်ချက်များ ဖြစ်သည့်- ဗုဒ္ဓဘာသာ ဟန်ဆောင် ကာ မူဆလင်များအား တိုက်ခိုက် နေမှု၊ မူဆလင် ဟန် ဆောင်က ဗုဒ္ဓဘာသာများအား တိုက်ခိုက်နေမှု။ ဗုဒ္ဓ၏ဒေသနာတော်များအား ပုတ်ခတ်စော် ကားနေမှု။ ရဟန်း သံဃာတော်များအား ပုတ်ခတ်စော်ကားနေမှု။ ဗုဒ္ဓဘာသာအတွင်း၌ သူလျှိုများထည့်ရန် ကြံစည်နေမှုများကို မတားမြစ် ရေငုံနှုတ်ပိတ်လုပ်နေလျှင်- ကျမ်းချက် တစ်ချက်ခြင်း ဖေါ်ထုတ်သွားမည် ဖြစ်သည်။

ခရစ်ယာန်လူယုတ်မာများ ဆက်လက်လိမ်ရန် မကြိုးစားသင့်တော့ပေ။ တောင်းပန်ဝန်ချရန် အချိန်တန်ပြီ။-

ကိုရင်မိုး (ကျွန်တော်) သည် ၄င်းတို့၏ အထဲတွင် ရှိနေသည်။ ၄င်းတို့သည် ကိုရင်မိုး ဘယ်သူ ဖြစ်သည်ကို ရှာနေပြီ။ ထုတ်ပြန်ပေးခြင်းကို ခဏ ရပ်ထားရလျှင် စာဖတ်သူများ သည်းခံပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုရင်မိုးက ဗန်းမော်ဆရာတော်ဘုရာကြီး မင်းတုံးမင်းကို စာထုပ်ပစ်သော အခါ- မင်းတုံးမင်းက ဘယ်သူက စာပစ်သည်ကို ဖေါ်ထုတ်ရခက် သည်ကဲ့သို့ ဖြစ်နေသော ၄င်းတို့အား ကြည့်၍- စိတ်မကောင်းဖြစ်မိသည်။ အမှန်မှာ- မင်းတုံးမင်းသည် စာထုတ်ပစ်သူကို သိသည်။ သို့သော် ဖေါ်ထုတ်လိုက်လျှင်- အမှန်များ ပို၍ ပေါ်လာမည်ကို သိ၍ ဖုံးဖိထားရသော အခြေအနေဖြစ်ရသည်။ ထိုအခါ ဗန်းမော် ဆရာတော်က-

ကဗျာ- ထပ်ရေးလိုက်သည်မှာ-

အစေ့ကိုလှန်- အဆံကို တူနဲ့ထုသော်လည်း
ဗန်းမော်ကို ---ီးမှ မမိဘူး။ ဟု ဖြစ်၏။

ကိုရင်မိုး ဖေါ်ပြနေသည်မှာ အမှန်ချည်း ဖြစ်ကြောင်း တကယ်လက်တွေ့ လုပ်ဆောင်နေသူများ သိနေသည်။ သို့သော်--- ဆက်လက်တင်ပြပါမည်၊

ကိုရင်မိုး

Friday, January 15, 2010

ကျွန်တော်တွေ့ဘူးသော ပုဂ္ဂိုလ်များ

ဤနေရာတွင် ဖေါ်ပြသော ပုဂ္ဂိုလ်များမှာ ကျွန်တော်သည် ခရစ်ယာန် ဘာသာအား စတင်လေ့လာချိန်မှ ယခုအထိ မှတ်မှတ်ရရ ရှိနေသော ပုဂ္ဂိုလ်များကို ဆိုလိုခြင်း ဖြစ်သည်။ (နာမည်များကို ဖေါ်မပြသော်လည်း- ဘန်ကောက်တွင် ကျက်စားခဲ့သည့် ခရစ်ယာန်များသည် ကျွန်တော်ရေးသော အကြောင်းအရာပါ ပုဂ္ဂိုလ်များအား သိလောက်သည်။)

(၁) လူငယ်တစ်ဦး- မြန်မာနိုင်ငံ တောင်ပိုင်းသား ဖြစ်ကြောင်း သူပြောသော စကားလေသံဖြင့် သိနိုင်သည်။ သူသည် ကျွန်တော့ထက် ထိုင်းရည်လည်သည်။ ခရစ်ယာန်ထဲသို့ ကျွန်တော့ထက် အလျှင်ရောက်နေသူလည်း ဖြစ်နိုင်သည်။ ပြောချင်ရာကို မအောင့်နိုင်ဘဲ ဇွတ် ပြောလေ့ ရှိသည်။ ကရူးဆိတ်သင်တန်း နှင့် ကျမ်းစာ သင်တန်းများတွင် အငြင်းထူသူ ဖြစ်သည်။ ဗုဒ္ဓသာသနာမှ ပြောဆိုသော သုံးဆယ့် တစ်ဘုံ အကြောင်း နိဗ္ဗာန် အကြောင်းများ အား ဓမ္မဆရာမှ မဟုတ်မမှန်ဟု သုံးသပ်ပြသော အခါမျိုးတွင် သူ၏ မျက်နှာမှာ ဟန်ဆောင်၍ မရနိုင်လောက်အောင်ပင် အမူအယာ ပျက်နေသည်ကို တွေ့ရသည်။ ဘောင်းဘီရှည် အနက်ရောင်၊ အကျီလက်ရှည်အဖြူ၊ နက်တိုင်ဆွဲ၍ ဘုရားကျောင်းသို့ လာလေ့ရှိသည်။ ကျွန်တော်မှတ်မိသလောက်-
ကရူးဆိတ်သင်တန်းတွင်- ဗုဒ္ဓဘာသာအား ဝေဖန်သောအခါ- ဗုဒ္ဓအား အကြီးအကျယ် ပုဂ္ဂိုလ်ရေး စော်ကားသော စကားလုံးများအား သူ စိတ်ဆိုးလေ့ရှိသည်။ သင်တန်းဆရာက ဗုဒ္ဓသည် ၀က်သားစား၍ ၀မ်း ရောဂါဖြစ်၍ အသေဆိုးနှင့် သေခဲ့သည့် အတွက် ဘုရား မဖြစ်နိုင် ယေရှုသည်သာ ဘုရားဟူသော ဂုဏ်အင်္ဂါနှင့် ညီညွတ်သည် ဟု ဆိုသောအခါ- သူက ယေရှုလည်း ကားစင်ပေါ်မှာ အသေဆိုးနဲ့ စိမ်းသေ သေ တာပဲ မဟုတ်လား- ဘယ်လို ဘုရားဖြစ်နိုင်မလဲ၊ ဟု ပြန်ပြောခြင်း၊
ပိဋကတ်ကျမ်းသည် ကျမ်းစစ်မဟုတ်- ဟိုတစ်မျိုး ဒီတစ်မျိုးရေးထားတာ၊ ကထာဝတ္ထုဆိုရင် နောက်မှ ဖြည့်စွက် ထားတာ။ ဗုဒ္ဓဃောသ ရဲ့ အာဘော်တွေချည်းပဲ-လို့ ထောက်ပြသည့် အခါ- သူက သမ္မာကျမ်းစာလည်း ဟိုတစ် မျိုး ဒီတစ်မျိုးပဲ- မဿဲရေးတာနဲ့ လုကာရေးတာမှာ မတူတာတွေ အများကြီး ရှိတယ် ဆိုပြီး ကျမ်းချက် ထောက် ပြတာမျိုး (သူလက်ထဲမှ ကျမ်းစာအုပ်အား လှန်ပြသည့်ရာ ကျွန်တော်နှင့် အလှမ်းဝေးသည့်အတွက် ကျမ်းချက်များကို မမြင်ရပါ)- သမ္မာကျမ်းစာလည်း ရှင်ပေါလုရဲ့ လက်ချက်ပဲ- မဟုတ်လား၊ ကျွန်တော် စာတွေ ဖတ်ထားပါတယ်-ဟု ခံပြောခြင်း-။

