Saturday, January 9, 2010

ယေရှုသည် ဗုဒ္ဓရဟန်းတစ်ပါးသာ ဖြစ်၏

ခရစ်ယာန် ကျမ်းစာများတွင် ယေရှုသည် ဂျူးလူမျိုး ဖြစ်သည်ဟု အတိအကျ ရေးသားထားသည်။ ဂျူး လူမျိုးများ တွင် ဘာသာရေး ခေါင်းဆောင် များသည် သူတို့ကိုယ်သူတို့ ဘုရားသားတော်ဟု ခံယူခြင်း မရှိ။ ယခုမူ ယေရှုသည် သူ့ကိုယ်သူ ဘုရားသားတော်ဟု တိတိကျကျ ပြောဆိုထားပေ၏။ ဘုရားသားတော် ဆိုသည့် အသုံး အနှုံးအား ဗုဒ္ဓရဟန်းသံဃာများထံမှ တုပ သုံးစွဲခြင်းသာ ဖြစ်ပေသည်။ ဤအတွက် တိကျခိုင်လုံသော အထောက် အထားမှာ-

ရုရှား စာရေး ဆရာကြီး နီခိုလာ့ဆ်နိုတိုဗစ် (Nicholas Nototvitch) ၏ `လူမသိသော ယေရှုဘ၀´ (The Unknown Life of Jesus) စာ အုပ်တွင် ရေးသားထားလေ၏။ စာရေးဆရာကြီးသည် ၁၈၇၇-၇၈ ရုရှ၊ တူရကီ စစ်ပွဲ အပြီး ရုရှ ခရီးသည် ဖြစ်၏။ သူသည် အပြန်ခရီးတွင် အာဖဂန်နစ္စတန်မှ တဆင့် အိန္ဒိယနှင့် ကာက်ရှ်မီးယားသို့ ရောက်ရှိခဲ့၏။ သူသည် ရုရှသို့ အပြန်ခရီးကို အာရှ အလယ်ပိုင်းမှ ဖြတ်ကျော် သွားရန် ဆုံးဖြတ်ခဲ့ရာ လာဒက်စ်မြို့ဘက်မှ ကျော်ရသည့် လမ်းအတိုင်း သွားလေသည်။ ထိုဒေသ၌ သူသည် ဟိမစ် (Himis) ရှိ ဗုဒ္ဓ သာသနာ ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ခဲ့ရာ လာမာရဟန်း ဂိုဏ်းချုပ်ကြီး၏ ထံမှ ထိုကျောင်းတွင် ယေရှု၏ ဘသကို ဖေါ်ပြထားသော အလွန်ရှေးကျသည့် မှတ်တမ်းများရှိကြောင်း ကြားသိခဲ့ရလေသည်။

ထိုအကြောင်းကို သူသိလို စိတ်ပြင်းပြခဲ့သော်လည်း ဖတ်ရှုလေ့လာရမည့် ဒုက္ခကို မခံနိုင်ဘဲ ခရီးဆက်ခဲ့လေသည်။ သို့သော် ခရီး မထောက်မှီပင် သူသည် လဲကျလျှက် ခြေကျိုးသွားခဲ့သဖြင့် ခရီးမဆက်နိုင်တော့ဘဲ- သူတည်းခဲ့ရာ ဘုန်းကြီးကျောင်းသို့ ပြန်ပို့ ခံခဲ့ရလေ သည်။ ဒဏ်ရာအား ဆေးကု နေစဉ်ပင် သူသည် စကားပြန်တစ်ဦး၏ အကူအညီဖြင့် ယေရှု၏ ဘ၀မှတ်တမ်းများအား ရုရှ စာသို့ ပြန်နိုင် ခွင့် ရခဲ့လေသည်။
စာရေးဆရာကြီးသည် ထိုစာမူအား ကိဗ်မြို့ရှိ သာသနာပိုင် မွန်ရှီယာ မလေတန်အား ပြသခဲ့သည်။ ထို့နောက် အမည်မဖေါ်လိုသော ရောမ ပုပ်ရဟန်းမင်းကြီးအား လည်းကောင်း၊ ပဲရစ်မြို့ ဂိုဏ်းချုပ် ရိုတဲလီ အားလည်းကောင်း ပြသခဲ့သည်။ ထိုပုဂ္ဂိုလ်များက စာမူအား လူသိရှင်ကြား ထုတ်ဝေရန် အကြံအား ကန့်ကွက်တားဆီးခဲ့လေသည်။ (အမှန်တရာအား ဤမျှခုံမင်သော သာသနာ့ ဦးသျှောင်များ ပေ တကား)။

ထိုစာအုပ်တွင်- ယေရှုသည် အသက် ၁၄ နှစ်အရွယ်တွင် ဆင်းဒ်ပြည်နယ်မှ ဤအရပ်သို့ ရောက်ရှိခဲ့ပြီး အရိယာ သူတော်စင်များ သတင်း သုံးရာနေရာများတွင် နေထိုင်ခဲ့သည်။ သူသည် ဂျဂ္ဂနပ်မြို့၊ ရာဇဂရိဟမြို့၊ ဗာရာဏသီမြို့များတွင် ခြောက်နှစ်တာ နေထိုင်ခဲ့သည်။-- လူ အများက ယေရှုအား ချစ်ခင်ကြလေ၏။ (စာမျက် နှာ ၁၀၇)။

သူသည် ရာသီပင်အလိုက် စိုက်ပင်များနှင့် ဆေးဝါးဘယဆေးပင်များ၏ အသုံးဝင်ပုံများကို လေ့လာခဲ့သည်။ ဗုဒ္ဓသာသနာနှင့် ဗြဟ္မဏ ဘာသာတို့ကို လေ့လာခဲ့သည်။ သို့သော် ဗြဟ္မဏဘာသာအား သူ မနှစ်သက်သည့်အပြင် ပြောင်ပြောင်တင်းတင်း ရှုံချပြောဆိုခဲ့သည်။ ထို့ကြောင့် ဗြဟ္မဏ၀ါဒီများ စစ်သည်များ ဗြဟ္မဏရဟန်းများ၏ အသက်ဘေးရန် ကြံစည်မှုကြောင့် တိမ်းရှောင်သွားခဲ့ရသည်။ (စာမျက်နှာ ၁၁၂)။
ဤအကြောင်းအရာများတွင် သူသည် ဗုဒ္ဓရဟန်းတော်များတွင် တပည့်ခံသွားသည်၊ ထို့နောက် ဗုဒ္ဓ၀ါဒကို မြတ်နိုးခုံမင်လျှက် ဗြဟ္မဏ ၀ါဒီများ၏ သုဒ္ဓရ ဓမ္မများကို ပြောင်ပြောင်းတင်းတင်း ဆန့်ကျင်သွားသည်-ဟု အတိအလင်း ဖေါ်ပြထားပေသည်။

ဓမ္မသစ်ကျမ်းစာ ရှင်လုကာ ခရစ်ဝင်အရ သူသည် သူ၏ဇာတိ ဂျေရုဆလင်သို့ ရောက်သောအခါ- အသက် ၃၀ ကျော် ရှိပြီဖြစ်သည်။ ထိုဒေသတွင် သူသည် သူ့ကိုယ်သူ ဗုဒ္ဓရဟန်းတော် ဖြစ်ကြောင်း- ဘုရားသားတော် ကြေငြာ ပေတော့သည်။ အကယ်၍ သူသည် ဖန်ဆင်း ရှင်ဝါဒအား လက်ခံယုံကြည်လျှင်- ထိုဒေသသားတို့ လက်ခံယုံကြည်ထားသော ထာဝရဘုရား၏ တမန်တော်ဟုသာ ကြေငြာမည်မှာ အမှန်ပင် ဖြစ်၏။ ယေရှု၏ ပြောစကားတိုင်းတွင် သူ့ကိုယ်သူ ထာဝရဘုရား၏ တမန်တော် ဟု လုံးဝမတွေ့ရပေ။ ဖန်ဆင်းရှင်ဝါဒကို လက်ခံယုံကြည်ထားသော ဂျူးများက ထာဝရဘုရားဟူသည် ရုပ်နာမ်ဒြဗ် တည်ရှိသော ဘုရားမဟုတ်။ ထိုဘုရားသည် သားမယားမရှိ၊ သားသမီးမရှိ-ဟု အခိုင်အမာ လက်ခံထားလေ၏။ ယေရှု၏ ပြေစကားသည် ထာဝရဘုရား ဟူသည်ကို လက်ခံသော စကားမဟုတ် သူ့ကိုယ်သူ ဘုရား၏သားတော် ဟု အသက်ကိုတည် ပြောဆိုခြင်းသာ ဖြစ်လေသည်။ ထိုစကားမှာ သူသည် မြတ်ဗုဒ္ဓ၏ ရဟန်းတော် တစ်ပါး အဖြစ် အတိအကျခံယူထား၏ ဟူသည်ကို သက်သေခံသွားသော စကားသာ ဖြစ်လေသည်။

ယေရှုအား ကားစင်တင်ခဲ့ပြီး နောက်ပိုင်းတွင်မှ ရှင်ပေါလုက ရဟန်းတော် ယေရှုပြောသည့် ဘုရားသားတော် ဆိုသည်မှ ဘုရား ဆိုသည် မှာ ဂျုးတို့လက်ခံထားသော ကောင်းကင်ဘုံပေါ်မှ ထာဝရဘုရား ဖြစ်သည်ဟု တီထွင်လိုက်ခြင်းသာ ဖြစ်ပေသည်။ သို့သော် ရှင်ပေါလု အနေဖြင့် လက်အုပ်ချီ၍ ဘုရားရှိခိုး- အရိုအသေပြုခြင်းကို ဖျောက်ဖျက်ရန် မေ့လျှော့နေခဲ့ပေသည်။ ယေရှု၏ ဇာတိမျိုးနွယ် လူမျိုး၏ ဘာသာတရားများတွင် လက်အုပ်ချီလျှက် ရှိခိုးခြင်း အရိုအသေပြုခြင်း ဓလေ့များ ယနေ့ထိတိုင် မတွေ့ရသေးဘဲ- ရဟန်းတော်ယေရှု၏ နောက်လိုက်များသည်သာ ယေရှု၏သွန်သင်မှုဖြင့် ယခုလက်ရှိအထိ လက်အုပ်ချီ ရှိခိုးလျှက် ရှိနေသေးသည်မှာ ကြီးမားသော သက်သေ တစ်ရပ်ပင် ဖြစ်လေသည်။

သို့ဖြစ်ပါသောကြောင့်-ယနေ့အခါတွင် ယေရှုအား မြတ်နိုးကြည်ညို လှသော ခရစ်ယာန်များ အနေဖြင့် ရှင်ပေါလု၏ ထွင်လုံးများ နောက်သို့ လိုက်မနေတော့ဘဲ မိမိတို့၏ ဦးဆောင်နာယက ဖြစ်သော ယေရှု၏ သွန်သင်မှု အမှန်ဖြစ်သည့် မြတ်ဗုဒ္ဓဒေသနာအား တိကျ စွာ လိုက်နာ ယုံကြည်သင့်ပေသည်။
စေတနာမှန်ဖြင့်- ဒေသနာမှန်သို့ ဖိတ်ခေါ်အပ်ပါသည်။

ယဉ်ကျော့ (သမိုင်း)

Thursday, January 7, 2010

သာသနာညှိုးနွမ်းစေသည့် လက်သည်များ

ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုသည့်အတိုင်း လူတစ်စု၏ ပြုမူ ဆောင်ရွက်ခြင်းကြောင့် လူ့ အဖွဲ့အစည်းကြီး တစ်ခုလုံး သာသနာကြီးတစ်ခုလုံး မျက်နှာပျက်ရ စရာများ ဖြစ်တော့သည်။

ယခုအခါ- မဆင်မခြင်သော သူများက ကမ္ဘာနှင့် အ၀ှမ်း ဘာသာရေး အတင်းပြောမှုများ ခေတ်ထလာသည်။ ဘာသာရေး အတင်းပြောဆို ကြရာတွင် အင်တာနက် အီးမေးလ် အွန်လိုင်းအား အတင်းအဖျင်း ပို့ဆောင် သယ် ယူရေး ဌာနကြီး အဖြစ် အသုံးပြုနေတော့သည်။ အချင်း ချင်း ပုတ်ခတ်ပြောဆို ချေပကြရာ၌ မြန်မာနိုင်ငံမှ ကရင် ဗုဒ္ဓဘာသာများ ဖြစ်သည့် ဒီကေဘီအေ အဖွဲ့ကြီးမှ ရဟန်း သံဃာတော်များမှ တစ်ချို့ ဦးဇင်းများ ကိုရင် များ၏ သေနတ်ကိုင်ဆောင်မှု၊ သီရိလင်္ကာမှ တမီရ်များ၊ ဟိန္ဒူများအား ပြန်လည်တော်လှန်ရာတွင် ဟိန္ဒူ မုန်းတီးရေး၌ အခြားဘာသာများသည် ဗုဒ္ဓဘာသာများနှင့် ပူးပေါင်းပါဝင်ပါဟု သံဃာတော်တစ်ချို့၏ ဖိတ်ခေါ်မှုများသည်လည်း ပြော စရာများ အနက်မှ တစ်ခု ဖြစ်လာခဲ့သည်။

ဘာသာရေးဆရာများ- တရားဟောဆရာများက လူသတ်လက်နှက်များ ကိုင်စွဲခြင်းသည် သာသနာတစ်ခုအား သိက္ခာကျစေရာ အ ကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ကရင်ဗုဒ္ဓဘာသာ ဘုရားသားတော် ရဟန်းများ၊ ဦးဇင်းများ၊ ကိုရင်များ၏ လက်နက် ကိုင်ဆောင်မှုအား ယခုအခါ ရပ်စဲလိုက်ပြီ ဖြစ်သော်လည်း ၁၉၉၆ ခုနှစ်မှ ၁၉၉၉ နှစ်လောက်အထိ အချို့သော ရဟန်းတော်များ၏ လက် နှက်ကိုင်ဆောင်ခဲ့မှု သမိုင်းမှာ- အဘယ်ကြောင့် လက်နှက် ကိုင်ဆောင်ခဲ့ရသည်ဟူသော အချက်အား အကြောင်းရင်း သမိုင်းဇစ်မြစ်အား ထိန်ချန်မြှုပ်ကွယ်ထားလျှင် လိမ်ညာ ဖုံးဖိထား၍ မရနိုင်တော့ သလို၊ ဗုဒ္ဓသာသနာတွင် ပေကျံသွားသော အမည်းစက်ကိုလည်း ဖြေဖျက် နိုင်မည် မဟုတ်တော့ပေ။