ဗုဒ္ဓဘာသာက ရုပ်ပွားကိုးကွယ်တဲ့ ဘာသာလို့ ဆရာက ပြောသောအခါ- သူကလည်း ဒါဆို ခရစ်ယာန် အိမ်တွေက ယေရှုပုံကို ခေါင်းရင်း ခန်းမှာ ထား ဆီးမီးပူဇော်- ပန်းဆက်ကပ် လုပ်နေတာတွေက ဘာဖြစ်လို့လဲ-ဟု ပြန်မေးခြင်း။
ဂေါတမက ကုလားပဲလို့ ပြောတဲ့အခါ- သူက ယေရှုကကော ဗမာလားလို့ မေးတာမျိုး-- ကို တွေ့ရပေသည်။
သင်တန်းပြီး- အပြန်လမ်းတွင်လည်း- ဘုရားကျောင်းခြံထဲကပင် မထွက်သေး- ငါ- ရေငုတ်မိတာ မှားပြီ လားမသိ၊ လူတွေကို ငတုံးတွေလို့ ထင်နေတယ်။ ဟိုဘာသာ ပုတ်ခတ်၊ ဒီဘာသာ ပုတ်ခတ်- မူဆလင်တွေကို ဆိုလည်း ရစရာ မရှိအောင်ပြော- ဘယ်လို အကောင်တွေက ဓမ္မဆရာ ဖြစ်နေမှန်း မသိဘူး ဟု အော်ကျယ် အော်ကျယ် ပြောသွားလိုက်သေးသည်။
ဂေါတမက တောမထွက်ခင် မိန်းမတွေ အများကြီးယူခဲ့လို့- ဗုဒ္ဓတရားတော်အရ ကောက်ယူသော် နောင်ဘ၀တွင် အခြောက်ကြီး ဖြစ်မယ် (မိန်းမလျှာကြီး ဖြစ်မယ်) လို့ ပြောသူများကိုလည်း-- မင်းတို့ ယေရှုက အခုဘ၀မှာတင် အခြောက်ကြီးဖြစ်လို့- မိန်းမမယူနိုင်ခဲ့တာလို့ ပြောသွားလိုက်သေးသည်။
နောက်နေ့သင်တန်းတွင်လည်း သူ့ကို တွေ့ရပြန်သည်။ သူက ပတ်ဝန်းကျင်ကို စောင်ပေပေကြည့်လေ့ရှိသည်။ ငါတော့ သဘောမကျတာ ရှိရင် မေးမှာပဲ။ ပြောမှာပဲ။ ဓမ္မဆရာတွေ ဘာတွေ ငါမသိဘူး-- ဟု ပြောနေလေ့ရှိ သည်။ ဘန်ကောက်မှာ နေတာကြာပြီ။ မကြောက်တတ် လို့ အသက်ရှင်နေတာ- ဘယ်သူ့ကိုမှ မကြောက်ဘူး-ဟုလည်း ခပ်တည်တည်နှင့် ပြောလေ့ရှိသည်။
သူ့အား ဓမ္မဆရာများက နောက်ကွယ်တွင် ကျပ်မပြည့်သူဟု ပုတ်ခတ်လေ့ရှိသည်။ သို့သော် ကျွန်တော့ စိတ်ထဲတွင် သူ့အား ကြိတ်၍ လေးစားမိသည်။ ထိုင်းနိုင်ငံ ခရစ်ယာန်အုပ်စုထဲတွင်- အသက်တစ်ချောင်းမှာ အထောက်အထား မရှိဘဲ ပျောက်သွားနိုင်သည်။ သို့သော် သူကား မကြောက်၊ သူ မကြောက် ကြောင်းလည်း မကြာခဏ ပြောလေ့ရှိသည်။
သင်တန်း ၂ ကြိမ်တွင် သူ့ကို ဆုံဘူးသည်။ ကျွန်တော်က သူ့အား မိတ်မဖွဲ့ပါ။ ကင်းကင်းရှင်းရှင်း နေပါသည်။ နောက်ပိုင်း သူ ဘုရား ကျောင်းသို့ မလာတော့သည်မှာ ၂ နှစ်ခန့်ရှိသွားပြီ ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ယောက် ကျန်းကျန်းမာမာ ရှိပါစေဟု အမြဲဆုတောင်းပေး နေမိ သည်။
(၂) စိတ်ကောင်းရှိသော ဓမ္မဆရာ တစ်ဦး။- ကချင်လူမျိုး ဖြစ်ဟန်ရှိသည်။ ဗမာရည်လည်သည်။ ပညာ တတ်ဆန်သည်၊ စကားပြော ကောင်းသည်။ သင်တန်းများတွင် ဗုဒ္ဓ၀ါဒပျောက်ကွယ်ရေး၊ ဘုန်းကြီးဝါဒ ပျောက်ကွယ်ရေး၊ မူဆလင်မုန်းတီးမှု ဆော်သြရေးများ ပြောဆို ပို့ချနေစဉ်တွင် သူဝင်လာ၍- ဆရာတို့က ဓမ္မ ဆရာတွေလား၊ ဓါးမ ဆရာတွေလား ဆိုတာ သတိထားပါဦးဟု- ပြောင်စပ်စပ် နောက် နောက် တောက် တောက်နှင့် ပြောလေ့ရှိသည်။ သူ့ပါးစပ်မှ ဘာသာခြားမုန်းတီးရေး- များကို မကြားဘူးပေ။ သူသိသော တရားကို သူ ဟောသည်။ သူအယူနှင့် သူ ကျေနပ်နေသည်။ တွေ့သူတိုင်းကို ဟန်ဆောင်အပြုံး မဟုတ်သော အပြုံးဖြင့် ဖေါ်ရွေလေ့ရှိသည်။ ဓမ္မ ဆရာများတွင် အလွန်ရှားပါးသော အမူအယာရှိ၍- သူ့အား စိတ်ကောင်းရှိသူ၊ ကျွန် တော် သုံးသပ်မိသည်။ သူ့ကြောင့် လူ တစ်ဦးနှင့် တစ်ဦး ဘာသာတစ်ခုနှင့် တစ်ခု အမုန်းစိတ် မဖြစ်ပေါ်စေ ခြင်းကြောင့် သူ့အား ကျေးဇူးတင်မိသည်။
(၃) အိန္ဒိယမျိုးနွယ် ခရစ်ယာန် အမျိုးသမီးတစ်ဦး- သူသည် တမီးလ် အမျိုးသမီးကြီး ဖြစ်သည်။ ဘာသာတရား၌ အလွန်းကိုင်းရှိုင်းသည်၊ ဘုရားကျောင်းသို့ မပျက်မကွက် လာလေ့ရှိသည်။ ဓမ္မသီချင်းဆို- မြူးကြွသော အချိန်တွင် သူ့ကိုယ်သူ ထိမ်းမရအောင် ဈာန်ဝင်နေလေ့ ရှိသည်။ သူယုံကြည်သော ဘုရားအား သူတကယ်ယုံကြည်ခြင်း ဖြစ်သည်။ သူသည် အခက်အခဲရှိသည်ဟု တွေ့သူတိုင်းကို ဖြူဖြူစင်စင် တတ်နိုင်သမျှ ကူညီလေ့ရှိသည်။ သူ့ဘာသာကောင်းကြောင်း ပြောသည်မှအပ အခြားဘာသာများကို ပုတ်ခတ်လေ့ မရှိချေ။ ဓမ္မဆရာ များက သူ့အား ချစ်ခင်ဟန်ဆောင်ခြင်းသာ တွေ့ရသည်။ သူ၏ အသားအရောင်ကြောင့်လား၊ သို့မဟုတ် သူ၏ အိုဗာအက်ရှင်း- ယုံကြည် မှုလွန်ကဲသောကြောင့်လား မသိရချေ။ သူသည်လည်း ခင်မင်ရန် ကောင်းသော အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။ သူ့ကဲ့သို့ အခြားသော မြောက်များစွာ ရိုးရိုးရှင်းရှင်း သက်ဝင် ယုံကြည် နေသော လူထုကိုလည်း တွေ့ရပေသည်။ သို့သော် ကျောက်ငုတ်သည်ပင် နှဲ့ပါများလျှင် ယိုင်နဲ့ တတ်သကဲ့သို့- ရှေ့ဆောင် ဓမ္မဆရာမှ ဘာသာအားလုံးကို စုံစေ့စွာ လေ့လာပြီးသယောင်နှင့် ခရစ်ယာန်ဘာသာသည် အကောင်း ဆုံးဖြစ်ကြောင်း- ကျန်ဘာသာများ အထူးသဖြင့် ဗုဒ္ဓဘာသာ၏ ကံ-ကံ၏ အကျိုးအား တိုက်ရိုက် စကားလုံးဖြင့် ဗုဒ္ဓဘာသာသည် လုံးဝ အသုံးမကျ အသုံးမ၀င်သကဲ့သို့ တရားဟော စင်မြင့်ပေါ်မှ ပေါ်တင်ကြီး ပြောလေ့ ရှိသည့် အခါများတွင် လူအများစုမှာ အုတ်အော် သောင်းနင်း အားရ၀မ်း သာ ထောက်ခံနေသည်ကို တွေ့ရပေသည်။ ဤ အဖြစ်အပျက်များသည် မုသားမဟုတ်၊ ကျွန်တော် ဖေါ်ပြနေသော ဘုရားကျောင်းအား ဘန်ကောက် ခရစ်ယာန်အတွင်း ကျက်စားဘူးသူတိုင်း သိနိုင်လောက် သည်။ ထိုဘုရားကျောင်းသို့ သုံး၊ လေးကြိမ်ခန့် အလည်ရောက်ဘူးသူတိုင်း ကျွန်တော် ရေးသားသည်ကို အမှန်ဟု ၀န်ခံရမည် ဖြစ်သည်။ (ယခု ကျွန်တော် ဖေါ်ထုတ်နေ၍ ၄င်းတို့ အပြော အဆို ဆင်ခြင်နိုင်သော် လည်း- ၄င်းတို့ ပြောဆိုခဲ့သော အသံဖမ်း တိတ်ခွေများ ခွေ တစ်ရာကျော်ခန့် ရှိနေပြီ။ ဖျောက်ဖျက်မရ နိုင်သော အထောက်အထားများ ဖြစ်သည်။)
၎င်းဓမ္မဆရာများသည် စင်္ကပူ၊ ထိုင်း၊ အိန္ဒိယများသို့ မြန်မာပါ့စ်ပို့များနှင့် အကြာခဏသွားလေ့ရှိသည်။ ၄င်းတို့၏ ပါ့စ်ပို့ ကိုင်ထားမှုမှာ အံ့သြစရာပင်- မြန်မာ အစိုးရပိုင်းနှင့် မည်သို့ ဆက်သွယ်ထားသည်ကို မသိနိုင်လောက် အောင် ဖြစ်သည်။
(၄) ဧည့်သည်တစ်ဦး- မဲဆောက်တွင် တွေ့ဘူးသည်။ ဓမ္မဆရာ တစ်ဦး၏ အိမ်တွင် ဖြစ်သည်။ အရပ်မြင့်မြင့် အသား လတ်လတ်- ကွမ်း ယာ အလွန်ဝါးသူ ဖြစ်သည်။ သူနှင့် အခြား လူငယ်နှစ်ဦး ဓမ္မဆရာအိမ်သို့ ရောက် လာ သည်၊ ခရစ်ယာန်ကျမ်းစာအုပ် လိုချင်၍ဟု ဆိုသည်။
ဓမ္မဆရာက သူ့အား အအေးတိုက်၍ ဧည့်ခံသည်။ ထို့နောက် ကယ်တင်ခြင်း တရားကို ဟောသည်။ ထိုစဉ်က သူ့ပုံမှာ အထင်ကြီးစရာ မရှိသော ပုံဖြစ်သည်။ မုတ်ဆိတ်မွေး ၂ ပတ်ခန့် မရိပ်ထားဘဲ- ညစ်ပတ်နေသော အ၀တ် အစားဖြင့် ဖြစ်သည်။ ဓမ္မဆရာက သူသည် ငယ် စဉ်က ဗုဒ္ဓဘာသာဖြစ်ခဲ့ကြောင်း- မိဘစဉ်ဆက် ကိုးကွယ် သည်ကို မျက်ကန်းအယူဖြင့် မယုံလို၍ ဘာသာတရားများကို လေ့လာခဲ့ ကြောင်း ဘာသာတရား အားလုံးမှာ ကောင်းမွန်ကြောင်း- သို့သော် ခရစ်ယာန်မှာ အကောင်းဆုံးဖြစ်ကြောင်း- ဟောပြောလေသည်။ သူက ပြန် မပြောဘဲ နားထောင်နေသည်၊ သောက်မြဲ အအေးကို သောက်နေသည်၊ ထို့နောက်- ကျွန်တော် ဆရာ့ကို မေးချင်ပါ တယ်။ မမေးမှီ ဆရာ့ရဲ့ သတ္တိကို လေးစားကြောင်း ပြောချင်ပါတယ်။- လူတစ်ယောက်ဟာ- မိဘရိုးရာ ကိုးကွယ်ခဲ့တာကို စွန့်ပြီး- နောက်ဘာသာ တစ်ခုကို ပြောင်းရဲတဲ့ သတ္တိကို တကယ်လေးစားပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ကျွန်တော်လည်း အဲ့ဒီလို ဖြစ်ချင်ပါတယ်။-ဟု ဆိုသည်။
သူက ဓမ္မဆရာအား ဆရာသည် ဘာသာတရားတစ်ခုရဲ့ ဘာသာရေး ဆရာ ဖြစ်နေတာကြောင့် အမှန်တရားကို ပြောမယ်လို့ ယံကြည် ကြောင်း စကားခံလိုက်ကာ-
ဆရာက အမှန်တကယ် မိရိုးဖလာ ဗုဒ္ဓဘာသာတစ်ဦး တကယ်ဟုတ်ခဲ့ရလား- ဟုမေးသည်။
ဓမ္မဆရာက- ဟုတ်ပါတယ်။
ဒါဆို- ငါ့မိရိုးဖလာ ဗုဒ္ဓဘာသာက တကယ် မကိုးကွယ်အပ်တော့ဘူး- လို့ သိအောင်ထိ နက်နက်နဲနဲ လေ့လာခဲ့ ရဲ့လား။ ဟု ဆက်မေး သည်။
ဓမ္မဆရာ- လေ့လာခဲ့တာပေါ့။ ကံ-ကံ၏ အကျိုးဆိုတာ- လက်ခံနိုင်စရာမှ မရှိတာ။ လူတစ်ယောက်ဟာ မူးရူး သောက်စား နေပေမယ့်- မကောင်းတာတွေ လုပ်နေပေမယ့်- ထီပေါက်ပြီး ချမ်းသာ သွားသူတွေ အများကြီးပဲ-၊ ကံ-ကံ၏ အကျိုးဆိုရင်- ဒုက္ခပဲ ရောက်ရမှာပေါ့-- စသည်ဖြသည့် မြောက်များစွာ ဥပမာများကို ပေး၍ မနားတမ်း တရားများကို ဟောပါတော့သည်။ အနည်းဆုံး မီနစ် သုံး ဆယ်လောက် ကြမည်ထင်သည်။ (ထို လူလည်း သည်းခံနိုင်သူ ဖြစ်သည်။ စကားဆုံးအောင် နားထောင်နေသည်။) ဓမ္မဆရာ လေလျှော့လာတော့မှ-
ဒါဆို- ဗုဒ္ဓ ဆိုတဲ့ ဝေါဟာရရဲ့ အနက်အဓိပ္ပါယ်ကို ကျွန်တော့ကို ရှင်းပြပေးပါ-ဟု မေးတော့သည်။
ဓမ္မဆရာက- ဗုဒ္ဓဆိုသည်မှာ ဂေါတမရဲ့ ဘွဲ့ဖြစ်ကြောင်း၊ ဂေါတမကို ဗုဒ္ဓဟုခေါ်ကြောင်း ဂေါတမကို ကိုးကွယ်ရင်- ဗုဒ္ဓဘာသာ ဖြစ်ကြောင်း သုံးလေးလုံးလောက် ပြန်ဖြေပါသည်။ (ဓမ္မဆရာ၏ အဖြေမှာ ကျွန်တော် သိထားသည် ထက် ပို၍ စုံလင်သည်။) သို့သော်--
ထိုပုဂ္ဂိုလ်က- ဆရာပြောတာတွေက ကြားဘူးနားဝတွေပါ။ အမှန်တကယ် ဗုဒ္ဓဆိုတဲ့ အဓိပ္ပါယ်က- မနိမြင့်ဇူ (စာ လုံးပေါင်းမှားချင် မှားမည်၊ သူ့ အသံထွက် မှတ်မိသမျှ ရေးခြင်း ဖြစ်သည်) ကျမ်းမှာ- ဟု ဆို၍ ပါဠိများကို ရွတ် သည်။- ရှင်းပြသည်။ နောက်ကျမ်းမှာ-- ရွတ်ပြန်သည် ရှင်းပြ ပြန်သည်။ ဆက်တိုက်- ရွတ်သွားလိုက်သည့် ပါဠိများ- ကျွန်တော် မမှတ်မိနိုင်ပါ။--
ပြီးတော့ ဆရာ- အဲ့ဒါတွေကော သိရဲ့လား--။ ဟု မေးလိုက်သည်။ ဓမ္မဆရာက - ဒီလောက်တော့ ကျွန်တော် လည်း မသိဘူးဗျာ- ဖြေရ တော့သည်။-
သူက- ဒါဆို ဆရာက မိမိဘာသာ တစ်ခုကို နှိုက်နှိုက်ချွတ်ချွတ် မသိဘဲ။ မိမိပြောင်းလိုတဲ့ ဘာသာတစ်ခု တစ်ခုကိုလည်း နှိုက်နှိုက်ချွတ် ချွတ် မသိဘဲ ပြောင်းလိုက်တာလဲ။ ဆရာ့ အမေကို ဆရာ မျက်နှာ မထောက် ဘူးလား၊ ကျွန်တော်တော့ ဆရာ့မိခင်ကို အားနာလိုက်တာ ဗျာ-ဟု ပြော၍-။
ကဲ ဆရာ အခု ယုံကြည်နေတဲ့ သမ္မာကျမ်းစာက- ကျွန်တော် နဲနဲ မေးကြည့်မယ်ဟု ဆိုကာ- သမ္မာကျမ်းပါ အဆိုများကို မိရိုးဖလာ ခရစ်ယာန်များ မေးရန် ဖြေရန် ပြင်ဆင်ထားသည်များ- မဟုတ်ဘဲ၊ ဓမ္မဆရာကိုယ်တိုင် မဖြေနိုင်သော ကျမ်းချက်ပေါင်း များစွာအား လက်တန်း ရွတ်ပြောသွားပြန်သည်။
ဆရာတို့ လေ့လာနေတာတွေက သူတပါးကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဘို့- ဗုဒ္ဓ၀င် (ဗုဒ္ဓ၀ံသ)လို၊ မူဆလင်ကျမ်းတွေ ဆိုလည်း ဟာဒီး လို သမိုင်းဆရာတွေရဲ့ အာဘော်တွေ ဖတ်ပြီး- ဗုဒ္ဓကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်၊ မဟာမတ်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် လုပ်နေတော့ ဘာသာတရား ရဲ့ တကယ့် ဆိုလိုရင်းကို ဘယ်သိမလဲ။ တကယ့် တရား အစစ် ၀ိပသနာ တွေကို လေ့လာသင့်တယ်။ အဘိဓမ္မာ ပိဋကတ်ကို လေ့လာပါ။ မူဆလင်ကို လေ့လာရင်လည်း ကိုရမ်ကျမ်းကို လေ့လာပါ။ သမ္မာကျမ်းစာကို လေ့လာရင်လည်း ယေရှုပြောတဲ့ စကားအစစ်၊ ဘုရားပြော တဲ့ စကား အစစ်ကို လေ့လာပါ။- ဥပမာ သမ္မာကျမ်းစာထဲမှာ ပါတဲ့- ယေရှုကို လက်ဝါးကပ်တိုင် တင်ထားတော့- ဘေးက သူခိုးနှစ်ယေက် က ပြောတဲ့ စကားမျိုးကို ဘုရားဟောတဲ့ အဆုံးအမလို့ ယူလို့ ရမလား။ အဲ့ဒီ သူခိုး နှစ်ယောက်က ယေရှုကို ကဲ့ရဲ့ ပုတ်ခတ်တာပဲ မဟုတ် လား။ ဟု ဓမ္မဆရာအား တရားပြန်ဟော လေတော့သည်။
ဓမ္မဆရာသည် - ကျွန်တော့ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး--။
ထိုပုဂ္ဂိုလ်အား။ ခင်ဗျားနဲ့စကားပြောရတာ ကောင်းပါတယ်။ နောက်နေ့မှာ ဆက်ပြောကြရင် ကောင်းမယ်။ အချိန်လင့်သွားပြီ-ဟု စကားဖြတ်ရန် ကြိုးစားသည်။
ပါးနပ်လိမ္မာဟန်ရှိသော ထိုပုဂ္ဂိုလ်က- စကားအဖြတ်မခံဘဲ- သူပြောလိုရာကို ဆက်တိုက်ပြောလိုက်သေးသည်။ ဒါနဲ့- ကျွန်တော်က ဗုဒ္ဓဘာသာ မဟုတ်ဘူးနော်- ကျွန်တော်က မူဆလင်ဗျ။ ဆရာက ဗုဒ္ဓဘာသာက ခရစ်ယာန် လောက် မကောင်းဘူး ပြောလို့- ဘယ် လောက်များ လေ့လာထားသလဲလို့ မေးမိတာပါ။ ကျွန်တော်- ဆရာ့ကို ဓမ္မမိတ်ဆွေ တစ်ဦးအနေနဲ့ သတိပေးပါရစေ၊ ဆရာ- ကိုယ့် သာသနာကို ကိုယ်ပြုပါ- အပြစ်မရှိဘူး။ ဒါပေမယ့် သူများ ကိုးကွယ်ယုံကြည်တဲ့ ဘာသာကို မစော်ကား မိဘို့တော့ လိုတယ်။ လူ တွေမှာ mental need စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှုအတွက် ကိုးကွယ်မှု တစ်ခုတော့လိုတယ်။ ကျွန်တော်က မူဆလင် ဆိုပေမယ့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ အနေများတယ်။ ကျွန်တော်တွေ့ဘူးသလောက် ဘုန်းကြီးတွေက အခြား ဘာသာ မကောင်းကြောင်း မပြောဘူး။ ဗုဒ္ဓ ဘာသာထဲ ၀င်ပါလို့လည်း မဆွဲဆောင်ဘူး။ လူကြီးတစ်ယောက် နေရာက- အမြင် မတော်တာကို ဆုံးမ ပြောဆိုတာလောက်ပဲ ရှိ တယ်။ မူဆလင်လည်း ဒီလိုပဲ- ကိုယ့်အချင်း ချင်း- သူ့ အယူက ကောင်းတယ်၊ ငါအယူမှန် တယ်ပဲ ငြင်းနေတာတွေ့တယ်။ သူများ ဘာသာကို ၀င်မစွက်ဘူး၊ ဆရာတို့ကိုလည်း အဲ့ဒီလို ဖြစ်စေချင်ပါတယ်-ဟု ပြောကာ- ကျွန်တော့ကို ခွင့်ပြုပါဦးဟု ဆို၍ ထွက်သွားရန် ဟန်ပြင်တော့သည်။
ကျွန်တော်က- ဓမ္မဆရာအား ဆရာ ကျွန်တော် လိုက်ပို့ပေးလိုက်မယ်ဟု ဆို၍ ထိုပုဂ္ဂိုလ်အား အိမ်ခြံဝ အထိ လိုက်ပို့ပေးလိုက်သည်။ အိမ် ခြံဝ လမ်းခွဲကာချိန်တွင်- သူက ကောင်လေး မင်းကို ကြည့်ရတာ မလည်မ၀ယ်နဲ့ ခရစ်ယာန် ဖြစ်ဟန် မတူဘူး။ အချိန်ရရင် ငါ မင်းနဲ့ တွေ့ချင်တယ်။ ဒါပေမယ့်- ငါက ဘန်ကောက်မှာနေတယ်။ ရဲဖမ်းခံရလို့- ရောက်လာတာ။ အချုပ်ထဲမှာ ငတ်ပြတ်နေတော့- အအေး လေး ဘာလေး သောက်ရမလားလို့- ဒီကောင် (ဘေးမှ လူငယ်တစ်ယောက်အား လက်ညှိုးထိုး၍) ခေါ်လာလို့ လိုက်လာတာ။ သောက်ရတဲ့ အအေးနဲ့ ပြောရတာနဲ့ မတန်ဘူးကွာ-ဟု ရယ်ရယ်မောမော ပြောလျှက် ထွက်သွားတော့သည်။ (ကျွန်တော်သည် ထိုပုဂ္ဂိုလ်၏ စကား ပြောဟန်-နှင့် ပြောသွားသည့် အကြောင်းအရာများအား အလွန်စိတ်ဝင်စားသောကြောင့် အသေအချာ နားထောင်မှတ်သားထား ပါသည်။ ပြန်လည်တင်ပြရာတွင် လုံးစေ့ပတ်စေ့ တူညီနိုင်မည် မဟုတ်သော်လည်း- အကြောင်း အရာမှာ တူညီပါသည်။ ကျွန်တော့အား ခရစ်ယာန် အစစ် မဖြစ်ရန် ကူညီ လိုက်သူလည်း ဖြစ်သည်။) သူသာ ဖေါ်မပြောလျှင် သူသည် မူဆလင် တစ်ဦးဖြစ်သည်ဟု မည်သည့် နည်းနှင့်မှ မသိနိုင်ချေ။ သူ့စကားထဲမှ- ဘယ်အရာကို မဆို နှိုက်နှိုက်ချွတ်ချွတ် မသိဘဲ- ဘာသာပြောင်းခြင်းသည် အပေါ်ယံ ဆွဲဆောင်မှု နောက်သို့ ပါသွားခြင်း ဖြစ်သည်-မိမိ၏ ယုံကြည်မှု အပေါ် သစ္စာဖေါက်ခြင်း ဖြစ်သည် ဟူ သော စကားမှာ ကျွန်တော့ အနာဂါတ်အတွက် လက်ကိုင်တုတ် တစ်ခု ဖြစ်ခဲ့ရသည်။
(၅) အင်ဂျီအိုတွင် အလုပ်လုပ်နေသူ တစ်ဦး-
(၆) ကယန်းလူမျိုး ခရစ်ယာန် (ကက်သလက်) တစ်ဦး-
(၇) ခရစ်ယာန်သမိုင်းဖြင့် ဘွဲ့ရထားသော ဓမ္မဆရာ တစ်ဦး-
---------
ဆက်လက်တင်ပြပါမည်။
ကိုရင်မိုး