အတိတ်ရာဇ၀င်များမှ ဖုံးဖိထားခဲ့သည်များကိုပင် ကျောက်စာ ကျောက်ချပ်များ။ အရိုးကြွင်း အရိုးကျန်များ တူးဖေါ်လျှက် ဖေါ်ထုတ်နေကြသည် ဖြစ်ရာ- ဓါတ်ပုံမှတ်တမ်း၊ ဗွီဒီယို စသည်များဖြင့် မှတ်တမ်းတင်ထားနိုင် သော ယခုခေတ်မှ ဖြစ်ရပ်ကြီးသည် မည်သည့်နည်းနှင့်မှ ထိန်ဝှက်ထားနိုင်မည် မဟုတ်ပေ။ ဖျောက်ဖျက်၍ လည်း ရနိုင်တော့မည် မဟုတ်ချေ။

ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်- ရသည်မှာ မှန်သော်လည်း၊ ထိုငခုံးမ ပုပ်ရသည့် အကြောင်းရင်းကို ထိန်ချန်ထားလျှက် ပုပ်နံ့ကိုသာ အပြစ်ဆိုနေချေက စစ်မှန်တိကျသော အဖြေကောင်း တစ်ချက် ထွက်မလာနိုင် တော့ချေ။
ထိုဖြစ်ရပ်သည်- ခရစ်ယာန် လူဆိုးလူမိုက်များ၏ ပရောဂကြောင့်သာ ဖြစ်ခဲရခြင်း ဖြစ်သည်။ ထိုအတွက်လည်း သမိုင်းကြောင်းအား အနည်းငယ်လှန်စရာ ရှိနေသည်။
ကိုယ့်မင်းကိုယ့်ချင်းနှင့် နေသော မြန်မာနိုင်ငံသည် နိုင်ငံခြားတို့၏ ကျူးကျော်မှုအား သုံးကြိမ်ခံခဲ့ရသည်။ ပထမဦးစွာ ကျူးကျော် ၀င် ရောက်ခဲ့သူများမှာ အေဒီ ၁၁၆၅ ခုနှစ်-ပုဂံမင်း ရွှေနန်းရှင် သို့ဟုတ် နရသူ လက် ထက် ပဋိက္ကရားမှ ကုလား (သီဟိုဠ်) မှ ပရက္ကမဗာဟု (၁) တိုက်ခိုက် သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နရသူကို ကုလားကျမင်းဟု ရာဇ၀င်တွင်ခေါ်တွင်သည်။ ထိုရောအခါ- ဗုဒ္ဓရဟန်းတော်များ၏ ၀င်ရောက် ဖြန်ဖြေမှုကို သီဟိုဠ်တို့ဘက်မှ လက်ခံ၍ ပြန်သွားခဲ့သည်ဟု စူဠ၀ံသနှင့် ဒေ၀နာဂလ ကျောက်စာများ၌ ဖေါ်ပြ ထားသည်။

ဒုတိယ အကြိမ်တွင် မွန်ဂိုများ အုပ်ချုပ်ထားသော တရုတ်ပြည် ယူနန်မင်းမှ တိုက်ခိုက် သိမ်းပိုက်ခြင်း ဖြစ်သည်။ ရန်စမှာ ၁၂၇၁ မှ ကူဗလေခံ၏ သံအမတ်တို့ကို မြန်မာမင်း စည်သူ (၄) ခေါ် တရုတ်ပြေးမင်းက သတ်ပစ် လိုက် ရာမှ စသည်ဟု ရာဇ၀င်များ၌ ဆိုသည်။ ၁၂၈၅ ၌ တရုတ်ပြေးမင်းက အညံ့ခံသဖြင့် သူ့ကိုပင် နန်းပြန်တင်ကာ ကျဲန်မိ-အင် ဟူ၍ မြန်မာကို တရုတ်၏ လက်အောက်ခံနိုင်ငံ ဖြစ်စေခဲ့သည်။ မြန်မာပြည်တွင်း နန်းလုပွဲများ ကြောင့် ၁၃၀၀ ပြည့်နှစ်တွင် မွန်ဂိုတို့ ရောက်လာပြန်သည်။ သို့သော် မွန်ဂိုတို့သည် မြန်မာ တစ်ပြည်လုံးသို့ ကျူးကျော်ခြင်း မရှိဘဲ၊ သို့သော် မြန်မာတို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မွန်ဂိုတို့ ပြန်သွားခဲ့၍- ၁၃၀၃ ဧပြီ ၄ ရက် တွင် မြန်မာနိုင်ငံအား မွန်ဂိုလက်အောက်မှ ကင်းလွတ်သော နိုင်ငံအဖြစ် တရားဝင်ကြေငြာပေးခဲ့သည်။

သီဟိုဠ်ကုလားများ၊ မွန်ဂိုများသည် စစ်ရေးအင်အား သာသော်လည်း မြန်မာနိုင်ငံအား သိမ်းပိုက်ဝါးမြိုပစ်ခြင်း မရှိဘဲလျှက် မြန်မာ့ထီး မြန်မာ့နန်းအား လေးလေးစားစား အသိအမှတ်ပြုပေးခဲ့ကြလေသည်။

တတိတမြောက် ကျူးကျော်သူများ ဖြစ်သော ခရစ်ယာန် နယ်ချဲ့များသည်ကား ထိုသို့ မဟုတ်- မြန်မာနိုင်ငံအား သိမ်းပိုက်ဝါးမြိုရန်သာ မဟုတ် ဗုဒ္ဓသာသနာတော်ကိုပါ ကျွန်ပြုဝါးမြိုပစ်ရန် ကြိုးစားလေတော့သည်။ ထိုသူယုတ်မာတို့သည် ရဟန်းသံဃာတော်များကိုလည်း ဂရုမစိုက်ခဲ့။ နောက်ဆုံး ဦးဝိစာရကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကိုယ်တော်များကိုပင် အသက်ဆုံးရှုံးရသည်အထိ ပစ်ပယ် ထားခဲ့သည်။ ခရစ်ယာန်များသည် လူကိုသာ ကျွန်ပြုသည် မဟုတ် ရိုးသားသော တိုင်းရင်းသားများ၏ ရိုးသာ သာသနာများကိုလည်း ကျွန်ပြု လိုက်သည်။ မလွှဲသာ မရှောင်သာ လွတ်လပ်ရေး ပေးရတော့မည့် အချိန်၌ပင် ခရစ်ယာန်ဖြစ်နေသော တိုင်းရင်းသားများမှ လူငယ် တစ်ချို့အား အင်္ဂလန်သို့ ခေါ်ယူ၍ ပညာသင်ပေးခဲ့သည်။ ရာသက်ပန် အတူနေထိုင်လာသော တစ်မြေတည်းနေ တစ်ရေတည်းသောက် မြန်မာ ဗုဒ္ဓဘာသာများအား မျိုးရိုးစဉ်ဆက် မဟာရန်သူကြီးများ ဖြစ်သည်ဟု သွေးခွဲသွန်သင်ခဲ့သည်။

လွတ်လပ်ရေးကိုလည်း မြန်မာအပါအ၀င် အခြားသော တိုင်းရင်းသားများနှင့် အတူမယူစေရန် သွေးထိုးပေးခဲ့သည်။ ထိုခရစ်ယာန်မှိုင်းမိ သွားသော ခေါင်းဆောင်များသည် မြန်မာဟူ၍ ကရင်ဟူ၍ သီးခြား ခွဲခြား၍ မရသော နယ်မြေများ၌ပင် ကရင်ခွဲထွက်ရေးဟု တောင်းဆို လေတော့သည်။

ထိုထက်ပို၍ အရေးကြီးသော အချက်မှာ ကရင်ခွဲထွက်ရေးဟု ခေါင်းစဉ်တပ် ကြိုးပမ်းခဲ့သော အဖွဲ့အတွင်းမှ ကရင်လူမျိုးစစ်စစ် ဗုဒ္ဓဘာ သာများအား ရှေ့တန်းမှ ဓါးစာခံများ အတွက်သာ ရာသက်ပန်သုံးခဲ့လေတော့သည်။ ကရင့်တော်လှန်ရေးတွင် ကရင်ဗုဒ္ဓဘာသာမှာ ၈၀ ရာနှုန်းကျော်ပါဝင်၍- ခရစ်ယာန်နှင့် မူဆလင်များမှာ ရာခိုင် နှုန်း အနည်းငယ်သာ ပါခဲ့လေသည်။ သို့ရာတွင် ဗိုလ်လေး ဗိုလ်ကြီး ဗိုလ်ချုပ် များမှာ ခရစ်ယာန်မှ အပ အခြား သူများ ဖြစ်ခွင့် မရခဲ့ချေ။ ဗိုလ်ချုပ်မြသည်ပင် မိမိရာထူးရရှိရေး အတွက် ဗုဒ္ဓဘာသာစစ်စစ်မှ ခရစ်ယာန် သို့ ကူးပြောင်းခဲ့ရလေတော့သည်။ ကရင့်တော်လှန်ရေး နှစ်ငါးဆယ်အတွင်း အောင့်သက်သက်နှင့် ခရစ်ယာန်ထဲသို့ ၀င်လိုက်ရသော လူဦးရေမှာ မနည်းလှချေ။ ဗုဒ္ဓဘာသာ ကရင်စစ်သားများထံမှ မကြာခဏ ကြားသိရသော စကားမှာ ယယ်အေကဲ ချောင်ယောင်းထိဒူ ယကဲချလာ့ လထ-တကယ်လို့ ငါသာ (ရေကူးတဲ့သူ) ခရစ်ယာန် ဖြစ် ခဲ့ရင် ငါ-ဆရာဖြစ်တာ (ရထူးရတာ)ကြာပြီ။ -ဖလုံ ခေါ် ကွင်းကရင် သို့မဟုတ် ဗုဒ္ဓဘာသာ ကရင်များ ပြောသော စကား ဖြစ်သည်။
ခရစ်ယာန်နှင့်ညား၍- ခရစ်ယာန်ထဲသို့ မ၀င်သောကြောင့် မတရား အသတ်ခံလိုက်ရသော မူဆလင်၊ ဗုဒ္ဓ ဘာ သာပေါင်း မှာလည်း အထောင်အသောင်းမက ရှိခဲ့သည်။ ရှိနေဆဲ ဖြစ်သည်။

ငပိစား မျှစ်ကိုက်လျှက် တိုက်ပွဲဝင်နေရသော ကရင် ဗုဒ္ဓဘာသာထုကြီးမှာ- မည်သည့်အခါတွင်မှ နေရာ မရခဲ့။ ရာထူးတက်ချင်လျှင် ခရစ် ယာန်ထဲသို့ ၀င်ကိုဝင်ရမည် ဖြစ်သည်။ မကြာသေးမှီ နှစ်က လုပ်ကြံခံလိုက်ရသော ဗိုလ်ဆန်ပြုတ်သည်ပင်- ဧရာဝတီတိုင်းသား ဗုဒ္ဓ ဘာသာ အစစ်မှ ဒူးပလာခရိုင် ရဲမှုးဖြစ်ရန် ခရစ်ယာန်သို့ ၀င် လိုက်ရသူ ဖြစ်သည်။ ထိုသူတို့၏ တော်လှန်ရေးမှာ ကရင်တော်လှန်ရေး ဟု နာမည်ကောင်း ယူထားသော်လည်း အမှန်တကယ်၌ ခရစ်ယာန်တော်လှန်ရေး သို့မဟုတ် ကရူးဆိတ်သာ ဖြစ်လေသည်။

ကရင်များသည် ရိုးသားသည်။ ပြောဆိုသမျှကို ရိုးသားစွာပင် ယုံလွယ်သည်။ အမိန့်နာခံသည်။ ထိုသို့ဖြင့် ကရင်ဗုဒ္ဓဘာသာထုကြီးမှာ ခရစ်ယာန်တစ်စု၏ ကျေးကျွန်ဘ၀ဖြင့် နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်ကိုပင်- အပြုံးမပျက်ခဲ့ပေ။ သို့သော် မည်သူမဆို မိမိဘာသာတရား အား မိမိချစ်ကြလေသည်။ ကရင် ဗုဒ္ဓ ဘာသာများသည်လည်း သူတို့၏ ရိုးရာဖြင့် ဗုဒ္ဓသာသနာအား ချစ်ခင်ဖက်တွယ်ကြသည်ပင် ဖြစ်သည်။

နင်းပြားဘ၀- ရာထူးမရဖြင့် နှစ်ပေါင်း နှစ်ပေါင်း ၄၉ နှစ် ခံစားပြီးနောက်ပိုင်း၊ မခံမရပ်နိုင်သော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်လေတော့ သည်။ ၁၉၉၆ ခုနှစ်ဟု ဆိုရမည်။ သုမွဲထ မြစ်ဆုံတွင် ဘုရားတည်သည့် ကိစ္စမှ စတင်ခဲ့သည်။ ထိုမှစ မြိုင်ကြီးငူဆရာတော်၏ အမည်ကို လူသိလာခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာများ ဘုရားတည်မည့် နေရာမှာ ခရစ်ယာန်ဘုရားကျောင်း မျက်နှာခြင်းဆိုင် နေရာဖြစ်သည်။ ထို အချင်းအရာအား ခရစ်ယာန်များက လုံးဝ မလိုလားခဲ့ပေ။

ကရင့်မြေ၊ ကရင့်ရေ၊ ကရင့်ဒေသတွင် လက်တစ်ဆုတ်စာ လူနည်းစု ခရစ်ယာန်များက ကြိုက်သလို ချယ်လှယ် နေရာယူလိုက ယူနိုင် သည် သို့သော် ဗုဒ္ဓဘာသာ လူများစုကြီးအတွက် ဘုရားတစ်ဆူတည်ရန်ပင် နေရာမရှိပေ။

ခရစ်ယာန် ဗိုလ်မှုး ဗိုလ်ချုပ်များက အကြောင်းပြသည်မှာ အကယ်၍ထိုနေရာ၌ ဘုရားတည်လိုက်လျှင်- ရန်သူက သူတို့နေရာအား အလွယ် တကူမြင်နိုင်မည်၊ အလွယ်တကူ သိနိုင်မည်ဟု ဖြစ်သည်။ စစ်ရေး ဗျူဟာအရ ရန်သူအား လမ်းပြရောက်မည်ဟု ဆိုသည်။

အမှန်တကယ်တွင် ထိုဗိုလ်မှုး ဗိုလ်ချုပ်များကိုယ်တိုင်က မည်သည့် စစ်ပညာကိုမှ တတ်သည်မရှိ။ လူမိုက်တိုက်- မိုက်ရူးရွဲ စိတ်သာ ရှိ သူများဖြစ်သည်။ ကရင်တော်လှန်ရေး တစ်လျှောက် နယ်စပ်ဂိတ်များမှ ကောက်ခံရရှိခဲ့သော် ၀င်ငွေများမှာ ရေတွက်၍ပင် မနိုင်ပေ။ ထိုငွေကြေးဖြင့် ကရင်လူမျိုးများအတွက် ပညာကျောင်းများ တည်ဆောက်ပေးခြင်း မရှိခဲ့။ ကရင့်တော်လှန်ရေးအတွက် စစ်ရေးဗျူဟာ- နိုင်ငံရေးဗျူဟာများ တတ်ကျွမ်းစေရန် နိုင်ငံခြား ပညာသင်များ စေလွှတ်ခဲ့ခြင်း မရှိ။ ဗိုလ်မှုး ဗိုလ်ချုပ်တို့၏ လက်ရွေးစင် သားသမီး တစ်စု ကိုသာ အိမ်နီးချင်း နိုင်ငံ၌ ကျောင်းထားပေးခြင်း၊ အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ ခရစ်ယာန်ဘာသာရေး ဘွဲ့များ ယူခိုင်းခြင်းများသာ ရှိခဲ့ လေသည်။ ထိုခရစ်ယာန် ဘာသာရေးဘွဲ့ရများထံမှ ဘယ်စစ်ရေး ဗျူဟာများကို ရလိမ့်မည် ဖြစ်သနည်း။

သူတို့၏ စစ်ရေးပညာ- စစ်ရေးဗျူဟာမှာ ဗုဒ္ဓဘာသာဝင်များ ရှေ့မှောက်၌ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ပါးရိုက်ခြင်း။ စစ်ဖိနပ်ဖြင့် ဆောင့်ကန်ခြင်း၊ ခေါင်း ရိုက်ခွဲခြင်း။ သေနတ်ဖြင့် ပစ်သတ်ခြင်းများသာ ဖြစ်ခဲ့သည်။

ထိုသို့ သူယုတ်မာ ခရစ်ယာန်များကြောင့်- ၁၉၉၆ ကရင် အရေးအခင်းတွင် လက်နက်မဲ့ ဗုဒ္ဓသာသနာဝင်များ များစွာ သေဆုံးရတော့ သည်။ ကရင့်တော်လှန်ရေး တပ်တွင်းမှလည်း ဗုဒ္ဓဘာသာများ ထံမှ လက်နှက်များအား သိမ်းဆည်းပစ်လျှက်- တဘက်သတ် စတင်ပစ် သတ်ခြင်းများ ဖြစ်ခဲ့သည်။ ထိုစစ်ပွဲ၏ အဓိက တရားခံမှာ ဗိုလ် ကျော်ရှား-ဖြစ်၍၊ သူ့အထက်မှ ခရစ်ယာန်လူကြီးများကလည်း မျက်ကန်း မျိုးချစ်ပညာမဲ့များသာဖြစ်လျှက် ဗုဒ္ဓဘာသာတို့အား တရားလက်လွန်ပြုခဲ့ခြင်းများ ဖြစ်သည်။

ပြေးလမ်းပိတ်နေသော ရဟန်းသံဃာပေါင်း များစွာအား ဘာသာရေး အငြိုးအတေးဖြင့် ရက်ရက်စက်စက် အသတ်ခံ လိုက်ရသည်။

ထိုဖြင့် မဆုံးသေး။ မိမိတို့၏ ခရစ်ယာန် အယူသည်းခြင်းကို မမြင်နိုင်ဘဲလျှက်- ကရင့်တော်လှန်ရေး နှစ်ခြမ်းကွဲရ သည်မှာ ဘုန်းကြီးများ ကြောင့်ဟု တစ်ရားသေ တစ်ထက်ချ သတ်မှတ်လျှက်-ဘုန်းကြီးများအား ရသည့်နည်းဖြင့် သတ်ဖြတ်ရန် ကြံစည်ခဲ့လေသည်။ ထိုကရင် ပြည်နယ်မှ ဘုန်းကြီးများသည် သူ့တို့၏မြေ သူတို့၏ ရေ သူတို့၏ ဒေသအား ထားခဲ့လျှက် ဘယ်အရပ်သို့မှ ထွက်ပြေး၍ မရနိုင်သည့် အဆုံး မိမိကိုယ်မိမိ လုံခြုံရေးအတွက် လက်နက်ကိုင် နေခဲ့ရတော့သည်။ ထိုရဟန်းများသာ လက်နက်မကိုင်ဘဲ- ထွက်ပြေး တိမ်းရှောင် သွားမည် ဆို လျှင်- ထိုဒေသ၌ ဗုဒ္ဓဘာသာတို့သည် သာသနာရေးရာ၌ အားကိုးအားထား မဲ့သွားရပေလိမ့်မည်။ ခရစ်ယာန် အယူသည်း များ၏ ဘေးမှ ပြေးလာသော သူတိုင်း၏ အားကိုးအားထားရာ အရိပ်မှာ ရဟန်းတော်များ၊ ဘုန်း ကြီးကျောင်းများသာ ရှိခဲ့ပေသည်။

ထိုအခြေ အနေများကြောင့်- သွေးလှိုင်းဆူပွက်နေသော ခရစ်ယာန် လူယုတ်မာများ၏ လူသတ်ကွင်းကြီးထဲ၌ နောက်လိုက် ဒကာ ဒကာမ များ အကျိုးငှာ ရဟန်းသံဃာတော် တစ်ချို့မှာ သေနတ်ကိုင်ဆောင် စောင့်ရှောက် ရန် ပြေးမရှောင်သာသော တာဝန်တစ်ရပ် ဖြစ်ခဲ့ရတော့သည်။

မည်သို့ ဆိုစေ- ဗုဒ္ဓဒေသနာ၌ ဆေးမှင်တစ်စက် စွန်းခဲ့ရသည့် အကြောင်းမှာ- ခရစ်ယာန်လူယုတ်မာ များ ကြောင့် ဖြစ်သည် ဟူသော အချက်အား သမိုင်းမတင်ဘဲ မနေနိုင်ခဲ့ပေ။


ပြည်ချစ်စိုး (ဖားအံ)

Wednesday, January 6, 2010

ခရစ်ယာန်တို့၏ နယ်ချဲ့နည်းပညာ

မိမိနိုင်ငံ၊ မိမိလူမျိုးအား ကျေးကျွန်ဘ၀ မရောက်စေရန် စေတနာ ထားသူတိုင်းသည် ခရစ်ယာန်နယ်ချဲ့တို့အား သတိထားသင့်သည်။ ခရစ်ယာန်တို့သည် နိုင်ငံတစ်နိုင်ငံအား သိမ်းပိုက်ဝါးမြိုလိုလျှင် စီးပွားရေးကို အကြောင်းပြ ၍ ၀ါးမြိုလေ့ရှိသည်မှာ အထင်အရှား ဖြစ်သည်။ အဝေးသို့ ကြည့်ရန် မလို။ မြန်မာနိုင်ငံ၏ ကံကြမ္မာအား ပြန် လည် သုံးသပ်ကြည့်လျှင် ကွက်ကွက်ကွင်းကွင်း မြင်နိုင်လေသည်။

မြန်မာတို့သည် တိုင်းရင်းသား ညီနောင်ဘွားများနှင့် ဥမကွဲ သိုက်မပျက် နှစ် ထောင်နှင့် ချီလျှက် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငါန်း ဖြင့် နေနေခဲ့ယုံမျှမက-အနောက်သို့လားသော် စစ်တကောင်း။ မဏိပူရ၊ ကသည်း ဒေ သများထိ၊ အရှေ့သို့လားသော် စကိုဝ်ထိုင်း၊ ဇင်းမယ်၊ အယုဒ္ဒယထိ သိမ်းသွင်းထားနိုင်ခဲ့လေသည်။ ဘုရင့်နောင် မင်းတရားကြီး လက်ထက် မြန်မာပြည် မြေပုံအား သမိုင်းတွင်ကြည့်လျှင် လက်ရှိ မြန်မာနိုင်ငံ၏ ၂ ဆ သို့မဟုတ် သုံးဆ အထိကျယ်ဝန်းလှတော့သည်။
ထိုသို့ ငြိမ်းချမ်းစွာ သိမ်းသွင်းအုပ်ချုပ်ထားသော မြန်မာနိုင်ငံ၏ ကံကြမ္မာအား ပြောင်းခဲ့သူများမှ ခရစ်ယာန် မျိုးပျက်များပင် ဖြစ်သည်။ ခရစ်ယာန်များမှာ ကမ္ဘာအရပ်ရပ်မှ လူသားများအား ခေါင်းပုံဖြတ်လျှက် ရရှိသော ငွေကြေးများဖြင့် အင်ဒိုချိုင်းနားဒေသနှင့် မြန်မာပြည်ကြီးသို့ ကုန်ကူးသန်း ရောင်းဝယ်ဖေါက်ကားရန် အကြောင်းပြလျှက် ရောက်ရှိလာတော့သည်။

ထိုခရစ်ယာန်များ ရောက်ရှိလာချိန်မှ စ၍ မြန်မာနိုင်ငံ၏ ကံကြမ္မာမှာ ရတက်မအေးရ ဖြစ်လာတော့သည်။ နယ်ချဲ့ ခရစ်ယာန်များသည် ရိုးသားစွာ ကုန်စည်ကူးသန်းခဲ့ခြင်း မဟုတ်။ မြန်မာ့ထီးနန်း၊ မြန်မာ့ပြည်တွင်း ရေးတွင် နည်းမျိုးစုံဖြင့် ၀င်ရောက် ထိုးနှက်တော့သည်။ ထိုအထဲတွင် ခရစ်ယာန် အယူသည်း ငဇင်ကာ ဆိုသူမှာ ပို၍ လက်ဇောင်းထက်လှသည်။ (ငဇင်ကာ၏ သင်ချိုင်းဂူမှာ ရန်ကုန်သံလျှင်၌ ရှိနေသေးသည်။) ငဇင်ကာသည် ရန်ကုန် သံလျှင်ကိုပင် ကျူးကျော်သိမ်းပိုက်လျှက် ဘရင်ဂျီ ခရစ်ယာန်ဂိုဏ်းကို အတင်းအဓမ္မ ဖြန့်ချီခဲ့သည်။

နောက်ပိုင်းတွင် ခရစ်ယာန်တို့၏ မီးစမှာ ကြီးမားလာခဲ့သည်။ တိုင်းရင်းညီအစ်ကိုချင်း ရခိုင်နှင့် ဗမာအား သွေးခွဲ လိုက်တော့သည်။ ထို့ နောက် ရခိုင်အား နုကြမ်းစီးလွှမ်းမိုးရန် ကြိုးစားလာခဲ့သည်။ ထိုအချေအနေကို မြင်သော ဘိုးတော်မင်းက စစ်သူကြီး ဗဟာဗန္ဓုလအား စေလွှတ်လျှက် နှိမ်နှင်းရသည်ထိ ဖြစ်ခဲ့သည်။

မြန်မာတို့၏ လက်သံပြောင်မှန်းသိသွားသော ခရစ်ယာန်တို့သည် သူတို့ သိမ်းပိုက်ပြီးထားသော နယ်များမှ စစ် သည်ပေါင်း များစွာကို စု ဆောင်းလျှက်-လက်နှက်ခဲယမ်းမီးကျောက် မျိုးစုံဖြင့် အောက်မြန်မာနိုင်ငံသို့ အလုံးနှင့် အရင်းနှင့် ၀င်ရောက် သိမ်းပိုက်တော့သည်။ ထို ခရစ်ယာန်များ၏ ညစ်ပတ်စုတ်ပဲ့ပုံမှာ- သူတို့ လူမျိုး ကုလားဖြူ များအား သေရမည့် စစ်မြေပြင်သို့ မလွှတ်ဘဲ။ သူတို့ ကျွန်ပြုထားသည့် ဒေသမှ လူသားများကိုသာ အသေခံ စစ်သားများ အဖြစ် လူမဆန်စွာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုစစ်သားများတွင် အိန္ဒိယမှ မူဆလင်များ၊ ဟိန္ဒူ များ၊ ဗုဒ္ဓဘာသာများ မြောက်မြားစွာ သေကျေခဲ့ရလေသည်။ ခရစ်ယာန်ကား တစ်ယောက်မျှ မသေခဲ့။ (ခရစ် ယာန် ကုလားဖြူ များမှာ နောက်တန်းမှ အမိန့်ပေးသည့် ဗိုလ်ကြီး ဗိုလ်ချုပ် နေရာများတွင်သာ နေခဲ့လေသည်။)
အင်အားခြင်း မမျှ၍ မြန်မာများ စစ်ရှုံးခဲ့ရသည်။ ထိုအခါ-ခရစ်ယာန်များက အနိုင်ကျင့်လျှက် မမျှတသော ရန္တပို စာချုပ်ကို အတင်းချုပ်လျှက် ရခိုင်နှင့် ဗမာအား သွေးခွဲလိုက်တော့သည်။ ထိုစာချုပ်အရ ရခိုင်နှင့် တနင်္သာရီ အား ခရစ်ယာန်များက ယူလိုက်တော့သည်။ သူတို့ သိမ်းပိုက်ရာ ဒေသတိုင်းအား ခရစ်ယာန်သာသနာပြု မက်ရှင်းများအား ငွေကြေး အမြောက်အများသုံး စေလွှတ်လျှက် နုကြမ်းစီး သာသနာပြုလေတော့သည်။
သို့သော်- ဗုဒ္ဓဒေသနာ အခြေခိုင်သော ရခိုင်တွင် သာသနာပြု မအောင်မြင်ခဲ့ပေ။ သို့သော် ရခိုင် တောင်တန်း ဒေသရှိ ချင်း တိုင်းရင်းသားများအား လာ့ဘ်လာလများဖြင့် မြူဆွယ်ခြင်း နိုင်ငံရပ်ခြား၌ ပညာသင်ပေးမည်ဟု မြူ ဆွယ်ခြင်းများဖြင့် အချို့အောင်မြင်ခဲ့လေသည်။ ထိုအခါ-ဗုဒ္ဓဘာသာ ချင်း များကို စာမဲ ဟူ၍၊ ခရစ်ယာန် ကက် သလစ် ချင်းများကို စာနီ ဟူ၍။ ခရစ်ယာန် ပရိုတက်စ်တင့် ချင်းများကို စာဖြူဟူ၍ သွေးခွဲ ချုပ်ကိုင်ထားတော့ သည်။ အချို ချင်းဟု ခေါ်သော မြေပြန့်ချင်း လူမျိုးစုလေးထဲ၌ပင် အုပ်စု သုံးစု သွေးခွဲလျှက် စည်းလုံးညီညွတ်မှု ပြိုကွဲ စေရန် လုပ်လိုက်တော့သည်။