Wednesday, January 13, 2010

တို့မီးရှို့မီးများ

(ကျွန်တော်ဖေါ်ထုတ်သည်များအား ငြင်းနိုင်သူ ရှိလျှင် အထောက်အထား အတိအကျနှင့် ငြင်းဆိုနိုင်သည်၊ ကျွန် တော်သည်လည်း အတိအကျ သက်သေပြနိုင်သည်။)

ခရစ်ယာန်များသည် ရေရှည်စီမံကိန်းဖြင့် ရဟန်းသံဃာများအတွင်း ခရစ်ယာန်များအား မြှုပ်နှံထားချိန်တွင် ရေတို စီမံကိန်းများ ဖြစ်သည့် ပျောက်ကျား တောခြောက်စီမံကိန်း အဖြစ်၊ လူထုကြားတွင် တို့မီးရှို့မီးများ အစဉ်ပြုလုပ်ထားမည် ဖြစ်သည်။ ဤစီမံချက်အား အကောင် အထည်ဖေါ်ရန် ထိုင်းနှင့် အိန္ဒိယတွင် ခြေကုပ် ယူ ထားသော မြန်မာပြည်သား ခရစ်ယာန်များက တာဝန်ယူ ဆောင်ရွက်လျှက် ရှိသည်။ သူတို့အား ဒိန်းမတ်၊ စင်္ကာပူရှိ လက်ခွဲများမှ ကူညီပံ့ပိုးနေမည် ဖြစ်သည်။

သူတို့၏ စီမံကိန်းများတွင်
(၁) အီးမေးလ် အင်တာနက်များဖြင့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာများအကြား အစဉ် ရန်တိုက်နေမည်။
(၂) လက်ကမ်းစာစောင်များ၊ ၀ါဒဖြန့်စာများ ဖြန့်ချီမည်- ဖြစ်သည်။

(၁) အီးမေးလ် အင်တာနက်များဖြင့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာများအကြား အစဉ် ရန်တိုက်နေမည်။
၎င်းစီမံကိန်းအတွက်- သူတို့သည် ကွန်ပြူတာ ကျွမ်းကျင်သူများကို စနစ်တကျ အသုံးပြု၍- တိုက်ကွက်ဆင်ရန် ဖြစ်သည်။ သူတို့ မွေးထားသည့်- မြန်မာပြည်ထဲမှ ကွန်ပြူတာ ကျောင်းဆင်း အမျိုးသမီးတစ်ဦးအား ခေါ်ယူ လိုက်သည်ကို တွေ့ရသည်။ ပြည်ပနိုင်ငံများရောက် ကွန်ပြူတာ ကျွမ်းကျင်သူများက မြန်မာပြည်ထဲသို့ အီး မေးလ်ပို့ရာတွင် မြန်မာပြည်မှ ကျောင်းဆင်းလောက် မကျွမ်းကျင်ဟု သူတို့ ယူဆပုံ ရသည်။ သို့မဟုတ် မြန်မာ ပြည် အင်တာနက် ကွန်ယက်အား ဘယ်လို ထိုးဖေါက်ရမည်ကို သိရန်လည်း ရည်ရွယ်ပုံ ရသည်။ ပြည်ထဲမှ ပါ့စ် ပို့နှင့် လာရောက်သူများ များစွာ စုဝေးတိုင်ပင်လေ့ ရှိသည်။ ထိုစုဝေးတိုင်ပင်မှုတွင် ကျွန်တော် ပါဝင်ခွင့်မရပါ။ သူတို့၏ လျှို့ဝှက် တိုင်ပင်မှုအား မသိရသော်လည်း- ချမှတ်သော စီမံကိန်းအချို့အား ဆောင်ရွက်စေရာတွင် ခိုင်း စေ ခံရခြင်းကြောင့် သူတို့၏ လှုပ်ရှားမှု အချို့ကို သိခွင့်ရ- ဖေါ်ပြခြင်း ဖြစ်သည်။

ဤစီမံချက်သည် အလွန်ကြောက်မက်ဖွယ်ဖြစ်ပြီး ရွံရှာမုန်းတီးစရာလည်း ဖြစ်သည်။ ခရစ်ယာန် လူ ယုတ်မာများ၏ လုပ်ရပ်မှာ-
အချို့က ရဟန်းသံဃာ ဘုန်းကြီးနာမည်များဖြင့် အီးမေးလ်အကောင့် ဖွင့်၍ မူဆလင် မုန်းတီးရေး စာများ ဖြန့်ဝေမည်။ ၀က်ဆိုက်များ ဘလော့ဂ်များ ဖွင့်၍ မူဆလင်များကို ဗုဒ္ဓဘာသာများက တိုက်ခိုက်သည့်ဟန်ဖြင့် စာများ ဖြန့်ချီရမည် ဖြစ်သည်။ ထိုအုပ်စုထဲတွင် ကျွန်တော်သည်လည်း ပါဝင်သည်။ (စိတ်မကောင်းကြီးစွာ ခံစား ရသည်။ မိမိကိုးကွယ်ယုံကြည်သော ဗုဒ္ဓမြတ်စွာ၏ ဒေသနာတွင်းမှ လူတစ်ဦး အနေဖြင့် ထိုကဲ့သို့ ပြုလုပ် နေရသည်ကို နေ့စဉ်နှင့်အမျှ ခံစားနေရပါသည်။ မူဆလင်များကိုလည်း တောင်းပန်ချင်ပါသည်။)
အချို့က မူဆလင်နာမည်- မာမွတ်၊ ကာဆင်၊ မိုဟာမက်၊ စသည့်နာမည်များဖြင့် အီးမေးလ်အကောင့် ဖွင့်လျှက် ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး များကို ရေးရမည် ဖြစ်သည်။

ဗုဒ္ဓဘာသာ ဓမ္မစရိယနာမည်၊ ရဟန်းသံဃာများ နာမည် အီးမေးလ်များဖြင့် မူဆလင် မကောင်းကြောင်း ၀ါဒ ဖြန့်လျှင်- ထိုစာများအား ဖတ်မိသော-
(၁) ဗုဒ္ဓဘာသာ အများစုမှ ယုံကြည်မည်။ မူဆလင် မုန်းတီးစိတ်ဝင်မည်။
(၂) မူဆလင်များကလည်း ဗုဒ္ဓဘာသာတွေက ငါတို့ကို ဆော်ပလော်တီးပြီ ဟု အမှန်ထင်မှတ်ကာ- ဗုဒ္ဓဘာသာ မကောင်းကြောင်း ပြန် ရေးမည်။ ဆဲကြမည်- ဆိုကြမည်-။ ရန်ဖြစ်လာတော့မည် ဖြစ်သည်။
မူဆလင် နာမည်များဖြင့် ဗုဒ္ဓဘာသာ မကောင်းကြောင်းကို ရေးလျှင်- ဖတ်မိသော သူများက-
(၁) မူဆလင်များက ယုံကြည်မည်၊ ဗုဒ္ဓဘာသာ မုန်းတီးစိတ်ဝင်မည်။
(၂) ဗုဒ္ဓဘာသာများမှ ငါတို့ကို ကုလားတွေက လူပါးဝပြီး စော်ကားသည်ဟု ထင်မြင်လာမည်။ ဆဲကြ-ဆိုကြ ရန်ဖြစ်ကြနှင့် မုန်တီး စိတ်များ ၀င်နေတော့မည်။

ဗမာက ကုလားကိုတိုက်၊ ကုလားက ဗမာကိုတိုက်-- အစီအစဉ် ဖြစ်သည်။ ၄င်းနှစ်ခုလုံးကို ခရစ်ယာန်များ က လုပ်ခြင်း ဖြစ်သည်။
စာတစ်စောင်ကို ဘယ်သူက ရေးသည်ဟု သိနိုင်စရာ လမ်းစအား ကျွန်တော်ပေးချင်သည်။ သူတပါး အား မကောင်းကြံရန် စိုင်းပြင်းနေသော ခရစ်ယာန်များသည် ဗုဒ္ဓကျမ်းများအား ဖြစ်စေ၊ မူဆလင်ကျမ်းများအား ဖြစ်စေ အမြောက်အများ ဖတ်ထားသူများ ဖြစ်ကြသော်လည်း ဗုဒ္ဓဘာသာ၏ အတွင်း စိတ်ခံစားမှုများကို မသိချေ။ ဗုဒ္ဓကျမ်းတော်များ၏ အတွင်း အနက်သဘောကိုလည်း မသိချေ။

ဗုဒ္ဓရဟန်း နာမည်ဖြင့် မူဆလင် မုန်းတီးရေးစာများ ဖြန့်ချီသော်လည်း- အများစုမှာ ဗုဒ္ဓရဟန်းတော် အစစ်များ မဟုတ်ချေ။ မသိသော နေရာမှ အနည်း အကျင်းတော့ ပါဝင်လာချင် လာမည်။ သို့မဟုတ် ရောက်လာသော စာအား ဖေါ်ဝါ့ဒ် လုပ်ပေးနိုင်သည်။ သို့သော်-
(၁) ဗုဒ္ဓရဟန်းတော် အစစ်များသည်-မိမိဘာသာတရား၏ အဆုံးအမ၌ ပျော်မွေ့သည်။ ရန်လိုမှု- ရန်ရှာမှုတွင် စိတ်ဝင်စားမှု မရှိချေ- ထို့ကြောင့် စာတစ်စောင်အား ဖတ်လိုက်သည်နှင့် ထိုစာထဲတွင် ရန်လိုမှု- ရန်ရှာမှု-ရန်မီး မွေးမှုဘက်သို့ အားသာနေလျှင် ထိုစာအား ခရစ်ယာန်များမှ ရေးခြင်း ဖြစ်သည်။
(၂) ဗုဒ္ဓရဟန်းတော် အစစ်များသည် သူတပါး ဘာသာအား လေ့လာထားမှုနဲသည်။ မူဆလင်များ၏ ကျမ်းစာ ထဲမှ ဖြစ်သည်ဟု ကိုး ကားခြင်းဖြင့် အရေးအသား များလျှင် ထိုစာသည် ခရစ်ယာန်များမှ ရေးခြင်း ဖြစ်သည်။ (ခရစ်ယာန်များသည် နိုင်ငံခြားမှ ၄င်းတို့၏ ဆရာကြီးများမှ ဘာသာပြန်မှီညမ်း၍ မူဆလင်များအား တိုက်ခိုက် စော်ကားရန် ပို၍ သိနေခြင်း ဖြစ်သည်။) မူဆလင်တို့၏ ဘုရားအား ညစ်ညမ်းသော စကာလုံးဖြင့် ဆဲဆိုခြင်း ပါလျှင် ထိုစာသည် ခရစ်ယာန်များက ရေးခြင်း ဖြစ်သည်။
(၃) ဗုဒ္ဓရဟန်းတော် အစစ်များသည် မြန်မာစာ စာလုံးပေါင်း သတ်ပုံ မှန်ကန်မှုများသည်။ စာတစ်စောင်တွင် စာလုံးပေါင်း သတ်ပုံ အမှားများများ ပါလျှင် ခရစ်ယာန်များမှ ရေးခြင်း ဖြစ်သည်။ (ကျွန်တော်ကိုယ်တိုင်- ၀ါဒ ဖြန့်ချီရာတွင် သူတို့အာဘော် သူတို့ စာလုံးပေါင်း အတိုင်း ရေးသားပေးသည်။ စာလုံးပေါင်း သတ်ပုံ မှားမှန်း သိ သည့်တိုင် ဘယ်အခါမှ ပြင်မပေးပါ။)
(၄) စာတိုင်းတွင် ခရစ်ယာန်သုံး အာဘော်များ ပါဝင်သည်၊ ထိုစကားလုံးများမှ တစ်ချို့မှာ- မူဆလင်တို့၏ ဘုရားကို အာလာ ဟု ရေးခြင်း၊ ခုနှစ် သက္ကရာဇ်များ၌ ခရစ်တော် နှစ်ဟု ရေးခြင်း၊ အဖွဲ့အစည်းများအား အသင်းတော်ဟု ရေးခြင်း တို့ ဖြစ်သည်။ အခြား စာလုံး များစွာရှိသည်-၊ ယခု ဖေါ်ထုတ်လိုက်လျှင် သူတို့ဘက်မှ ပြင်သွားနိုင်သည်။ စာဖတ်သူများ သိနိုင်စေရန်သာ ဖေါ်ပြခြင်း ဖြစ်သည်။