တနင်္သာရီဘက်၌ သာသနာပြု တာဝန်ကျသော ခရစ်ယာန်များသည်လည်း ဗုဒ္ဓဘာသာ အတွင်းသို့ ထိုးဖေါက်၍ မရနိုင်သောကြောင့် တောင်ပေါ်ဒေသနေ ကရင်တိုင်းရင်းသားများ အတွင်းသို့ ထိုးဖေါက်လေတော့သည်။ ကရင် တိုင်းရင်းသားများ အနက်မှ ဦးစွာ လက်ရင်း တပည့်အဖြစ် ဦးပန်းဖြူ (အချို့ သမိုင်းအရ ဦးစောဖြူ) ဆိုသူအား ရရှိ သွားပြီး- ကရင်ဗမာ မုန်းတီးရေးများကို ဖန်တီးလျှက် ကရင်များက ဗမာများ ကိုးကွယ်သည့် ဗုဒ္ဓဘာသာအား ကိုးကွယ်ခြင်းသည် ကရင်လူမျိုးအား သစ္စာဖေါက်ရာ ရောက်သည်ဟူသည့် အတွင်းမူအား ချမှတ် သာသနာပြု တော့သည်။ သို့သော် ခရစ်ယာန်များသည် ကရင်များ အပေါ်၌လည်း ကောင်းမွန်သော စေတနာ မရှိခဲ့ပေ။
ကရင်တို့၏ ရိုးရာအမွေ ကရင် ကြက်ယက်စာ (မူလ-ပင်မ စာပေအား) ဖျောက်ဖျက်ပစ်လျှက်- ကရင်စာဟု ခေါ် သော ကရင်စာ အတုအား တီထွင်ပေးလိုက်လျှက် ကရင့်ရိုးရာ တန်ဘိုးရှိသည်များကိုလည်း ဖျောက်ဖျက်လိုက် တော့သည်။ ထိုမှ စ၍ ကရင်တို့သည်လည်း မိမိတို့အား သမိုင်းမှန်အား မှတ်တမ်းတင်ခဲ့သည့် သမိုင်းကြောင်း အား လေ့လာနိုင်ရန် လမ်းစ ပျောက်သွားလျှက်-ကရင်များ အချင်းချင်း သွေးကွဲရေး လမ်းစ ပေါ်လာ ရတော့ သည်။ နောက်မျိုးဆက် ကရင်များသိသော ကရင်သမိုင်းမှာ `ကျမ်းစာအုပ်ကို အမွေပေးရန် ယူလာသော ကုလားဖြူ (ကော်လာဝါး)သည် ကရင်တို့၏ ကျေးဇူးရှင်´ ဟု သာ စွဲမှတ်သိနေတော့သည်။

ခရစ်ယာန်များသည် မြန်မာတစ်နိုင်ငံလုံးအား သိမ်းပိုက်ရန် နည်းမျိုးစုံဖြင့် ကြံစည်ခဲ့သည် သို့သော် သူတို့၏ သိမ်းပိုက်မှုမှာ ကယ်တင်ရှင် စတိုင် သိမ်းပိုက်မှု နည်းပညာဖြစ်၍- မြန်မာနန်းတွင်း၌ ပြသနာများ ကြီးထွား လာရန် မီးမွှေးထားခြင်း ဖြစ်သည်။ ထိုမီးစမှ တစ်ဖြေးဖြေး လောင်ကျွမ်းလာလျှက်-ကြက်လည်းပန်းစေ-ယာ လည်းညက်စေ အချိန်ပေးထားခြင်း ဖြစ်သည်။ ထိုအတောအတွင်း မြန်မာနိုင်ငံအား သိမ်းပိုက်လိုက်လျှင် တရုတ် ပြည်မှ မည်သို့ တုန့်ပြန်လာမည်ကို တိကျသေရှာစွာသိရန် - မြန်မာနှင့်တရုတ် မည်သို့ ဆက်နွယ်နေသနည်း ဟူသည်ကို အတွင်းကျလေ့လာရေးအတွက် တရုတ်ပြည်၌ သံတမန်များစေလွှတ်လျှက် (၁၀)နှစ်ခန့် လျှို့ဝှက် လေ့လာနေခဲ့လေသည်။ ထိုအထဲတွင် သံအမတ် လော့ဗ်နေဗီယာ မှာ ထင်ရှားသည်။

မြန်မာသည် တရုတ်၏ လက်အောက်ခံမဟုတ် သီးခြား အချုပ်အခြာပိုင်သော နိုင်ငံ ဖြစ်သည်ဟု တိကျသေချာ စွာ သိသော အခါမှ စိမ်ပြေနပြေ ၀ါးမြိုလေတော့သည်။ အကြံကြီးသော ခရစ်ယာန်များမှာ- မြန်မာပြည်အနှံ ခရစ်ယာန် မက်ရှင်းကျောင်းများ ဖွင့်လျှက်- မြန်မာ အနေဖြင့် ခရစ်ယာန်လက်အောက်၌ ပျော်မွေ့နေစေရန် ရည်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့လေသည်။ သိမ်းလေသမျှသော နိုင်ငံများမှ ကျောက်သံပတ္တမြား- ရေနံ-တွင်းထွက် ဆန်စပါးပါ မကျန် အဆီ၊ အသား၊ အရိုး တစ်စစီ မြိန်ရေယှက်ရေ စားသုံးတော့သည်။

တိုင်းရင်းသားများ အကြားသို့ ခရစ်ယာန်မက်ရှင်းများ စေလွှတ်၍ ခရစ်ယာန်သာသနာပြုခြင်း၊ တိုင်းရင်း ပြည်သူအချင်းချင်း သင့်မြတ် ညီညွတ်နေမှုများကို တစ်စစ သွေးခွဲခြင်းများဖြင့် လွတ်လပ်ရေး ကြိုးပမ်းလိုစိတ် မရှိ စေရန် အကွက်ချ စီစဉ်လေတော့သည်။

ခရစ်ယာန်များ၏ လက်အောက်သို့ နှစ်ပေါင်းများစွာ ကျရောက်သွားသော- တောင်အမေရိကတိုက်ရှိ နိုင်ငံများ၊ အာဖရိကတိုက်ရှိ နိုင်ငံများမှာ မြောက်အမေရိကတိုက်ရှိ ဒေသခံ တိုင်းရင်းသားများမှာ လူကိုသာ ကျွန်ပြုလိုက် သည် မဟုတ်- သူတို့၏ မျိုးရိုးစဉ်ဆက် ကိုးကွယ် ယုံကြည်ခဲ့သော သာသနာကိုပါ- ကျွန်ပြုခံလိုက်ရတော့သည်။ ထိုနည်းနှင်နှင်ပင်- မြန်မာနိုင်ငံရှိ တိုင်းရင်းသားများမှာလည်း လူကိုသာ ကျွန်ပြုခံလိုက်ရသည်မဟုတ် မိမိတို့၏ မျိုးရိုးအစဉ်အလာများကိုပါ ကျွန်ပြုခံလိုက်ရလေ၏။

ခရစ်ယာန်ကျွန်ပြုခြင်း ခံလိုက်ရသော သူတို့မှာ လွတ်မြောက်ရန် နည်းလမ်း မရှိပြီ။ အစပိုင်းတွင် ခရစ်ယာန် များက ကူညီသလိုနှင့် ထို လူများ ခရစ်ယာန် ဖြစ်လာသောအခါ-မပေးမနေရ ဆယ်ဖို့ တစ်ဖို့ပေးခြင်း စနစ် အောက်၌ ရာသက်ပန် သားစဉ် မြေးဆက် ခရစ်ယာန်ပုပ် ရဟန်းမင်းများအတွက်- အလုပ်အကျွေး ပြုနေရတော့ သည်။

အမြဲပြုံးနေသော်လည်း-အတွင်းကောက်သော ခရစ်ယာန်များသည် ကမ္ဘာ့နိုင်ငံများ လွတ်လပ်ရေး တောင်းဆို ချိန်များ၌ လွတ်လပ်ရေး ပေးလိုစိတ် မရှိဘဲ- တိုင်းရင်းသားချင်း သွေးခွဲ အိုးမဲသုတ် တိုက်ခိုင်းတော့၏။
လွတ်လပ်ရေး ပေးရကာနီး မြန်မာနိုင်ငံတွင် ကုလားဗမာ အရေးအခင်း၊ ကရင်ဗမာ အရေးအခင်းများကို အကြီး အကျယ် ဖန်တီးခဲ့သည်။ နောက်ဆုံး ထိမ်းမနိုင် သိမ်းမရ ဖြစ်၍ လွတ်လပ်ရေး ပေးရတော့မည့် အချိန်တွင်ပင်- ကရင်ခေါင်းဆောင်ကြီးများအား မျှော်လင့် ချက်များပေး၍ (လိမ်လည်သော ကတိများဖြင့်)ပင်လုံစာချုပ်၌ လက် မှတ် မရေးထိုးရန် စည်းရုံးထားနိုင်ခဲ့သည်။ ကရင်တို့သည် ထို ပင်လုံစာချုပ်တွင် မြန်မာတို့နှင့် အတူ လွတ်လပ် ရေး ရယူပါမည်ဟု လက်မှတ် မရေးထိုးခဲ့သည့် အပြင်- မြန်မာ့ လွတ်လပ်ရေးကိုပင် မထောက်ခံဘဲလျှက် ခွဲ ထွက်ရေး သူပုန်ထ တော့သည်။ အမှန်တကယ်တွင် ဗုဒ္ဓဘာသာကို ကိုးကွယ်သူများမှ အများစုမှာ ထိုသို့ စိတ် သဘောထား မရှိခဲ့ပေ။-ထိုခွဲထွက်ရေး သူပုန်များမှာ အခြားသော တိုင်းရင်းသားများအတွက် ခွဲထွက်ရေး တောင်းဆိုရန် လမ်းစ တစ်ရပ် ဖြစ်စေခဲ့သည်။ ကရင် ခေါင်းဆောင်များသည် ရိုးသားသော်လည်း- မည်သူမဆို ဘာသာရေး၏ မှိုင်းတိုက်မှုဒဏ်အား ကာကွယ်ရန်မှာ လွယ်ကူသော ကိစ္စရပ် မဟုတ်ပေ။

ခရစ်ယာန်နယ်ချဲ့ မတိုင်မှီ မြန်မာထီးနန်းစဉ်ဆက် ကန္တရ၀တီ အမည်ဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေ ထိုင်ခဲ့သော ကရင်နယ်ကြီးမှာ ယခုအခါ ခရစ်ယာန်နယ်ချဲ့များ၏ တို့မီးဖြင့် ဇွဲပကင်တောင်ကြီး မီးလောင် ရချေပြီ။ အပြစ်မဲ့ပြည်သူများ မြောက်များစွာ သေကြေရလေပြီ။ ရိုးသားသော ကရင်တိုင်းရင်းသားများ စာပေ ပညာတတ်မြောက်ခြင်း ဆိတ်သုန်းရလေပြီ။ ထိုမှ အကျိုးဆက် ကရင်မျိုးနွယ် နောင်လာ နောက်သားများ ထွက် လမ်းပျောက်ရလေပြီ။

အလားတူ- မြန်မာတိုင်းရင်းသားများမှ ခရစ်ယာန်ဖြစ်လာသူတို့အား အိန္ဒိယ အရှေ့ပိုင်း မီဇိုဇန်ပြည်နယ် ခရစ် ယာန် ပညာရေးကျောင်းမှ ဒိုင်ခံ ပညာသင်ပေးလျှက်- မြန်မာ ပြည်တွင်းစစ်အား ဆက်တိုက် ဓါတ်ဆီ လောင်း ပေးနေခဲ့သည်။ ကရင်ပြီး ကချင်။ ထို့နောက် ချင်း စသည်ဖြင့် မီဇိုဇန်ခရစ်ယာန်တက္ကသိုလ်မှ ကျောင်းဆင်း များ၏ မီးဖြင့် ပြည်တွင်းစစ်မှာ ငြိမ်းသတ်နိုင်သည် မရှိပြီ။

ခရစ်ယာန်နယ်ချဲ့တို့သည် တရုတ်နှင့် အိန္ဒိယကဲ့သို့ နိုင်ငံကြီးများကိုလည်း ထိုနည်းများကို သုံး၍ နိုင်ငံရေး ဆူပွက်နေစေရန် အမြဲဖန်တီး ထားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန် သမ္မတကြီး ဂျော့ဘုရ် တရုတ်ပြည်သို့ ရောက်သောအခါ- လျှို့ဝှက်တည်ဆောက်ထားသည်ဟု ဆိုသော ခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်၍ ၀တ်ပြုခဲ့သည်။ တရုတ်ပြည်မှ ခရစ်ယာန်များအား ကမ္ဘာမှ သနားစဖွယ်ဖြစ်အောင် လျှို့ဝှက်တည် ဆောက် ထားသည်ဟု မရှက်မကြောက် သုံးစွဲသော်လည်း အမေရိကန် သမ္မတကြီးကိုယ်တိုင် သွားရောက်ဝတ်ပြုခြင်းမှာ လျှို့ဝှက်ထားသော နေရာအား သူက မည်ကဲ့သို့ သိနေသနည်း။ အမှန်ပင် လျှို့ဝှက် တည်ဆောက်ထားလျှင် အမေရိကန် သမ္မကြီးကိုယ်တိုင် သွားရောက်သော် ထိုနေရာမှာ ပေါ်ပေါက်သွားမည် ဖြစ်သည်။ ထိုအခါ အကယ် ၍ တရုတ်အစိုးရသည် ခရစ်ယာန် သာသနာအား နှိပ်ကွပ်လျှင်-နှိပ်ကွက်ရ လွယ်ကူသွားမည် ဆိုသည်ကို မသိ လေသလော။-ဟု မေးစရာ မေးခွန်းများ ဖြစ်လာပေသည်။

အမှန်တကယ်တွင် တရုတ်ပြည်အား ယခင်က ဘိန်းဖြင့် တိုက်ခဲ့သကဲ့သို့ ယခုအခါ ခရစ်ယာန်ဖြင့် တိုက်ခိုက်ရန် စီမံချက်ချထားခဲ့သည်။ ထိုအတွက် ဘုခ်ျ အစိုးရ (အီဗင်ဂျလီကယ် ဂိုဏ်း)ကိုယ်တိုင်က ငွေကြေး အကြီး အ ကျယ် ပုံအောလျှက် ရှိခဲ့သည်။ သို့သော် တရုတ် လူမျိုးများဖြစ်သည့် လူထု၏ စိတ်နှလုံးတွင် ခရစ်ယာန်အား မုန်းစရာ ဟု မမြင်စေရန် ခရစ်ယာန်တို့၏ လက်သုံး တရုတ် ဟန်လူမျိုးများနှင့် တရုတ်မူဆလင် ၀ီဂါ လူမျိုးများ အကြား အမုန်းတရားကို ဖန်တီးပေးထားတော့သည်။ ထိုသို့ ဖန်တီးခြင်းဖြင့် ဟန်လူမျိုးများသည် နယ်ချဲ့ လာ သော ခရစ်ယာန်တို့အား အာရုံမထားနိုင်ဘဲ-၀ီဂါ လူမျိုးများကိုသာ မုန်းတီးရွံရှာနေမည်။ ၀ီဂါ လူမျိုးများကလည်း နယ်ချဲ့ ခရစ်ယာန်တို့အား မျက်လုံးမကျဘဲ-ဟန်လူမျိုး တရုတ် ဗုဒ္ဓဘာသာများကိုသာ မုန်းတီးနေမည် ဖြစ်သည်။ ထိုအကွက်မှာ မရိုးနိုင်သော အကွက် ဖြစ်သည်။

ဘာသာမတူသူ လူသားများအကြား အမုန်းတရား ဖန်တီးထား၍ ခရစ်ယာန်မှ နောက်ကျောမှဝင်ကာ ဓါးဖြင့် ထိုး သော ဗျူဟာပင် ဖြစ်သည်။
မြန်မာနိုင်ငံအတွက်လည်း ခေတ်သစ် နယ်ချဲ့မှုအတွက် ထိုအကွက်ကိုပင် သုံးစွဲနေလေသည်။ ခရစ်ယာန် နယ်ချဲ့ စစ်သည်များအား နယ် စပ်ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများတွင် လှိုင်လှိုင်မွေးထုတ်လျှက် မြန်မာနိုင်ငံတွင်းသို့ အသုတ်လိုက် အသုတ်လိုက် စေပို့လျှက် ရှိနေတော့သည်။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနှင့် ဒီမိုကရေစီ စနစ်အား မြန်မာနိုင်ငံမှ ကြိုဆိုပါသည်။ သို့သော် နောက် ကျောသို့ ဓါးဖြင့် ထိုးရန် ကြံ စည်နေမှုများအား ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှဖြင့် တားမြစ်ရန် မြန်မာ နိုင်ငံသား တိုင်း တွင် တာဝန်ရှိနေသည်။
မင်းသားခေါင်းဆောင်းထားသော ဘီလူးဆိုး ခရစ်ယာန်နယ်ချဲ့အား သိနိုင်ကြပါစေ။

ပြည်ချစ်စိုး (ဖားအံ)

Monday, January 4, 2010

ကရူးဆိတ်များနှင့် သင်တန်းပို့ချမှု

ယခု ခရစ်ယာန်များအတွင်းသို့ ကျွန်တော်ရောက်နေပါပြီ။ ပို၍ပို၍ အတွင်းသို့ ၀င်ရောက် လေ့လာနေပါသည်။ ထိုသို့ အတွင်းသို့ ၀င် ရောက်လေ့လာခြင်းမှာ သူလျှိုလုပ်ခြင်း တစ်မျိုး ဖြစ်မည်လောဟု မိမိကိုယ်မိမိ စိတ်မသန့် ဖြစ်မိသော်လည်း- ထိုသို့ ၀င်ရောက် လေ့လာ ဖြစ်စေရန် တွန်းပို့နေသော အကြောင်းရင်းများ ရှိခဲ့ပါသည်။

ပထမပိုင်းတွင် ခရစ်ယာန်ကျမ်းစာအုပ်အား ဖတ်လျှက်- အစာမကြေသော အရာများ၊ နားမလည်သော အရာများကို ခရစ်ယာန် ဆရာထံ၌ မေးမိသည်။ အချေအတင်ဖြစ်လိုက်- မေးမြန်းလိုက်နှင့် လူချင်း ရင်းနှီးမှုမှာ ပိုမိုတိုးလာခဲ့ပါသည်။ သူနှင့် ရင်းနှီးမှုရလေ- သူ့ တွင် ကပ်ငြိနေသော ဗုဒ္ဓဘာသာအမုန်း၊ အခြားဘာသာများအပေါ် အမုန်း၊ မြန်မာလူမျိုးများ အပေါ် အမုန်းစိတ်များကို ပိုမို သိခွင့် ရလာ လေ ဖြစ်ခဲ့သည်။ ကျွန်တော် အံ့သြသည်က ဘာသာရေးဆရာ တစ်ဦးအနေဖြင့် သူတစ်ပါးအား အဘယ်ကြောင့် အမုန်းစိတ်- မနာလို ဖြစ်စိတ် ကြီးထွားနေရသနည်းဟု ဖြစ်သည်။ (သို့သော် ကျွန်တော်၏ ခံစားချက်ကို သူ့အား ဖေါ်မပြောပါ။)

တဖြေးဖြေးနှင့် ခရစ်ယာန် အသိမိတ်ဆွေများ တိုးပွားလာခဲ့သည်။ ထိုခရစ်ယာန်ဆရာ အပြင် အခြားသော ခရစ်ယာန်ဆရာများနှင့်လည်း ခင်မင်ခွင့် ရလာခဲ့သည်။ ထိုဆရာများသည်လည်း ဗုဒ္ဓဘာသာအပေါ်ထားသော သဘောထားမှာ လွန်စွာ မုန်းတီးစိတ်ရှိ၍- အပြင်ဘန်း တွင် ဟန်ဆောင်သော စကားများကိုသာ ပြောတတ်လေ့ ရှိကြောင်း တွေ့ရပေသည်။ (အချို့ အနည်းငယ်သာ သဘောထားကြီးကြောင်း တွေ့ရပြီး။ အများစုကြီးမှာ ဗုဒ္ဓဘာသာ ပပျောက်သွားရေးကို စနစ်တစ်ကျ စီမခံချက် ဆောင်ရွက်နေကြောင်း သိလိုက်သည်။) လွန်စာ ကြောက်စရာကောင်းသော စီမံချက်ကြီးဖြစ်သည်ဟု ကျွန်တော် ခံစားမိသည်။ ထို့ကြောင့် သူတို့၏ အတွင်းသဘော၊ အတွင်း အကြံ အစည်အား သိသည်ထက် ပိုပြီး သိစေရန်- ကျွန်တော်သည် ခရစ်ယာန်များ အတွင်းသို့ တိုးဝင်လိုက်ခြင်း ဖြစ်သည်။ ကျွန်တော်၏ နောက်ကွယ်မှ မည်သူကမှ ထောက်ပံ့ပေးခြင်း၊ ကူညီပေးခြင်း မရှိပါ။ ကျွန်တော်၏ ခံစားချက်နှင့် ကျွန်တော် ၀င်လိုက်ခြင်းသာ ဖြစ်သည်။

သူတို့၏ စီမံချက်များ
ကျွန်တော် သိသမျှ သူတို့၏ စီမံချက်များတွင်-
(၁) ဗုဒ္ဓဘာသာ စာအုပ်များကို ဆရာတော်များက ဖတ်နိုင်သမျှ ဖတ်၍ အားနည်းချက်များ စုဆောင်း ရှာဖွေရန်-(၂) ဆင်းရဲနွမ်းပါးသူများအား အပေါ်ယံ အကူအညီပေးခြင်းများ-ပြုလုပ်၍၊ သူ၏ အိမ်၌ သူ့အတွက် စုပေါင်း ဆုတောင်းပေးခြင်း၊ လူမှုရေး လိုအပ်ချက် အနည်းအကျဉ်းအား ဖြည့်ဆီးဆောင်ရွက်ပေးခြင်းဖြင့် လူမှုရေးနီးစပ်မှု တည်ဆောက်ထားရန်-
(၃) ဗုဒ္ဓဘာသာ လူငယ်များအား ဘုရားကျောင်းနှင့် ရင်းနှီးမှု ရှိစေရန် ဘုရားကျောင်းသို့ စည်းရုံးခေါ်ဆောင်လာလျှက် လူငယ်ချင်း ရင်းနှီး ပတ်သက်စေလျှက် ခရစ်ယာန်ဘာသာဝင်များနှင့် ထိမ်းမြားပတ်သက်စေရန်-
(၄) လူငယ်ရေးရာ ကရူးဆိတ် သင်တန်းများ ပို့ချလျှက် ကရူးဆိတ်အဖွဲ့များမှ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ရန်-
(၅) ခရစ်ယာန်သာသနာပြုမှုများ လွယ်ကူချောမွေ့စေရေး အတွက် ဗုဒ္ဓဘာသာဝင်များနှင့် အခြားသူများအကြား ရန်ငြိုးအာဃာတများ ဖန်တီးထားရန်-
(၆) ခရစ်ယာန်မဟုတ်သော နိုင်ငံများ ဆင်းရဲတွင်း နစ်နေစေရန် ကမ္ဘာ့ခရစ်ယာန် နိုင်ငံကြီးများအား တိုက်ရိုက်ဖြစ်စေ၊ ခရစ်ယာန် အသင်းကြီးများမှ တဆင့်ဖြစ်စေ ချည်းကပ်လျှက် မူဝါဒ ချမှတ်ထားရန်--- တို့ ဖြစ်သည်။ အသေးစိတ်မူများအား နောက်ပိုင်းတွင် ကျွန်တော်သိသမျှ အကျယ်တ၀င့် ရေးသား ထုတ်ဖေါ်ပေးပါမည်။

ထိုစီမံချက် ချမှတ်ရသော ရည်ရွယ်ချက်များ

(၁) ဗုဒ္ဓဘာသာ စာအုပ်များကို ဆရာတော်များက ဖတ်နိုင်သမျှ ဖတ်၍ အားနည်းချက်များ စုဆောင်း ရှာဖွေရန်-

ထိုရည်ရွယ်ချက်အား ချမှတ်ရသော အကြောင်းရင်းမှာ- မိဘရိုးရာ သာမန်ဗုဒ္ဓဘာသာများအား ဗုဒ္ဓဘာသာ၏ အားနည်းချက်များကို ထောက်ပြလျှက်- သာသနာပြုနိုင်ရန် ဖြစ်သည်။ ဥပမာ အားဖြင့် ဗုဒ္ဓဘာသာတွင် အဓိက လက်ကိုင်ထားသော ကံ-ကံ၏ အကျိုး ဆိုသည် ကို သူတို့က အတွင်းကျကျထည့် မပြောတော့ဘဲလျှက်၊ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု တစ်စုထံသို့ တဖြေးဖြေး ချည်းကပ်လျှက် ကံ-ကံ၏ အကျိုးဆိုသည်မှာ မရှိကြောင်း၊ မဖြစ်နိုင်ကြောင်း- `ဥပမာ- သင်တို့ မိသားစု အလုပ်အကိုင် ကြိုးစား လုပ်ကိုင်နေသော်လည်း ငွေကြေးပြည့်စုံမှု ဖြစ်မလာကြောင်း၊ ကံ-ကံ၏ အကျိုး အမှန်တကယ်ရှိလျှင် လုပ်သမျှကို ခံစားရမည် ဖြစ်ကြောင်း၊ မည်သည့်နေရာ၌ မဆို ကယ်တင်စောင်မမည့်သူ ဟု လိုအပ်ကြောင်း၊´ တဖြေးဖြေး အပျော့ဆွဲ-စည်းရုံးတော့သည်။ အပေါ်ယံ အကူအညီလေးလည်း ပေးကမ်းထားပေသည်။ (လူအများစု ဆင်းရဲနေစေရန် ရည်ရွယ်ချက်အား ၆ တွင်ကြည့်စေလိုသည်)

ရိုးသား၍ အားနာတတ်သော ကျွန်တော်တို့ မြန်မာလူမျိုးများ၏ အမြင်တွင် သူတို့သည် ယဉ်ကျေး၍ ကူညီတတ်သူ၊ သနားတတ်သူများ ဖြစ်သည်ဟု မြင်လာသည်။ အကူအညီ အနည်းအကျဉ်းကြောင့် လတ်တလော ပြေလည်မှုများ ရရှိသွားသည်။ ထို့ကြောင့် သူတို့၏ ပြော စကားများကို အစပိုင်းတွင် နားမထောင်လိုသော်လည်း နောက်ပိုင်းတွင် နားယဉ်လာတော့သည်။ ထိုမှတဆင့် ပြောပါများသော အခါ ယုံချင်လာတော့သည်။