အထူးမှတ်ချက်- သူတပါး ကိုးကွယ်ယုံကြည်သော ဘုရား ဆိုသည့် စကားလုံးများကို ကိုင်၍ ပယ်ပယ်နယ်နယ် ဆဲရေး တိုင်းထွာလျှင် ထိုအသုံးအနှုံးသည် ခရစ်ယာန်များ၏ ပါးစပ်မှ ဖြစ်သည်။ ခရစ်ယာန်များသည် သူတပါးကိုးကွယ်သော ဘုရားဟူသော စကားလုံးများ ကိုင်တွယ်၍ ဆဲရေးတိုင်းထွာခြင်းကို အပြစ်မရှိဟု လုံးဝဥဿုံ ယုံကြည်ထားသည်။ အခြားမည်သည့် ဘာသာသည်မှ ထိုကဲ့သို့ ညစ်ပတ် သောစကားလုံးများဖြင့် မဆဲ ရဲချေ။
မူဆလင် နာမည်ဖြင့် ဗုဒ္ဓဘာသာ မုန်းတီးရေး ဖြန့်ချီလျှင်-
(၁) (မြန်မာပြည်မှ) မူဆလင်အများစုသည် စာပေ၌ အားနည်းသည်။ ဗုဒ္ဓကျမ်းစာများအား ခရစ်ယာန်များ လောက် လေ့လာထားခြင်း မရှိဟု ကျွန်တော်ထင်သည်။ ဗုဒ္ဓဘာသာမှ ကျမ်းများအား မြောက်များစွာ ကိုးကား လျှင် ခရစ်ယာန်များက ရေးခြင်း ဖြစ်သည်။
(၂) မူဆလင်များသည် သူတပါး ဘာသာမှ ဘုရားများ၊ ဗုဒ္ဓရဟန်းတော်များအား ပုတ်ခတ်ဆဲဆိုခြင်းမှ အထူး ရှောင်ကြဉ်သည်- (ထိုအ ကြောင်းအား ကျွန်တော် တွေ့ဘူးသော ပုဂ္ဂိုလ်များ ခေါင်းစဉ်ဖြင့် ဖေါ်ပြပေးပါမည်)။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားအား ညစ်ညမ်းသော စကာလုံးများဖြင့် ဆဲဆိုခြင်း ပါဝင်လျှင် ထိုစာအား ခရစ် ယာန်များမှ ရေးခြင်း ဖြစ်သည်။ ရဟန်းသံဃာတော်များအား ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်းကိုလည်း ခရစ် ယာန်များက လုပ်ဆောင်ခြင်း ဖြစ်သည်။ မူဆလင်များမှ စာပေအင်အား နည်းသူများမှ ဗဟုသုတ နဲသူ အချို့မှ ပြုလုပ်နိုင်သည်။ သို့သော် မူဆလင်များမှ ပညာတတ်လေ ရှောင်ကြဉ်လေ ဖြစ်သည်။ ငရဲကြီးမည်ဟု ခံယူ ထားသည်ကို တွေ့ရသည်။
(၃) မူဆလင် အများစုမှာ မြန်မာစာတွင် အားနည်းသည်။ ကွန်ပြူတာနှင့် ဝေးကွာသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မုန်းတီးရေး ၀ါဒဖြန့်စာများ ဖြန့်ချီနိုင်သော အဆင့်တွင် မရှိပေ။ စာတတ်သူများ တစ်ချို့ရှိသည်- လူဦးရေ နည်း ပါးသည် သို့သော် သူတို့၏ အရေးအသားသည် မြန်မာစာ စံချိန်မှီသည်- ရေးသားရာတွင် အင်္ဂလိပ်စာမှ ဘာ သာပြန် အာဘော် မပါဝင်ချေ။ ခုနှစ် သက္ကရာဇ်များကို ရေးသားရာတွင် အေဒီ သို့မဟုတ် ခရစ်သက္ကရာဇ်ဟု ရေးလေ့ရှိသည်။ ခရစ်တော် နှစ်ဟု သုံးစွဲခြင်း မရှိချေ။

အထက်ပါ အချက်များအား လက်ကိုင်ထားနိုင်သူသည် စာတစ်စောင်အား ဖတ်ရသည်နှင့် ဤစာအား ဘယ်သူက ရေးသည် ဆိုခြင်းကို သိနိုင်စေရန် ဖြစ်သည်။
အသင်းတော်၊ တမန်တော်၊ ဗုဒ္ဓဘာသာကို ဖြစ်စေ၊ မူဆလင်များ ကို ဖြစ်စေ - ဆန့်ကျင်ရေး အသင်း ဟု ထိပ်စီး ပါသော ဘလော့ဂ်များ- အင်္ဂလိပ်မှ ဘာသာပြန် အာဘော် ပါသော သလော့ဂ်များ၊ မြန်မာစာ အသုံး အနှုံး တွင် တိုင်းရင်းသား လေသံဝဲသော ဘလော့ဂ်များ အား အထူးသတိထားစေလိုသည်။

ထိုဘလော့ဂ်များကို ထိုင်း၊ အိန္ဒိယ၊ ဒိန်းမတ်၊ စင်္ကပူ နိုင်ငံများမှ အားသွန်ခွန်စိုက် ပြုလုပ်လျှက် ရှိသည်။ (နောက်ပိုင်းတွင် လူပုဂ္ဂိုလ် အမည်များကိုပါ ဖေါ်ပြပါမည်-၊ အထူးသဖြင့် ထိုင်းနိုင်ငံရောက် ဗုဒ္ဓဘာသာ မြန်မာများသည် ဘာသာရေး လှုပ်ရှားမှုတွင် စိတ်မ၀င်စားချေ အသင်းအဖွဲ့များမှာ ၄င်းတို့ လုပ်ငန်းနှင့် ၄င်းတို့ ရှိသည်။ သာမန်လူများမှာ စီးပွားရေး လုပ်ကိုင်စားသောက်နေရသည်။ မြန်မာပြည်သား မူဆလင်များမှာ ပို၍ ဆိုးသည် ကွန်ပြူတာ မြင်ဘူးသူ မရှိသလောက် ဖြစ်သည်။ ဗုဒ္ဓ ဘာသာ၊ မူဆလင်ဘာသာများမှ တက္ကသိုလ် လာ တက်သူ အနည်းအကျဉ်းရှိသည်၊ ဘာသာရေး ၀ါဒဖြန့်မှုများ၊ နိုင်ငံရေး ၀ါဒ ဖြန့်မှုများတွင် စိတ်မ၀င်စားချေ။ ခရစ်ယာန် အများစုသည်သာ ကွန်ပြူတာနှင့် ပတ်သက်သည်။ ၀ါဒဖြန့်ချီမှုအား အားသွန်ခွန်စိုက် လုပ်လျှက် ရှိသည်။ ကရူးဆိတ်သင်တန်းများ ပို့ချလျှက် ရှိနေသည်။ ကုလားညစ်၊ ဗုဒ္ဓပျက် စစ်ဆင်ရေး ဟု နာမည် ပေးထားသည်။ ဆိုလိုချက်မှာ မူဆလင်ဘာသာ အား စုတ်ပဲ့ညစ်ပတ်သည်ဟု လူထုက ခံယူစေရမည်၊ ဗုဒ္ဓဘာသာသည် အကြွင်းမဲ့ ပျောက်ပျက်သွားရမည်။ ဟု စီမံချက် ဖြစ်သည်။
(၂) လက်ကမ်းစာစောင်များ၊ ၀ါဒဖြန့်စာများ ဖြန့်ချီမည်- ဖြစ်သည်။
အဆိုပါ ၀ါဒဖြန့်ချီစာပေများအား- အီးမေးလ်များမှသာ ပြုလုပ်သည် မဟုတ်ပေ၊ စာရွက်စာတမ်းဖြင့် လည်း ကောင်း၊ စာအုပ်အဖြစ် ထုတ်၍ လည်းကောင်း လျှို့ဝှက် ဖြန့်ချီနေပေသည်။ ဘန်ကောက်မြို့တွင်- အလုပ် သမား ၏ ကြားသို့ ရောက်စေရန် နည်းမျိုးစုံဖြင့် ဖြန့်ချီသည်။ ဂေါ် ရခါး လူမျိုးများပါ မကျန် ထိုစာများ ဖတ်နိုင်စေ ရန် ဖြန့်ချီလေသည်။ ပြည်တွင်းတွင်မူ- ရနိုင်သမျှ လိပ်စာများကို စု၍ စာတိုက်မှ တဆင့် ဖြန့်ချီရန်လည်း အစီအစဉ် ရှိနေသည်။ ဖြန့်ချီစာများ ပေါက်ကြားသွားလျှင် အစိုးရက ၀ါဒ ဖြန့်လေဟန် ပြုလုပ်ရန်လည်း စီစဉ်ထားမှု ရှိ နေသည်။

ကမ္ဘာအတိုင်း အတာနှင့် မူဆလင် ခရစ်ယာန်များ စစ်ဖြစ်နေကြရသည်မှာလည်း ခရစ်ယာန်များက သူ တပါးနိုင်ငံအား အတွင်းဝင် ချယ်လှယ်သော ကြောင့်သာ ဖြစ်ရသည်ဟု ကျွန်တော် ထင်မြင်မိသည်။
ခရစ်ယာန်နှင့် မူဆလင်များ စစ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျွန်တော်တို့နှင့် မသက်ဆိုင်ပေ။ သို့သော် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား ညစ်ပတ်ပေရေ သော အကြံဆိုးများဖြင့် ၀င်ရောက်ကြီးစိုးရန် plan ချထားမှုများသာ ကျွန်တော်တို့ နှင့် သက်ဆိုင်ပါသည်။ မြန်မာနိုင်ငံသား မှန်သမျှ မြန်မာပြည်ကို ချစ်လျှင်- ညစ်ပတ်ပေရေမှုအား ကာကွယ်နိုင်ရန် ဖေါ်ထုတ်ရခြင်း ဖြစ်ပါသည်။
ကိုယ်တွေ့ အမှန်ကို ဖေါ်ထုတ်နေသည် (ဤသို့ ဖေါ်ထုတ်ရာတွင် ကျွန်တော့ အတွက် အခက်အခဲများ အန္တရာယ်များ ရှိနေပါသည်။-သို့ သော်-----။
သို့သော် ခရစ်ယာန်များထဲ၌ အလွန်ရှားပါးစွာ- လူကောင်းများလည်း ရှိသည်။ (ကျွန်တော်တွေ့ ဘူးသော ပုဂ္ဂိုလ် များ) ခေါင်းစဉ်တွင် ဆက်ဖတ်ပါရန်-။ ရိုးသားဖြူစင်သော ခရစ်ယာန် လူထုလည်း ရှိနေပါသည်။ ထိုသူများမှာ ဓမ္မဆရာတို့၏ ၀ါဒ၌ စီးမြောနေရသူများသာ ဖြစ်သည်။
ဖေါ်ထုတ်နိုင်ရန် ဘလော့ဂ်ပြုလုပ်ပေးသော အတွင်းလူတစ်ဦးအား အထူးကျေးဇူးတင်ပါသည်။
ဆက်လက်တင်ပြပါမည်။
ကိုရင်မိုး