ဓမ္မဆရာများက အလျှဉ်းသင့်သလို- မိမိသည် မူလက ဗုဒ္ဓဘာသာ ဖြစ်ခဲ့ကြောင်း- ထို့နောက် ဘာသာတရားအားလုံးကို လေ့လာရာမှ ခရစ်ယာန်ဘာသာကို ယုံကြည်လာကြောင်း- ဘာသာတရားအားလုံးမှာ ကောင်းသော်လည်း- ခရစ်ယာန်သည် အကောင်းဆုံးဖြစ် ကြောင်း မကြာခဏပြောကြားလေ့ ရှိသည်။ ထိုအတွက်လည်း သူတို့သည် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အထိုက်အလျှောက်ပြောဆိုနိုင် ရန် ပြင်ဆင်ထားသည်။ လေ့လာထားသည်။ ထိုနည်းဖြင့် သာမန်နွမ်းပါး၍ မိဘရိုးရာ ဗုဒ္ဓဘာသာတို့အား မိမိတို့၏ ဘာသာမှာ မှန်ပဲမှန်ပါ့ မလားဟု သို့လောသို့လော ဖြစ်လာစေရန် ဖန်တီးခြင်း ဖြစ်သည်။

(၂) ဆင်းရဲနွမ်းပါးသူများအား အပေါ်ယံ အကူအညီပေးခြင်းများ-ပြုလုပ်၍၊ သူ၏ အိမ်၌ သူ့အတွက် စုပေါင်း ဆုတောင်းပေးခြင်း၊ လူမှုရေး လိုအပ်ချက် အနည်းအကျဉ်းအား ဖြည့်ဆီးဆောင်ရွက်ပေးခြင်းဖြင့် လူမှုရေးနီးစပ်မှု တည်ဆောက်ထားရန်-

ခရစ်ယာန် သာသနာပြုများ၏ ရေရှည်စီမံချက်မှာ မိဘများသည် ဆင်းရဲသောကြောင့် ဖြစ်စေ၊ အခြားအခက်အခဲများကြောင့် ဖြစ်စေ- ယုံ ကြည်မှု မရှိသော်လည်း ခရစ်ယာန်ထဲသို့ ပတ်သက်ဝင်ရောက်လျှင် တော်ပေပြီ။ ထိုမိဘများမှ လွန်သော် ကလေးများလက်ထက်တွင် ထိုဘာသာသည် သူတို့၏ မိဘရိုးရာ စွဲလန်းသော ဘာသာ ဖြစ်လာတော့သည်ဟူသော စီမံကိန်းပင် ဖြစ်ပေသည်။

ခရစ်ယာန် ဆရာတော်များက အဓိက ထိုးနှစ်ရန် ပြင်ဆင်ထားသော အရာများမှာ- (က) ကံ- ကံ၏ အကျိုးကို ပယ်ဖျက်၍ ကယ်တင်ရှင် အား လက်ခံရန် (ခ) ရှင်ဂေါတမ မြတ်စွာဘုရားသည် ဘုရားမဟုတ်- ခရစ်တော် ယေရှုသည်သာ ဘုရား ဖြစ်ကြောင်း လက်ခံလာစေရန် (ဂ) ဗုဒ္ဓဘာသာတို့၏ ၃၁ ဘုံဆိုသည်မှာ မှားယွင်းကြောင်း ကောင်းကင်နိုင်ငံတော်သည်သာ အမှန်ဖြစ်ကြောင်း လူသားတို့အား ရိုက်သွင်းရန် တို့ ဖြစ်သည်။ (ထိုအကြောင်းမှ အကျဉ်းချုပ်အား ကရူးဆိတ် သင်တန်းများတွင် ကြည့်စေလိုသည်။)

(၃) ဗုဒ္ဓဘာသာ လူငယ်များအား ဘုရားကျောင်းနှင့် ရင်းနှီးမှု ရှိစေရန် ဘုရားကျောင်းသို့ စည်းရုံးခေါ်ဆောင်လာလျှက် လူငယ်ချင်း ရင်းနှီး ပတ်သက်စေလျှက် ခရစ်ယာန်ဘာသာဝင်များနှင့် ထိမ်းမြားပတ်သက်စေရန်-

ခရစ်ယာန် ဘုရားကျောင်းများသည် ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် အခြားဘာသာဝင် ကျောင်းများကဲ့သို့ မဟုတ်၊ အခြားဘာသာဝင်တို့အား ဆွဲဆောင်ရန် စနစ်တစ်ကျ ပြင်ဆင်ထားသော နေရာဌာန ဖြစ်သည်။ ဆွဲဆောင်ရေး တရားများ၊ တေးဂီတများ။ သွေးနွေးစေမည့် တေးသီချင်းနှင့် တီးခတ်မှုများဖြင့် လူတိုင်း ပါဝင်သွားစေရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဘုရားကျောင်းသို့ ရောက်လာ သူများမှာ အခြားဘာသာဝင် လူငယ်များ ခရစ်ယာန်ထဲသို့ ၀င်ရမည်ကို အပန်းကြီးသည်ဟု မထင်စေရန်- ဘုရားကျောင်းတက်သည့် နေ့ တိုင်းလိုပင် တစ်စုံတစ်ယောက်က ခရစ်ယာန်ထဲသို့ ၀င်ရောက်ပြနေသေည်။ ရေငုတ်ပြနေသည်။ ထာဝရ ဘုရားသခင် ရှိကြောင်း သက် သေခံပြနေသည်။ အမှန်တကယ် ၀င်လာသူများ ရှိသကဲ့သို့ မမှန်တကယ် မဟုတ်ဘဲလျှက်လည်း ဖန်တီးထားမှုများ ရှိနေသည်။ (ရိုးသား သော လုပ်ရပ်များ နည်းပါးလေသည်။)

ခရစ်ယာန်များသည် ကျွန်တော်တို့ ဗုဒ္ဓဘာသာနှင့် လွန်စွာ နီးစပ်စေရန် ဖန်တီးထား၍ လူမှုဆက်ဆံရေး၌ အခက်အခဲ မရှိချေ။ ထို့ပြင် များသောအားဖြင့် လူငယ်ဘ၀ ရည်းစားဖြစ်လျှင်လည်း ပြသနာ တစ်ရပ် မဟုတ်ပေ။ (ခရစ်ယာန်များမှာ အလယ်အလတ် လူတန်းစားနှင့် ဆင်းရဲသော လူတန်းစားမှ သားပျို သမီးပျိုများအား မည်သူနှင့်မဆို အိမ်ထောင်ပြု၍ ခရစ်ယာန်သို့ အပါဆွယ်စေရန် မူချမှတ်ထားသည်။) အထက်တန်းလွှာများမှ သားသမီးများကိုမူ- ဘာသာခြားများနှင့် ကင်းကွာစေရန် သီးခြားမူ ချမှတ်ထားပြန်သည်။

ကျွန်တော်လေ့လာမိသမျှ- ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ စ၍- ဗုဒ္ဓဘာသာ လူငယ်များ ဘာသာခြားများနှင့် အိမ်ထောင်ပြုရာမှ ၈၀ ရာနှုန်း သည် ခရစ်ယာန်များနှင့် ဖြစ်သည်။ သို့သော် ခရစ်ယာန်များနှင့် အိမ်ထောင်ပြုသည်များမှာ အုတ်အော်သောင်းနင်း မဖြစ်ဘဲ ခရစ်ယာန် မဟုတ်သူများနှင့် အိမ်ထောင်ပြုခြင်းကိုသာ အုတ်အော်သောင်းနင်း ဖြစ်ရခြင်းများမှာ- ခရစ်ယာန်များ၏ အပေါ်ယံမူ (ချိုသာသည့်မူ) ချမှတ်ထားခြင်းနှင့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာများ ရန်ငြိုးထား မုန်းတီးနေစေရန် ချမှတ်ထားသော လမ်းစဉ်များကြောင့် ဖြစ်သည်။

(၄) လူငယ်ရေးရာ ကရူးဆိတ် သင်တန်းများ ပို့ချလျှက် ကရူးဆိတ်အဖွဲ့များမှ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ရန်-

ကရူးဆိတ်ဆိုသည်ကို သမိုင်းတွင် ဖတ်ဘူးခဲ့သည်။ ထိုစဉ်က ကရူးဆိတ် ဆိုသည်မှာ မူဆလင်ကုလားများက ခရစ်ယာန်တို့အား ကျူး ကျော်စော်ကားသောကြောင့် ခရစ်ယာန်များဘက်မှ ပြန်လည် တိုက်ခိုက်သည့် စစ်ပွဲဟု နားလည်ခဲ့ပါသည်။ ထိုစစ်ပွဲများပြီးနောက် ကရူး ဆိတ်စစ်သည်များ မရှိတော့ဟု ထင်မှတ်ထားပါသည်။သို့သော် ခရစ်ယာန်အသင်းတော်များတွင် သာသနာပြုရန် အုပ်စု အဖွဲ့လေးများကို ကရူးဆိတ်အဖွဲ့များဟု အမည်ပေး၍ လူငယ် အမာခံ သင်တန်းများ ပို့ချလျှက် ရှိနေသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရပေသည်။ ထိုအချိန်တွင်မှ ကရူးဆိတ် ဆိုသည်မှာ သာသနာပြုခြင်းဟု အဓိပ္ပါယ်ဖြစ်ကြောင်း နားလည်လိုက်ရသည်။ အံ့သြဘွယ်ကောင်းပေစွ။ ခရစ်ယာန်များ၏ ပရိယာယ်သည် မည်မျှ ပါးနပ်လိမ္မာ၍ စနစ် တကျ
ဝါဒဖြန့်ထားနိုင်သနည်း။ သမိုင်းတွင် ကရူးဆိတ်စစ်သည်များက မူဆလင်များအား စစ်ဆင်နွှဲခဲ့သည်။ ယခုမူ သူတို့သည် ဗုဒ္ဓ ဘာသာမြန်မာများအတွက် ကရူးဆိတ်လုပ်ရန် လူအင်အား ငွေအင်အား စာပေအင်အားဖြင့် ပြင်ဆင်နေလေပြီ။

ကရူးဆိတ်အဖွဲ့များအား သင်တန်းပို့ချရာတွင် (၁) နိဗ္ဗာန်ဆိုသည်မှာ မရှိကြောင်း စိတ်ကူးယဉ်မျှသာ ဖြစ်ကြောင်း၊ ကောင်းကင်နိုင်ငံတော် သာ ရှိ၍ လူသားတို့သည် ကောင်းကင်နိုင်ငံတော်သို့ သွားရောက်ရန်သာ အရေးကြီးကြောင်း- ပုံသေနည်းများ ရေးဆွဲ သင်တန်းပို့ခြင်း။ (၂) ဗုဒ္ဓမြတ်စွာသည် ဘုရားမဟုတ်ကြောင်း၊ ၀ိဘက်တော်တွေ ခံစားခဲ့ရသူ- နောက်ဆုံး ၀က်သားစား၍ အသေဆိုးဖြင့် သေရသူမှာ မည်သို့မှ ဘုရားမဖြစ်နိုင်ကြောင်း- ယေရှုသည်သာ ဘုရားဖြစ်ကြောင်း။ လူသားအပေါင်းအား ကယ်တင်ရန် လူ့ဇာတိကို ခံယူလာသော ဘုရားစင်စစ်ဖြစ်ကြောင်း- ယေရှုကို ဘုရားဟု ယုံကြည်ပါမှ- လူသားတို့သည် ကယ်တင်ခြင်းကို ခံရမည် ဖြစ်ကြောင်းများကို စနစ်တကျ သင်ကြားရိုက်သွင်းပေသည်။ (၃) ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်များ (အထူးသဖြင့် မူဆလင်များ) အကြား ပဋိပက္ခဖြစ်စေရန်၊ မုန်တီး နေစေရန် ဖန်တီးထားမည့် နည်းစနစ်များ ဥပမာ- မူဆလင်တို့၏ မက္ကာ ကျောင်း၌ မပြောအပ်သော ရုပ်ဝတ္ထုပစ္စည်းများ ရှိသည်ဟု- ဗုဒ္ဓဘာသာများ ပါးစပ်မှ ပြောဆိုလာရန် ဖန်တီးခြင်း၊ မူဆလင်ကုလားများက ဗုဒ္ဓဘာသာ မြန်မာ သားကောင်း သမီးပျိုများအား ဘလက် ကာယ ပြုသည်၊ မယားယူ မျိုးပွားသည်ဟု နောက်ကွယ်မှ ဖန်တီးပေးခြင်း။ မူဆလင်ကုလားများမှာ ယုတ်မာ ရက်စက်သူများ- အကြမ်း ဖက်များ ဖြစ်သည်ဟု ၀ါဒ ဖြန့်ခြင်း-များကို ဗုဒ္ဓဘာသာအမည်ခံ၍ အစဉ်လုပ်နေရမည့် နည်းစနစ်များကို စနစ်တကျ သင်ကြားပေးသည်။ တနည်းအားဖြင့် ရိုးသားသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးကြား၌ ကုလားတစ္ဆေခြောက်ထားနိုင်ရန် ရည်ရွယ်သည်။ (ခရစ်ယာန်များသည် ထိုသင်တန်းသို့ မူဆလင် လူငယ်ထဲမှ ခရစ်ယာန်သို့ ၀င်လာသည်ဟု ယူဆသူများကို တက်ရောက်စေခြင်း မပြုပေ။)

(မြန်မာနိုင်ငံထဲတွင် ကျွန်တော်ရှိခဲ့စဉ်က- ခရစ်ယာန်များနှင့် မပတ်သက်သေး၍ ခရစ်ယာန်များအနေဖြင့် မည်သည့်နေရာအား ခြေကုပ် ယူလျှက် လှုပ်ရှားဆောင်ရွက်နေသည်ကို မသိပေ။ ယခု ထိုင်းနိုင်ငံတွင်- ထိုသင်တန်းများကို အထူးသဖြင့် ဘန်ကောက်မြို့- စူခွန် ၀စ်လမ်း- အေကချိုင် ဘုရားကျောင်းတွင် ပြုလုပ်သည်။- အခြားသော ဘုရားကျောင်းများလည်း ရှိနေသည်။- ကျွန်တော်ကိုယ်တိုင် ရေငုတ်ထားသည်မှာ ၇ နှစ်ရှိပြီဖြစ်၍ သင်တန်း (၂) ကြိမ်တက်ရောက်ခွင့် ရခဲ့ပြီး ဖြစ်သည်။ ထိုသင်တန်းတွင် အခြားသော ဗုဒ္ဓဘာသာမှ ခရစ်ယာန်သို့ ၀င်လာသူ တစ်ဦးရှိသည်- မြန်မာနိုင်ငံ တောင်ပိုင်းသား ဖြစ်မည်။ သင်တန်းထဲတွင် ဆရာ နိဗ္ဗာန်မရှိ- ကောင်းကင်နိုင်ငံသာ ရှိသည်ဟု စနစ်တကျ ပုံဆွဲ၍ ရှင်းပြသော အခါမျိုးတွင် သူသည် မခံမရပ်နိုင် ဖြစ်လေ့ ရှိပြီး ဆရာဖြစ်သူအား ခံငြင်းလေ့ရှိသည်။ အခြား သူ၏ မြောက်များစွာသော ခံငြင်းမှု စောဒက တက်မှုများကြောင့် သူ့အား ခရစ်ယာန်များက အယုံအကြည် မရှိပေ။ သို့ဖြစ်၍ ထိုထက် လျှို့ဝှက်သော သင်တန်းများတွင် သူ့အား ပါဝင်စေခြင်း မရှိတော့ပေ။ နောက်ပိုင်းတွင် သူသည်လည်း- ခရစ်ယာန်အသိုင်းအ၀ိုင်းသို့ အလာ ကြဲသွားတော့သည်။ အချို့လည်း အမှန်တကယ် ခရစ်ယာန် သီဝရီများကို ယုံကြည်သွားသူများလည်း ရှိသည်- များသော အားဖြင့် တိုင်းရင်းသားများမှ ဖြစ်သည်။) (သူတို့က ခရစ်ယာန်ကို ဘာသာ ဟု ပြောဆို ရေးသားလျှင် မကြိုက်ပေ။ သာသနာ ဟုသာ ပြောဆို ရေးသားစေသည်။ ဘာသာ နှင့် သာသနာ ဟူသည်ကိုလည်း မတူကြောင်း ကရူးဆိတ် သင်တန်းများတွင် ထည့်၍ သင်ကြားသည်။)

(၅) ခရစ်ယာန်သာသနာပြုမှုများ လွယ်ကူချောမွေ့စေရေး အတွက် ဗုဒ္ဓဘာသာဝင်များနှင့် အခြားသူများအကြား ရန်ငြိုးအာဃာတများ ဖန်တီးထားရန်-

ဤအချက်သည် အထက်ပါ- ကုလားတစ္ဆေခြောက်ခြင်းနှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ ခရစ်ယာန်များသည် သူတို့အား သာသနာပြုမှု ခရစ်ယာန်မှိုင်းတိုက်မှု လွယ်ကူစေရေးအတွက် မကောင်းသော နည်းမျိုးစုံကို အသုံးပြုသည်။ ခရစ်ယာန်ဘာသာဝင် မဟုတ်သူအား သတ်ပစ်ခြင်းသည်ပင် ထာဝရဘုရားသခင်၏ ထံ၌ အပြစ်မသင့်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။ ထိုအတွက်- ခရစ်ယာန်များ၏ သီဝရီတွင် နိုင်ငံတစ်နိုင်ငံ၌ တိုင်းရင်းသားချင်း မသင့်မမြတ်ဖြစ်နေရမည်။ ခရစ်ယာန်မဟုတ်သော ဘာသာတရားများ အချင်းချင်း ရန်ငြိုး အာဃာကြီးနေရမည်။ သူတို့က ကြားမှ ကယ်တင်ရှင် ၀င်လုပ်မည်ဟူသော သီဝရီပင် ဖြစ်သည်။

(၆) ခရစ်ယာန် မဟုတ်သော နိုင်ငံများ ဆင်းရဲတွင်း နစ်နေစေရန် ကမ္ဘာ့ခရစ်ယာန် နိုင်ငံကြီးများအား တိုက်ရိုက်ဖြစ်စေ၊ ခရစ်ယာန် အသင်းကြီးများမှ တဆင့်ဖြစ်စေ ချည်းကပ်လျှက် မူဝါဒ ချမှတ်ထားရန်--- တို့ ဖြစ်သည်။

ဤအချက်သည် နိုင်ငံရေးနှင့် တိုက်ရိုက်ပတ်သက်နေသည်။ နိုင်ငံရေးရာ ကိစ္စများအား မကျွမ်းကျင်သော ကျွန်တော်အနေဖြင့် သုံး သပ်ရန် ခဲ့ယဉ်းလှသော်လည်း- ခရစ်ယာန်များအတွင်းတွင် ရောက်နေသော ကျွန်တော်သည် ခရစ်ယာန်များ၏ လုပ်ဆောင်မှုအား မခံ မရပ်နိုင် ဖြစ်မိသည်။ ခရစ်ယာန် မဟုတ်သော တိုင်းပြည်တစ်ခုအား ခရစ်ယာန်ဘာသာ အလွယ်တကူ ထိုးဖေါက်နိုင်စေရန် လွတ်လပ်စွာ ပြောဆို ရေးသား စည်းရုံးခွင့်များကို တောင်းဆိုပေးသည်။ ဒီမိုကရေစီ ဆိုသော် အော်သံနောက်မှ ရေစုန်မျှောလိုက်ခြင်း ဖြစ်သည်။ သို့ သော် မြန်မာနိုင်ငံကဲ့သို့ ကိုယ်ပိုင်ဘာသာနှင့် အယူခိုင်ပြီးသား နိုင်ငံ အမျိုးအစားအား ကိုင်တွယ်ရာတွင်- (၁) လူနည်းစု လူများစုအား သွေးခွဲထားရေးကို ပေါ်လစီချသည်။ လူနည်းစု တိုင်းရင်းသားများက လူများစုအား မကျေမနပ် ဖြစ်နေလျှင် သူတို့ အနေဖြင့် လူနည်းစု တို့အား စည်းရုံး သိမ်းသွင်းရ လွယ်ကူစေရန် ဖြစ်သည်။ (၂) လူနည်းစုများ ထံမှ သူတို့ သတ်မှတ်ထားသော ရာနှုန်းသည် ခရစ်ယာန်ထဲ သို့ ရောက်လာပြီး နောက်ပိုင်းတွင် လူများစု ဒုက္ခရောက်စေရန် ထိုတိုင်းပြည်အား စီးပွားရေး ပိတ်ဆို့ခြင်းများ၊ ကုန်ကူးသန်းခွင့်အား သပိတ်မှောက်ခြင်းများ ဖြစ်လာစေရန် ဖန်တီးသည်။ တိုင်းသူပြည်သားများ ဆင်းရဲတွင်း နစ်လာလျှင် သူတို့က ၀င်ရောက်ကယ်တင်ဟန် ဖြင့် ခရစ်ယာန်မက်ရှင်းများ ရောက်ထိုးဖေါက်တော့မည် ဖြစ်သည်။ ထိုအစီအစဉ်အား မြန်မာနိုင်ငံအတွက်- မြန်မာနိုင်ငံမှ ခရစ်ယာန်များ က တင်ပြ၍ တောင်းဆိုခြင်းလား- သို့မဟုတ် ခရစ်ယာန်များ၏ ဗဟိုဌာနချုပ်များ ဖြစ်သည့် ဘာတီကန် အပါဝင်- အင်္ဂလန် အမေရိကန် ရှိ အသင်းတော်ချုပ်များမှ ပေါ်လစီချမှတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့ တာ
ဝန်ပေးခြင်းလား- ဟူသည်ကို ယခု ကျွန်တော် မသိသေးပါ။ သိအောင်ကြိုးစားပါမည်။

အခြားဘာသာတို့အား ခရစ်ယာန်များမှ ပုတ်ခတ်စော်ကားခြင်း စာစောင်များကို ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှ (အသင်းတော်သားများ အတွက်သာ ကန့်သတ်) ဟူ၍ စာအုပ် သန်းပေါင်းများစွာကို ထုတ်ဝေလျှက် ရှိနေသည်။

ကျွန်တော့ အနေဖြင့်- ခရစ်ယာန်များ၏ ဤပေါ်လစီများအား ထုတ်ဖေါ်ဖွင့်ချခြင်းမှာ- လူသားအချင်းချင်း မုန်းတီးစေရန် မဟုတ်ပေ။ မြတ် ဗုဒ္ဓဒေသနာ၌ မေတ္တတရားကိုသာ ဦးစားပေး သွန်သင်ထားပါသည်။ လူကို မမုန်းဘဲလျှက်- ခရစ်ယာန်များ၏ မဘွယ်မရာသော မူ ကိုသာ မြန်မာနိုင်ငံသားများ၊ ဗုဒ္ဓသာသနာဝင်များ ဆင်ခြင်သတိ ရှိနိုင်စေရန်သာ ရည်ရွယ်ပါသည်။

အဆိပ်သည် သူ့ဟာသူ သီးခြားနေသော်- ဥပါဒ် မဖြစ်နိုင်။ အဆိပ်သည် မိမိ၏ ခန္ဓာတွင်းသို့ နည်းမျိုးစုံဖြင့်
စိမ့်ဝင်လာလျှင် ကြီးမားသော ဘေးဥပါဒ် ဖြစ်၏- ဆိုသည်ကိုသာ ဆင်ခြင်သင့်ပေသည်။ဆက်လက် တင်ပြပါမည်။

ကိုရင်မိုး

Friday, January 1, 2010

ကျွန်တော်နှင့် ခရစ်ယာန်ဘာသာ

နံပါတ် (၁) အန္တရာယ်

ဤကိုယ်တွေ့ အတွေ့အကြုံများကို ရေးသားရာတွင် မှုသား မပါပေ။ ဘာသာတရား လွတ်လပ်ခွင့်များကိုလည်း မစော်ကားပေ။ ဗုဒ္ဓ သာသနာဝင်များသည် မိမိတို့၏ အမျိုးသိက္ခာကို စောင့်စောင့်ခြင်း ရက္ခတစိတ် ထားရာ၌ အတွင်းရန်၊ အပြင်ရန်အား ဆင်ခြင်သတိဖြင့် မှန်ကန်စွာ သိရန်သာ တင်ပြခြင်း ဖြစ်သည်။ ကျွန်ုပ်စာရေးသူသည် လက်ရှိအထိ ခရစ်ယာန် အသင်းအဖွဲ့တစ်ခုနှင့် ပတ်သက်၍ ၀န်ထမ်း အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသောကြောင့် မှန်ကန်သော ခရစ်ယာန် လူကောင်းများအား ထိခိုက်စေလိုသော စိတ်စေတနာလည်း မရှိ ပေ။

ကျွန်တော်သည် ကျောင်းသားဘ၀တွင် ဘာသာခြားများနှင့် ပေါင်းသင်းဘူးပါသည်။ စကားကြုံလျှင် ဘာသာရေး စကားများလည်း ပြော ခဲ့သည်များ ရှိပါသည်။ အတွင်းကျကျ ပြောခြင်းတော့ မဟုတ်ပါ။ ကျွန်တော်နှင့် ကျောင်းနေဖေါ် သူငယ်ချင်းများတွင် ခရစ်ယာန် ဘာသာ ၀င်များနှင့် ရင်းနှီးစွာ မဆုံဘူးခဲ့သော်လည်း ဖန်ဆင်းရှင်ဝါဒကို လက်ခံသည့် အခြားသော ဘာသာဝင်များနှင့် ရင်းနှီးမှုများ ရှိခဲ့ပါသည်။ လူသား သဘာဝ အတိုင်း ကိုယ့်ဘာသာကောင်းကြောင်း ကိုယ်ပြောများမှာ ဓမ္မတာ ဖြစ်သော်လည်း- သူတစ်ဦးအား မိမိဘာသာ အတွင်း သို့ အတင်းအဓမ္မ ဆွဲခေါ်ခြင်းများ- သူတစ်ပါး၏ အိမ်သို့ တံခါးခေါက်၍ အချိုသပ်လျှက် မိမိသာသနာကောင်းကြောင်း အတင်းအဓမ္မ မြှူယ်ဆွယ်ခြင်း ဓမ္မ သီချင်းဆိုခြင်းများကို မကြုံဘူးခဲ့ပါ။ စိတ်ဆိုးရခက် နုကြမ်းစီး သာသနာပြုခြင်းများကို ကျွန်တော်တို့ ဗုဒ္ဓသာသနာမှ မပြုလုပ်သလို- ကျွန်တော်နှင့် ခင်မင်ဘူးသော သူငယ်ချင်းများ၏ ဘာသာများမှလည်း မတွေ့ခဲ့ရပါ။ တစ်ဦးနှင့် တစ်ဦး သာရေးနာရေးနှင့် ဘာသာရေး ရက်များတွင် လူမှုရေး အရ ဖိတ်ကြားခြင်းများသာ ကြုံဘူးခဲ့ပါသည်။

စီးပွားရေး အခက်အခဲများကြောင့် ဘွဲ့ရသည်နှင့် ထိုင်းနိုင်ငံဘက်သို့ အလုပ်လုပ်ရန် လာရောက်ခဲ့ပါသည်။ မဲဆောက်မြို့တွင် မြန်မာနိုင်ငံမှ လူမျိုးစုံ- ဘာသာစုံကို တွေ့ကြုံရသည်- ဆက်ဆံရသည်။ ပေါင်းသင်း မိတ်ဖွဲ့သည်- ကျွန်တော်တို့ မြို့ထက် လူမျိုး-ဘာသာ ပိုများပါသည်။ ထိုမြို့တွင် လက်ဇောင်းထက်လှသော ခရစ်ယာန် သာသနာပြုများနှင့် ရင်ဆိုင်တိုးရပါတော့သည်။