Monday, January 11, 2010

လျှို့ဝှက် ကရူးဆိတ်စစ်သည်များ

ခရစ်ယာန်များ၏ ပေါ်လစီများအနက် အခြားတခုမှာ၊ ကရူးဆိတ်သင်တန်းများမှ စနစ်ကျ ခိုင်မာစွာ လူရွေးပြီး အမာခံစစ်သည်များအား ဗုဒ္ဓဘာသာနှင့် အခြားဘာသာများ အတွင်းသို့ ဟန်ဆောင်ဝင်စေလျှက် ဗုဒ္ဓဘာသာအား အတွင်းမှ စနစ်တကျ ဖျက်ဆီးရန် ဖြစ်သည်။

ဗုဒ္ဓဘာသာယောင်ဆောင် ကရူးဆိတ်စစ်သည်များသည် ရဟန်းဝတ်လျှက် ရဟန်းသံဃာများ အတွင်းတွင် နှစ်ပေါင်းကြာမြင့်စွာ ဘုန်းကြီး အနေဖြင့် နေထိုင်မည်။ စာချဆရာတော်၊ ကျောင်းထိုင်ဆရာတော်နှင့် အရေးပါသော သံဃနာယက အဖွဲ့များတွင် နေရာ ရလာစေရန် ပိပိယိယိ ၀င်ရောက်ထိုးဖေါက်မည်။ လူဝတ်ကြောင် ဓမ္မစရိယများ အဖြစ်လည်း ၀င်ရောက်ထိုးဖေါက်ထားမည် ဖြစ်သည်။ အခြား ဘာသာ များ အတွင်းသို့လည်း ထိုးဖေါက်နေရာ ယူထားမည် ဖြစ်သည်။

ထိုအစီအစဉ်အတွက်-
(၁) သင့်လျှော်သော ရုပ်ရည်ရှိသည့် သူများကို ရွေးချယ်မည်။
(၂) လူအများ အယုံအကြည်ရှိစေရန် နေထိုင်နိုင်ရန် လေ့ကျင့်ပေးထားမည်။
(၃) ထောက်ပံ့ငွေကြေးကို လှိုင်လှိုင်သုံး၍- နောက်ကွယ်မှ ထိမ်းချုပ်ထားမည်။

(၁) သင့်လျှော်သော ရုပ်ရည်ရှိသည့် သူများကို ရွေးချယ်မည်။ သင့်လျှော်သော ရုပ်ရည်ဆိုသည်မှာ- ဗုဒ္ဓဘာသာ တွင်းသို့ ထိုးဖေါက်သူသည် ကုလားဆင် မဖြစ်စေရ-ဟု ဖြစ်သည်။ အခြား ဘာသာ များ အတွင်းသို့ ထိုးဖေါက်မည့်သူသည်လည်း ပတ်သက်ရာ ဘာသာမှ ယုံကြည်လောက်သည့် ရုပ်ရည် ဖြစ်ရမည်။ ထို့နောက် ၄င်း အား မွေးရပ်ဇာတိမြို့၊ ပြည်နယ်-များနှင့် ဝေးကွာသော အရပ်များတွင် တာဝန်ထမ်းဆောင်စေမည် ဖြစ်သည်။ ဥပမာ- ကရင်ပြည်နယ်မှ လူတစ်ဦးအား ဘုန်းကြီးအဖြစ် ဟန်ဆောင်စေ၍- ချင်းပြည်နယ်၊ စကိုင်းတိုင်း၊ ကချင်ပြည်နယ်- ဧရာဝတီတိုင်း စသည့် ဒေသများတွင် အခြေချစေမည်၊ ၄င်းသည် အနည်းဆုံး တစ်ဆယ်၊ တစ်ဆယ့်ငါးနှစ်- ထိုထက်ကြာမြင့်စွာ၊ သို့မဟုတ် တသက်ပတ်လုံး ဘုန်းကြီးဘ၀နှင့် နေရမည်။ သူ၏ အတွင်းစိတ်သည် ခရစ်ယာန်ဖြစ်၍- အပြင်ဘန်းတွင် ခရစ်ယာန်ဖြစ်မှန်း လုံးဝ မသိစေရ။

၎င်းသည် နေရာရ- သြဇာရှိလာသည်နှင့် အညီ ဗုဒ္ဓရဟန်းတော် သံဃာတော်များအကြား အချင်းချင်း မသင့်မတင့်- အယူအဆ ကွဲလွဲစေ ရန် ဖန်တီးပေးရမည်။ ပါဠိတော်များအား ကောက်ယူပုံ၊ အနက်ဖွင့်ပုံများကို အခြားရဟန်းတော်များနှင့် မတူညီစေဘဲ ကယ်တင်ရှင် ၀ါဒ ဘက်သို့ ယိမ်းပါးစေရန် ဖွင့်ဆိုရမည်။ ၄င်းသည် ကျောင်းထိုင်ဆရာတော် ဖြစ်လာသောအခါ- နောက်ကွယ် ခရစ်ယာန်အဖွဲ့က နောက်မျိုး ဆက် (အတွင်းစိတ်ခရစ်ယာန်) ဗုဒ္ဓရဟန်းတော်များ ဖြစ်လာစေရန် ၄င်းကျောင်းထိုင်ဆရာတော်၏ ကျောင်းတွင် နောက်ဆက်ခံမည့် ကျောင်းထိုင်ဆရာတော်အား ဆက်တိုက်မွေးထားမည်- ဖြစ်သည်။

ဗုဒ္ဓဘာသာ အမည်အောက်မှ ဓမ္မစရိယများ အမြောက်အမြားမွေးထုတ်၍ ဘာသာရေး စာစောင်များ မဂ္ဂဇင်းများတွင် ကယ်တင်ရှင် ၀ါဒ ဘက်သို့ ဦးတည်ရေးသားမည်၊ ဗုဒ္ဓ၀ါဒအတွင်း ပဋိပက္ခဖြစ်လာစေမည့် အယူများကို ဖန်တီးမည်။ အခွင့်သင့်လျှင်- ဗုဒ္ဓဘာသာချင်း၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်မဟုတ်သော အခြားဘာသာများနှင့် မကြေမလည် ဖြစ်သည့် အချိန်တွင် ထိုဓမ္မစရိယများ၊ ဘုန်းကြီးများမှ မီးလောင်ရာ လေပင့် လုပ်ပေးရမည် ဖြစ်သည်။

(၂) လူအများ အယုံအကြည်ရှိစေရန် နေထိုင်နိုင်ရန် လေ့ကျင့်ပေးထားမည်။
ခရစ်ယာန်များသည်- ကရူးဆိတ်ခေါ် သာသနာပြုရာတွင် ဘယ်သူထိခိုက်နစ်နာသည် ဖြစ်စေ ဘာမဆို လုပ်နိုင်သည်။ ထိုသို့ ဆောင်ရွက် ပြုလုပ်မှုအတွက် အပြစ်မရှိ-ဟု ခရစ်ယာန် ဓမ္မဆရာများက အတိအကျ ဆိုသည်။ ၄င်းတို့၏ အလုပ်ဖြစ်စေရန် ပိပိရိရိ လိမ်လည်ရာတွင် လည်း ဘာပဲလုပ်လုပ် ထာဝရဘုရားသခင်က ခွင့်လွှတ်သည် ချစ်ခင်သည်။ ကောင်းကင်နိုင်ငံတော်၏ အမွေခံများ ဖြစ်သည်ဟု ဆိုသည်။ ခရစ်ယာန် မဖြစ်လျှင်- ဘယ်သူ့ကိုမဆို သတ်ပစ်ပိုင်ခွင့်ပင် ရှိသည်ဟု ဆိုသည်။ ထိုပေါ်လစီများနှင့် အညီ ဗုဒ္ဓရဟန်း၊ ဓမ္မစရိယ အဖြစ် ဟန်ဆောင်နေသူမှာ သူတို့အား ဗုဒ္ဓဘာသာ အစစ်ဟု ထင်မှတ်စေရန် ဘယ်ဟန်ဆောင်မှုမျိုးကို မဆို ဟန်ဆောင်နိုင်သည်။ ဟန်ဆောင် ကောင်းလေ- သူတို့၏ ရေရှည်စီမံချက်အတွက် အောင်မြင်မည် ဖြစ်သည်ဟု ယုံကြည်သည်။ ၄င်းသည် သူ၏ ဟန်ဆောင်နေရမှု အတွက် စိတ်မတင်မကျ မဖြစ်စေရန် ကျင့်သားဝရန် လေ့ကျင့်ပေးထားပေသည်။ ၄င်းလေ့ကျင့်မှုမှာ- မိစ္ဆာပရောဖက် စေတန်ဖမ်းစားထားခြင်း ခံရသူများ (ခရစ်ယာန် မဟုတ်သူများ) အတွင်း- ကယ်တင်ရှင် ယေရှုအား ကျေးဇူးတော် သိတတ်လာစေရန် အတွက် လိမ်ညာဟန် ဆောင်နိုင်လေ အဘဘုရားသခင်က ကြိုက်လေ ဖြစ်သည်-ဟု စွဲမြဲစေရန် ရိုက်သွင်း၍ လိမ်ညာခြင်းကို အပြစ်ဒုစရိုက်ဟု ဘယ်လိုမှ မခံစားရစေရန် လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။ ၄င်းတို့ ကိုယ်တိုင်ကလည်း ဗုဒ္ဓရဟန်းဘ၀နှင့် နေရာရလာလေ ပျော်ရွင်လာလေ ဖြစ်ပေသည်။ ရဟန်းတို့၏ သိက္ခာပုဒ်များကို နှုတ်တိုက်ရွတ်ရာ၌ အထစ်အငေါ့မရှိ ရွတ်နိုင်စေရန်- လေ့ကျင့်ထားပြီး- ကွယ်ရာတွင် တိတ် တဆိတ် မိန်းမယူခြင်းများ ရှိနိုင်သည်။

(၃) ထောက်ပံ့ငွေကြေးကို လှိုင်လှိုင်သုံး၍- နောက်ကွယ်မှ ထိမ်းချုပ်ထားမည်။
ထိုဘုန်းကြီးအတုများအား နောက်ကွယ်မှ ငွေကြေးများ ထောက်ပံ့ပေးလျှက် လိုတရ ပြည့်စုံစေရန် ဖန်တီးထားမည်။ သို့သော် ထို ဘုန်း ကြီးအတုများသည် ဒကာ၊ ဒကာမ တို့အား လုံးဝ ကူညီခွင့် မရှိချေ။ အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓဘာသာ အမည်အောက်မှ လူတို့ကို ကူညီသည်ဟု မဖြစ်စေရန် ဖြစ်သည်။ ထိုဘုန်းကြီးများ အနေဖြင့် ဗုဒ္ဓအယူအဆ အငြင်းအခုံဖြစ်မည့် စာအုပ်များကို ရေးသား ထုတ်ဝေနိုင် သည်။ ဗုဒ္ဓဘာသာ စာအုပ်များကို ၀ယ်နိုင်သည်။ ကြိုက်သလို ခရီးသွားနိုင်ရန် လမ်းစရိတ်သုံးနိုင်သည်။ မိမိကျောင်းထိုင်ရာ အရပ်နှင့် ဝေးသောနေရာတွင် အိုးအိမ်များဝယ်ထားသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော သတင်းအချက်များကို နောက်ကွယ် ခရစ်ယာန်အဖွဲ့သို့ ပို့ရာ၌ သုံးစွဲနိုင်သည်။ အာဏာပိုင်များနှင့် ရင်းနှီးပတ်သက်စေရန် သုံးစွဲနိုင်သည်။ (သို့သော်- ထိုအချက်ကို ခရစ်ယာန်အသင်းတော်များမှ ခရစ်ယာန် သာသနာပြုသူများ သွားလာလှုပ်ရှားရေး လွယ်ကူစေရာ၌ ပိုမိုသုံးစွဲပေးသည်။)

၎င်း (ခရစ်ယာန်) ဘုန်းကြီးတိုင်းတွင် နောက်ကွယ်မှ ဘဏ်စာရင်းများ၊ အိုးအိမ်များ၊ တိတ်တဆိတ် မိန်းမ-ကလေးများ ရှိနေသည့် အတွက် ၄င်းအား ထောက်ပံ့နေသော ခရစ်ယာန်အဖွဲ့အား သစ္စာဖေါက်လျှက် ဖေါ်ကောင်လုပ်ရန်မှာ အလွန်ခက်ခဲလှပေသည်။ ထို အချက်အား နိုင်ငံတော် အစိုးရမှ ဖေါ်ထုတ်သင့်ပေသည်။ ကျွန်တော့ကဲ့သို့ လူတစ်ဦးမှ အတိအကျ ဖေါ်ရန်မှာ လွယ်ကူမှု မရှိပေ။ အလွန် လျှို့ဝှက်သည့် ဆောင်ရွက်မှု ဖြစ်၍- ဘယ်သူ့အား ဘယ်အရပ်သို့ စေပို့လိုက်သည်-ကို ကျွန်တော့အနေဖြင့် သိခွင့်မရှိသေးပေ။ (နောက် ပိုင်းတွင် ဖြစ်လာနိုင်သည်။ အတိအကျ သိရသော နေ့တွင် ကျွန်တော်အသက်ကို စတေးလျှက် ဖေါ်ထုတ်ပေးမည် ဖြစ်သည်။)

အချေအတင် ဆွေးနွေးကြရာ၌- မြန်မာနိုင်ငံအတွက်- ဗုဒ္ဓဘာသာကိုသာ အတွင်းလှိုက် ဖြိုစားရန် လိုသည်ဟု အဖြေထွက်လာသည်။ အခြားဘာသာများ- ဥပမာ၊ ဟိန္ဒူဘာသာအတွက်- မြန်မာနိုင်ငံ၌ အဓိကထားလုပ်ဆောင်ရန် မလိုပေ၊ ဟိန္ဒူဘာသာသည် မြန်မာနိုင်ငံ တွင် လူနည်းစု ဖြစ်၍- အဓိက အိန္ဒိယကို မှီနေရသည်။ အိန္ဒိယမှ ဟိန္ဒူဂိုဏ်းကြီးများ အတွင်း- မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာတွင်း ထိုးဖေါက် သကဲ့သို့ ထိုးဖေါက်ထားခြင်းဖြင့်- မြန်မာနိုင်ငံ၏ ဟိန္ဒူဘာသာအား ကိုင်တွယ်ပြီးသား ဖြစ်သွားသည်။

မူဆလင်များအတွက်လည်း မြန်မာနိုင်ငံ၌ ပစ်မှတ်ထား ဆောင်ရွက်ရန် မလိုချေ။ မူဆလင် ကုလားစကား ပြောနိုင်ငံများမှ ခရစ်ယာန်များ အား မူဆလင်ဟန်ဆောင်၍- ယေရှုခရစ်က ကောင်းကင်မှ ဆင်းလာ၍ ကယ်တင်မည်ဟူသည့် ယုံကြည်မှုအား စီမံချက်နှင့် သွတ်သွင်းပြီး ဖြစ်နေသည်။ မူဆလင်တို့၏ ကိုရမ်ကျမ်းအား မူဆလင်ကုလားစကားတတ်သည့် မူဆလင်ဟန်ဆောင် ဗလီဆရာကြီးများက ခရစ်ယာန် ၀ါဒနှင့်အညီ ဘာသာပြန်ထားပြီး ဖြစ်သည်။ လျှို့ဝှက် ဖြန့်ချီပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအားဖြင့် ထိုင်း၊ လာအို၊ ကမ်ဘူးချား၊ သီဟိုဠ်များနှင့် ဆက်နွယ်သော်လည်း၊ ဘာသာစကား- အယူအဆ အားဖြင့် ၄င်းနိုင်ငံများသည် သီးခြားစီ ဖြစ်နေသည်ဟု ခရစ်ယာန်များက မှတ်ချက်ချထားပြီး- ၄င်းနိုင်ငံ အသီးသီးအား ထိုးဖေါက်မည့် နည်းဗျူဟာများမှာ အတိအကျ တူညီခြင်း မရှိချေ။ ဗဟာဗျူဟာမှာ အတူတူပင် ဖြစ်သည်။

၎င်းဗျူဟာများကို ချမှတ်ထားသည်မှာ နှစ်များစွာ ကြာပြီ ဖြစ်နိုင်သည်။ ကျွန်တော် အတိအကျ မသိပေ။ သို့သော် ၄င်း စီမံချက်အား ထဲထဲဝင်ဝင် လုပ်လာသည်မှာ ၁၉၉၀ နောက်ပိုင်းမှ ဖြစ်ကြောင်း သိရသည်။ မည်မျှအောင်မြင်သည်ကို မသိရသော်လည်း လက်ရှိအချေ အနေတွင် ပို၍ အားစိုက်ငွေသုံးနေသည်ကို တွေ့နေရသည်။

ခရစ်ယာန်များသည် သန့်ရှင်းစင်ကြယ်စွာ သာသနာပြုခြင်း မဟုတ်ဘဲ- ဗုဒ္ဓဘာသာ ရဟန်းသံဃာများကိုပင် ဓါးစာခံအဖြစ် သုံးရန် ပေါ် လစီချထားခြင်းမှာ အလွန် ကောက်ကျစ်သော ပေါ်လစီသာ ဖြစ်ပေသည်။ သို့သော် ထိုသို့ ကောက်ကျစ်သော ပေါ်လစီများအား ကျွန် တော်တို့က ဘယ်လို ကာကွယ်ရမည်ဟု ဗုဒ္ဓသာသနာဝင်များ စဉ်းစားမိစေရန် ကျွန်တော့ အနေဖြင့် သတိဖေါ်ပေးရန်သာ တတ်စွမ်းနိုင် ပါသည်။

ကယ်တင်ရှင်ဝါဒ ကျဆုံးပါစေ။

မြန်မာနိုင်ငံသားများ ကောက်ကျစ်ယုတ်မာသူ (ခရစ်ယာန်)တို့၏ ပရောဂတွင်းမှ ဘေးကင်းပါစေ။

ခရစ်ယာန်တို့၏ ငွေအား၊ နောက်ခံအင်အား အလုံးအရင်းဖြင့် သူတပါး သာသနာအတွင်းသို့ ၀င်ရောက် ဖျက်ဆီးခြင်းမှ ကင်းရန်- ခရစ်ယာန်မှအပ အခြားဘာသာများနှင့် ဗုဒ္ဓဘာသာများ ညီညွတ် ချစ်ခင်မှု ရှိကြပါစေ-။

ဆက်လက် ဖေါ်ပြပါမည်။ (အမှန်အတိုင်း ထုတ်ဖေါ်နေပါသည်၊ မှုသားဆင်၍ ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေလိုပါ။ ခရစ်ယာန်မှ လူ ကောင်းများအားလည်း မထိခိုက်စေလိုပါ၊ လိုအပ်သော အချိန်တွင် လူပုဂ္ဂိုလ် အမည်၊ သင်တန်းနေရာ၊ အစည်း အဝေးနေရာ အတိအကျ ဖေါ်ပြပါမည်။ ယခု ကျွန်တော်သည် ထိုအထဲတွင် ရှိနေ၍ သည်းခံပေးပါရန်။---)

ကိုရင်မိုး

Sunday, January 10, 2010

တစ်ပဲရင်း၍ ထာဝရယူ

ကျမ အမှန်ကို ပြောပါသည်။
တစ်မူးရှိလို့ တစ်ပဲလှု ဆိုသည့် စကားပုံသည် ကျမတို့ မြန်မာလူမျိုးများ၏ စေတနာ သဒ္ဓါထက်သန်မှုအား ကမည်းမှတ်တမ်း တင်ပေး သော စကားပုံ တစ်ခု ဖြစ်၍ တန်ဘိုး ကြီးမားပါသည်။ မြန်မာ ကျပ်ငွေ ချိန်ဝန်အရ နှစ်ပဲ တစ်မူး။ နှစ်မူး တစ်မတ်။ ဟု ဖြစ်သည့် အတွက် တစ်မူးသည် တစ်ပဲ၏ နှစ်ဆ ဖြစ်လေသည်။ ထို့ကြောင့် တစ်မူးရှိသူက တစ်ပဲ အလှုဒါနပြုခြင်းမှာ မိမိတွင် ပိုင်ဆိုင်သော ဥစ္စာပစ္စည်း၏ ထက်ဝက်ကို လှုဒါန်းခြင်း ဖြစ်လေ၏။ မြန်မာတို့၏ စေတနာသည်ကား မည်မျှ ကြီးမားလေသနည်းဟူမူ- ဤစကားပုံအရ သိနိုင်ပေသည်။
ထိုအလှုအဒါန်း အတွက် လူဒါန်းသူသည် အလှုခံရသူ၏ ထံမှ မည်သည့် တုန့်ပြန်အကျိုးပြုခြင်းကိုမျှ မျှော်ကိုးထားခြင်း မရှိပေ။ သုံးတန်သော စေတနာပြတ်၍ လှုဒါန်းနိုင်မှ မြတ်သော အလှု ဖြစ်သည်ဟု မြတ်စွာဘုရားက ဟောကြားထားလေသည်။

ထိုကြောင့် ဗုဒ္ဓဘာသာမြန်မာတို့သည် သူ့ထက်ငါ ပို၍ဂုဏ်ယူခြင်းဖြင့် စည်ကားသိုက်မြိုက်သော အလှုအဒါန်းကြီးများကို လုပ်လေ့ ရှိလေ သည်။ ရဟန်းခံရှင်ပြု အလှုများ၊ နားသမင်္ဂလာ အလှုများ၊ နေ့ကြီးရက်သာ အလှုအဒါန်းများ- သီတင်းကျွတ်၊ တန်ဆောင်တိုင်- သင်္ကြန်မှ အစ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ ရှိသော အလှုများမှာ ၀မ်းမြောက် ဂုဏ်ယူစရာ မဆုံးနိုင်တော့ပေ။

မွတ်ဆလင်များ၏ အလှုများကိုလည်း တစေ့တစောင်း လေ့လာဘူးသည်။ သူတို့လည်း လှုဒါန်းလိုက်သော အလှုအတွက် ပြန်လည် မျှော် လင့်ချက် ထားသည်ကို မတွေ့ရ။ ဥပမာ- မုန့်လုပ်၍ အများသူငါများကို ကျွေးသည့် မုန့်အက်နေ့တွင် ဆင်းရဲသားတို့အား ဇကတ် ဟု ခေါ်သော အလှုငွေကို ပေးကြောင်းတွေ့ရသည်။ အလှုရှင်သည် အလှုဝတ္တုအား အလှုယူသူမှ အဘယ် တုန့်ပြန်မှုကိုမျှ ပြန်လည် မျှော် လင့် ထားခြင်း မရှိကြောင်း တွေ့ရလေသည်။ အမဲသားများကို လှီးသတ်၍ ကျွေးမွေးသော အသား အက်နေ့တွင်လည်း ဆင်းရဲသားများ ကို ဖိတ်ခေါ်လျှက် ကျွေးမွေးသည်၊ လိုက်လံဝေငှ၏- အမဲသားလှီးသတ်သူသည် အများဆုံး သုံးပုံ တစ်ပုံသာ ပိုင်ဆိုင်ခွင့်ရှိ၍ ကျန် အသားများကို အများသူငါ ချို့တဲ့သူများ စားသုံးစေရန် ပေးကမ်းလှုဒါန်းလိုက်ရသည်။ ထိုသို့ အလှု လုပ်လိုက်ရခြင်း အပေါ်၌ ဂုဏ်ယူ ၀မ်း သာလျှက် ပျော်ရွင်မြူးထူးနေကြသည်။ ကျမတို့ အနေဖြင့် ယဉ်ကျေးမှု မတူညီသောကြောင့် အမြင်မသင့်တော်ချေ၊ သို့သော် သူတို့ သည် သူတို့ ဘာသာအလျှောက် စေတနာ သုံးတန်ပြတ်လျှက် လှုဒါန်းသည်ကို တွေ့ရလေသည်။

အလှုအဒါန်းလုပ်ရာတွင် ပိုမိုလိမ္မာသူများမှာ ခရစ်ယာန်များပင် ဖြစ်သည်။ ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များမှာ အလှုအဒါန်းတော့ လုပ်သည်။ ပြောစရာ ဆိုစရာ ရှိလျှင် စိတ်၌ မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်ကြသည်။ စည်းကမ်း နည်းလမ်းဟူ ၍ မရှိ သလောက် ဖြစ်သည်။ ၀မ်းသာအဲလယ် ပျော်ပါးဂုဏ်ယူတတ်သည်။ သို့သော် မည်သည့် ခံစားမှုနှင့် မျှော်လင့်ချက်ဟူ၍ မထားပေ။ လောကုတ္တရာ၌ ကောင်းသော အကျိုးကို ရမည်ဟုသာ အလှုရှင်၏ စိတ်၌ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ခရစ်ယာန်များမှာ ထိုကဲ့သို့ မဟုတ်ချေ။ ပျူပျူငှာငှာပြောဆိုတတ်သည်။ အလှုကြီး အဒါန်းကြီးဟူ၍ ကြီးမားစွာ လုပ်ခြင်းနဲသည်။ နဲနဲ- နဲနဲ ခွဲလျှက် လူသားများကို ကူညီတတ်သည်။ ထိုပေးလိုက်သော အကူအညီ၏ နောက်တွင် သူတို့၏ ခရစ်ယာန်ဘာသာသို့ တိမ်းညွတ်လာစေရန် ဆွဲဆောင်မှုများ ရှိနေလေသည်။ အလှု၏ နောက်ဆက်တွဲ ဘာသာရေး အမြတ်ထုတ်မှုများကို အကွက်ကျကျ စီစဉ်ထားသည်များ ရှိလေသည်။

သူတို့၏ အလှုသည် စီမံချက်ချထားသော အလှုဖြစ်သည့်အတွက် ဘာသာခြားများ စိတ်ငြိုငြင်စေမည့် ပုံစံ။ မျက်စေ့စူးစေမည့် ပုံစံများကို အထူးရှောင်သည်။ သူတို့သည် ဆင်းရဲနွမ်းပါးသူများ၏ ထံသို့ ရောက်လာလေ့ရှိ၍- ထိုမိသားစုများအား အ၀တ်စအထည်စများ ပေး ကမ်း၏။ လတ်တလော စားသောက်ရန် ဆန်တစ်အိပ်။ ငါးသေတ္တာ တစ်ဘူး နှစ်ဘူး ပေးကမ်း၏။ ဓနိ-သက်ကယ် မလုံ မခြုံဖြစ်နေသော အိမ် များအား ဓနိ-သက်ကယ်လေး မိုး-ကာ ပေးသွား၏။ ထို့နောက် ထိုမိသားစုထံသို့ အလှု အဒါန်းကို ပြလျှက် ခရစ်ယာန်မက်ရှင်းများ မကြာခဏ ရောက်လာတော့၏။ ဘုရားသခင်က ကောင်းကြီးပေးပါ။ ခရစ်တော်ဘုရား ကယ်တင်ပါဟု ဆုတောင်းပေး၏။ ထိုသို့ လာ ရောက်သည်တိုင်းတွင် အိမ်ရှင်၏ စိတ်နေသဘောထားကို အကဲခတ်တတ်သော လူကဲခတ် ပညာရှင်များကို ခေါ်လာ၏၊ လူကဲခတ် ဆရာက မီးစိမ်းပြလိုက်သည်နှင့် အိမ်ရှင်မိသားစုအား သူတို့နှင့် ၀င်ရောက် ဆုတောင်းပါရန် ဖိတ်ခေါ်မည်။ သူတို့၏ ဆုတောင်း ဆုံးသော် အာမီးန် လိုက်ဆိုခိုင်းတော့၏။

အကြောင်းတိုက်ဆိုင်လျှက်- အိမ်ရှင်မိသားစုမှာ စားဝတ်နေရေးတစ်စုံတစ်ရာ ပြေလည်လျှင်- ၄င်းသည် ထာဝရဘုရားသခင်၏ တန်ခိုး တော်ဖြင့် ခရစ်တော်ဘုရားက ကင်တင်ကြောင်း အိမ်ရှင်များ နားယဉ်လာစေရန် ကြိမ်ဖန်များစွာ ပြောဆိုပေး၏။ ဤနည်းဖြင့် အလှုကို ပြလျှက် ခရစ်ယာန်ဘာသာထဲသို့ ဆွဲသွင်း သွားတော့သတည်း။

ကျမတို့ ဗုဒ္ဓဘာသာ ငွေကြေးတတ်နိုင်သူများက ကြက်၊ ၀က်၊ အမဲ၊ သား။ ငါး အကြီးအကျယ် အကုန်ခံ၍ အလှုလုပ်လိုက်သော်လည်း ဗုဒ္ဓဘာသာထဲသို့ ဘာသာခြား တစ်ဦးအား ဆွဲသွင်းခြင်း မရှိခဲ့ပေ။ သို့သော် ခရစ်ယာန်ဘာသာသည် အမဲ တစ်ကောင်၏ တန်ဘိုးခန့် အလှု ပေးလိုက်သည်နှင့် အနည်းဆုံး မိသားတစ်စုအား စိတ်ပိုင်းဆိုင်ရာအရ ခရစ်ယာန်ထဲသို့ ဆွဲသွင်းပြီးသား ဖြစ်နေလေသည်။

မိသားတစ်စု သို့မဟုတ် လူတစ်ဦးတွက် ခရစ်ယာန်များ အလှုပြ အရင်းအနှီးပြုလိုက်ရလျှင် အများဆုံး ငါး နှစ်သာ ဖြစ်သည်။ ထိုသို့ စည်းရုံးသောသူ လူပေါင်း ၁၀၀ လျှင် ၂၀ ခန့် သူတို့ဘက်သို့ ပါသွားတော့သည်။ လူငယ် လူရွယ်များအား- အနုပညာဖြင့်၊ လူငယ် ချင်း ချစ် ကြိုက်စေသော နည်းဖြင့်- နိုင်ငံခြားသို့ ပညာသင် လွှတ်မည်ဟူသော နည်းဖြင့်- စသည့် နည်းမျိုးစုံဖြင့် သိမ်းသွင်းသည်များလည်း ရှိနေသည်။

လူတစ်ဦးအတွက် ငါး နှစ်ရင်းနှီးလိုက်၍ ထိုသို့ ရင်းနှီးမြှုပ်နှံရာမှ ၁၀ ရာခိုင်နှုန်း အောင်မြင်လျှင် သူတို့ အတွက် ကြီးမားသော အမြတ် အစွမ်းများ ရှိနေလေသည်။ ငါးနှစ်တာအတွင်း သူတို့၏ မစို့မပို့ မေတ္တာပြမှုမှာ ကျပ် သုံးသိန်းထက် ပိုမည်မဟုတ်ချေ။ သို့သော် ထို လူသည် ခရစ်ယာန်ဖြစ်သွားသည်နှင့် သူ၏ ၀င်ငွေထဲမှ ဆယ်ပုံ တစ်ပုံအား သေတပန် သက်တစ်ဆုံး ပေးဆောင်ရတော့သည်။ ထိုအလှု အား ဘာသာရေးအတွက် အလှုဟု အကြောင်းပြ စည်းရုံးသောကြောင့် ပေးရန်လည်း စေတနာ ရှိနေတော့သည်။ တနည်းအားဖြင့် ခရစ်ယာန် ဘရိမ်းဝါ့ခ်ျ လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုလူထံမှ တစ်လလျှင် အနည်းဆုံး ကျပ် ၁၀၀ ခန့် တစ်နှစ်လျှင် ၁၂၀၀၊ ဆယ်နှစ် တွင် ၁၂၀၀၀- နှစ် ၂၀၊ နှစ် ၃၀၊ ထိုသူ၏ သားစဉ်မြေးဆက်မှာ အစဉ်အလာ ခရစ်ယာန် ဖြစ်သွားယုံမျှမက- ဆယ်ဖို့ တစ်ဖို့သော အလှုမှာ လည်း သားစဉ်မြေးဆက် အသင်္ချာ- အသင်္ချေ ပေးသွားရ လေတော့သတည်း။

ထို့ကြောင့် အလှုအတန်းအစားများအား အမျိုးအမည် ခွဲကြည့်လျှင် စေတနာ သုံးတန်ပြတ်သော အလှု။ မိမိ ဂုဏ်ပကာသနတက်ရန် လှုသောအလှု။ နှင့် ငါးလို၍ ငါးစာချ ပြုလုပ်သော အလှုများ ဟူ၍ ဖြစ်တော့သည်။ ခရစ်ယာန်များ၏ အလှုသည်ကား ငါးလို၍ ငါးစာချ သော တစ်ပဲရင်း၍ ထာဝရယူ အလှုမျိုးပင် ဖြစ်တော့သည်။ အကြောင်းအမျိုးမျိုးအောက်တွင် အလှုအဒါန်း ပြုခြင်းကို လက်ခံယူ ရသော်လည်း ခရစ်ယာန်များ၏ ပေးစာ၊ ကမ်းစာ - နောင်ကြိုး မပြတ်သော အလှုများအား မျှော်လင့်နေခြင်းမှ ဝေးဝေးမှ ရှောင်ကြဉ်သင့် ပေသည်။

(ကျမတို့ ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွေပြည်သာ၊ ရွှေပေါက်ကံ၊ ငွေပေါက်ကံ၊ ပုလဲမြို့သစ် များရှိ နွမ်းပါးသူများမှာ ငါးစာချခြင်း ဒဏ်အား အကြီးအကျယ်ခံနေရပါသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအား ၀ိုင်းဝန်း၍ ကူညီကြပါရန်၊ ၀ိုင်းဝန်း၍ နားချပေးကြပါရန် မေတ္တာရပ်ခံအပ်သည်။)

ဒေါ်နု (ဒဂုံမြို့သစ် တောင်ပိုင်း)