သူတို့သည် အပြောချို၏။ လူမြင်ကောင်းရန် ၀တ်စားဆင်ယင်၏။ ပျူငှာဖေါ်ရွေဟန်ရှိ၏။ အခက်အခဲ ရှိသူများအား ကူညီ ယိုင်း ပင်းဟန် လည်း ရှိ၏။ ကျွန်တော်တို့နှင့် ပေါင်းသင်း ပတ်သက်ရန်လည်း အခက်အခဲ အဟန့်အတားဟူသည် မရှိ။ အခြားသော ဖန်ဆင်းရှင်ဝါဒ လက်ခံသူများနှင့် မတူ၊ အစားအသောက်- အနေအထိုင် ကျွန်တော်တို့နှင့် ကွဲလွဲမှု မရှိ။ ကျွန်တော်တို့နှင့် သူတို့အကြား လူမှုဆက်ဆံ ရေး၊ တည်းခိုစားသောက်ရေးအတွက် အဖုအထစ် မရှိပေ။

ကျွန်တော်တို့မြို့မှ ဘာသာခြားများနှင့် ရင်းနှီးခဲ့ဘူးသော်လည်း ကျွန်တော်အား သူတို့၏ ဘုရားကျောင်းများသို့ တစ်ခေါက်မှ မခေါ်ဘူးခဲ့ပါ။ ကျွန်တော်ကလည်း သူတို့၏ ဘုရားကျောင်းဆိုသည်ကို သွားရကောင်းမည်ဟု မည်သည့်အခါကမျှ မတွေးမိခဲ့ပါ။ မိမိဖာသာ မိမိ အလိုက် သင့် ပိုနေမြဲ ကျားနေမြဲ နေသားတစ်ကျ နေလိုက်ခြင်းသာ ဖြစ်ပေသည်။ မိဘရိုးရာ အစွဲ- ပတ်ဝန်းကျင်ထုကြီး၏ သတင်းရိုတ်ခတ်မှုဒဏ် ကို
လွန်ဆန်နိုင်သူဟူ၍ ရှိမည်မထင်- ထိုအထဲတွင် ကျွန်တော်သည်လည်း ပါနေမိရာ- ဘာသာခြားများအပေါ် စိတ်ကသိကအောက် ဖြစ်မိသည်များလည်း ရှိခဲ့ပါသည်။

ယခု ခရစ်ယာန်များသည်မှာမူ- ကျွန်တော့အား ဘုရားကျောင်းသို့လိုက်ရန် အတင်းအဓမ္မ စည်းရုံးလျှက် ခေါ်ပါသည်။ နောက်ဆုံး အား ကျို့အားနာနှင့် လိုက်ပါရန် မျိုးစုံ ပြောဆိုပါသည်။ သူတို့၏ ဘာသာရေး ဘုရားကျောင်းသို့ ခေါ်ယူပုံမှာ အလွန်လှိုက်လှဲ ပျူငှာဟန် ရှိ သော်လည်း- လူမှုရေး ခင်မင်မှု ဘောင်မှ လွန်ကဲနေသည်ဟု ကျွန်တော် ခံစားမိပါသည်။

ကျွန်တော်လည်း အားကျိုးအားနာဖြင့် သူတို့၏ ဘုရားကျောင်းသို့ လိုက်သွားမိပါသည်။ ဘုရားကျောင်းတွင်- ကျွန်တော် တစ်ခါဘူးမျှ မကြားဘူးခဲ့သော စကားကို ကြားလိုက်ရပေသည်။ ကျွန်တော့ နားကိုပင် ကျွန်တော် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမိပါသည်။ ထိုစကားမှာ အခြားမဟုတ် `သခင် ခရစ်တော်အား ထာဝရ ဘုရားသခင်၏ သားတော်´ ဟု ယုံကြည်သက်ဝင်လိုက်လျှင် ထိုယုံကြည်သူ ၏ ရှိသမျှသော မကောင်းမှု အပြစ်များကို သခင်ခရစ်တော်က အကုန် ခံယူ သွားမည် ဟူသော စကားပင် ဖြစ်ပါသည်။ တရားဟော ဆရာသည် သူ့အယူဝါဒ သူ့လက်ခံမှုအား သူပြောနေသည်ကို ကျွန်တော် နားလည်ပေး၍ ရပါသည်။ သို့သော် ထိုရားဟော စင်မြင့်ပေါ်မှ ဗုဒ္ဓဘာသာတို့၏ ကံ-ကံ၏ အကျိုး ကို ယုံကြည်ထားမှုမှာ လုံးဝ မှားယွင်းကြောင်း၊ ရေနစ်နေသူသည် မိမိကိုယ်မိမိ မကယ်တင်နိုင် ကြောင်း ထိုရေနစ်နေသူအား အခြားသူ တစ်ဦးက ကယ်တင်မှ ရနိုင်သည့် အကြောင်း- လူသားအပေါင်းအား ကယ်တင်မည့် သူမှာ ယေရှုဘုရားသာ ဖြစ်ကြောင်း- ပြောဆိုပါတော့သည်။

ကျွန်တော့အား ဘုရားကျောင်းသို့ အတင်းခေါ်ယူသွားပြီး ကြိုးတုတ်ရိုက်နေသည်ဟု ကျွန်တော် ခံစားမိပါသည်။ ကျွန်တော့ စိတ်ထဲတွင် ကျွန်တော့အား စော်ကားသည်ဟု သုံးသပ်မိသည်။ ထို ခရစ်ယာန်ဆရာနှင့် ကျွန်တော် တွေ့ဆုံမည် ဆွေးနွေးမည် စကားပြောမည်ဟု ခံစားချက် ဖြစ်ပေါ်မိသည်။ သို့သော် ကျွန်တော် လေ့လာရပေဦးမည်။ မိမိဘာသာအကြောင်း- သူတစ်ပါး၏ ဘာသာ အကြောင်းများကို တတ်အားသ၍ လေ့လာရဦးမည်။ ထိုဆရာနှင့် တွေ့ကို တွေ့ဦးမည်ဟု-------။ ကျွန်တော် ဘ၀င်မကျသော စကားနှစ်ခုမှာ ကယ်တင်ရှင် ဆိုသည်နှင့် ယေရှုဘုရား ဟူသည်ပင်။ (ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များက ရှင်ဂေါတမ မြတ်စွာဘုရားကိုသာ ဘုရားဟု ခေါ်ဆို၍ အခြား သူများ ကိုးကွယ်ယုံကြည်သော ဘာသာရေး ခေါင်းဆောင်များကို ဘုရား ဟု မခေါ်ဆိုသည့်အပြင်- ထိုသူများ ပြောဆို သုံးနှုံးသည်ကို လည်း နားဝင် မဖြောင့်ပေ။ ငယ်စဉ်က ယေရှုခရစ် ဟုလည်းကောင်း ခရစ်တော်ယေရှု ဟုလည်းကောင်း ကြားဘူးသည်မှာ နားဝင်ကြမ်း စရာ အကြောင်း မရှိခဲ့ပေ။ သူ့အသုံးနှင့် သူပြောဆိုနေသည်သာ။ အများသုံး စကားလုံးများသည့် ရုပ်နာမ် မရှိသော ထာဝရဘုရား၊ အစိန္တေယျဘုရား၊ အသင်္ကတဘုရား စသည်ဖြင့် သူတို့၏ ဖန်ဆင်းရှင်ဘုရားများကို ခေါ်ဆိုနေသည်မှာလည်း ကျွန်တော်တို့အတွက် ခံစားချက် ကသိ ကအောက်ဖြစ်စရာ အကြောင်းမရှိဟု ထင်သည်။ ယခုမူ ယေရှုဘုရား ဆိုသည်မှာ ဗုဒ္ဓဘာသာများအတွက် ပုံမှားရိုက် ခြင်းသာ ဖြစ်သည်ဟု နားလည်မိပေသည်။

သူတို့ ဘာတွေ ဟောပြောသလဲ၊ အခြားသော ဘာသာခြားများကရော ဘာတွေ ဟောပြောသလဲ၊ ကျွန်တော် အလျှဉ်းသင့်သလို လေ့ လာရမည်။ သူတစ်ပါး၏ ယုံကြည်မှု ဘာသာတရား တစ်ခုအား ဘလိုင်းကြီး ပုတ်ခတ်စော်ကားခြင်းကား ထိုဟောပြောနေသော သူ ကိုယ် စား ပြုသည့် ဘာသာတရား၏ အဓိက ရည်ရွယ်ချက် ဖြစ်နေလျှင်- ထိုဘာသာ တရားသည် လူသားများ အတွက်၊ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာ မြန်မာများအတွက် အလွန် အန္တရာယ်ရှိသော ဘာသာတစ်ခု ဖြစ်နေပေသည်။

ဘုရားကျောင်းမှ အပြန်တွင် ကျွန်တော် ခရစ်ယာန် ကျမ်းစာ တစ်အုပ်ကို တောင်းယူခဲ့ပါသည်။ သူတို့ကလည်း လွယ်လွယ်ကူကူပင် ပေး လိုက်ပါသည်။ ကျွန်တော်တွေးမိသည်မှာ အကယ်၍ ငါတို့ ဗုဒ္ဓဘာသာ စာအုပ် တစ်အုပ်ကို တောင်းရင် ဒီလို လွယ်လွယ်ကူကူ မရနိုင် ဘူး အခု သူတို့က အလုံးအရင်းနဲ့ ဘာသာ ဖြန့်ချီနေပါလား- ဟု ဖြစ်သည်။ စိတ်ထဲတွင် မနာလိုမှုပင် ဖြစ်ပေါ်မိသည်။ သို့သော် ထိုမနာလို မှုသည်ပင် အကုသိုလ်ဖြစ်နေသောကြောင့် မိမိဘာသာတရားအား ကြည်ညိုသည့် အလျှောက် မနာလိုမှုအား ဖျောက်လိုက်ရပါသည်။

နောက်တစ်ပါတ် သောကြာနေ့တွင် ကျွန်တော်၏ ဘာသာခြား သူငယ်ချင်း တစ်ဦးအား- သူတို့၏ ဘုရားကျောင်းသို့ လိုက်ချင်သည်ဟု ပြောဆိုသောအခါ- ထိုသူငယ်ချင်းက သူတို့မှာ ဘုရားကျောင်း လို့ မရှိကြောင်း၊ ဗလီလို့ ခေါ်ကြောင်း၊ အချို့ မြန်မာစာ တတ်ကျွမ်းသူများ က အစ္စလာမ့် ၀တ်ကျောင်းတော်ဟု ဘာသာပြန်ဆိုကြောင်း ပြောပါသည်။ (ကျွန်တော်သည်လည်း ဗလီ ဆိုသော အသုံးကို ကြားဘူး ပြီး သားပင်၊ သို့သော် လူမှုရေးအရ ပြေပြစ်စေရန် ဘုရားကျောင်း ဟု သုံးလိုက်မိခြင်း ဖြစ်သည်။ သူ့အဖြေမှာ ကျွန်တော့ အတွက် ထိခိုက်မှု မရှိပေ။ သူ့ဘာသာရေး အသုံးအနှုံးကို သူတို့ဟာ သူတို့ မွေးစားထားခြင်း ဖြစ်၍ အခြားသူများ၏ ဘာသာတရား အသုံးအနှုံးကို ဆင်တူရိုး မှာ ပုံတူရိုက်ခြင်း မရှိဟု ခံစားမိသည်။) သူက ဆက်၍ ကျွန်တော်တို့ ဗလီကို ခင်ဗျားလိုက်လို့ ဘာထူးမှာလဲ။ ခင်ဗျားက ကျွန်တော်တို့လို ဘုရားရှိခိုးတတ်တာမဟုတ်ဘူး။ လူတွေကလည်း များပါတယ်- တော်ကြာ စိတ်ညစ်နေရမယ်- ဟု ပြန်ပြောပါသည်။ (ကျွန်တော်က ရောယောင်၍ ဘုရားရှိခိုးချင်သူ မဟုတ်- ဘာသာခြားများက ဗုဒ္ဓဘာသာအကြောင်း ဘာတွေ ပြောနေကြသလဲ ဆိုသည်ကိုသာ သိချင် သူ ဖြစ်သည်။) ကျွန်တော်က ဒါဆို တရားနားထောင်လို့ မရဘူးလားဟု မေးလိုက်သည်။ သူက ရပါတယ်။ ဒေါင့်တစ်ဒေါင့်မှာ ထိုင်ပြီး နား ထောင်ပါ ဟု ဆို၍ ခေါ်သွားပါသည်။

ဗလီသို့ ရောက်သော အခါ- သူတို့ဘာသာ သူတို့စကားဖြင့် တရားတစ်ပိုင်းဟောသည်။ ထို့နောက် မြန်မာဘာသာစကားဖြင့် တရားဟော သည်။ ထိုတရားများတွင် မည်သူ၏ အကြောင်းမှ မပါ။ လူတွေ ကောင်းကောင်းနေရန်၊ စာရိတ္တကောင်းရန် (သူတို့ယုံကြည်သော) ဘုရား သခင်ကို ကြောက်ရန်- အဲ့ဒီ ဘုရားရှေ့မှာ ဘယ်သူမှ လိမ်ညာထားလို့ မရကြောင်းနှင့် ထိုဘုရားက လူသားတွေ လောကမှာ ကောင်း ကောင်း မွန်မွန် နေထိုင်တာကိုပဲ မြင်တွေ့ချင်ကြောင်း။ ဘုရားကိုသိရန်။ ဘုရားဟော အတိုင်း တတ်နိုင်သမျှ နေထိုင်ကျင့်ကြံဘို့- စသည် တို့ကိုသာ ဟောပြောသွားသည်။ ထို့နောက် သူတို့ ဘာသာစကားဖြင့် ဆုတောင်းကြသည်။ မေတ္တာပို့ကြသည်။ ဘုရားရှိခိုးကြသည် များ ကိုသာ မြင်တွေ့ခဲ့ရပေသည်။ ကျွန်တော့အားလည်း အလေးထားပုံမရှိ။ လူတစ်ချို့သာ ပြုံးပြ၍- လူအများစုကြီးမှာ သူ့ဖာသာသူ လုပ်စရာ ရှိသည်များကို လုပ်နေကြပေသည်။ ခရစ်ယာန်များကဲ့သို့ ပျူပျူငှာငှာ ဖက်လဲတကင်း မရှိပေ။

ကျွန်တော့အား ပျူငှာခြင်းလည်း မရှိ။ ရန်မူခြင်းလည်း မရှိ- သောကြောင့် ကျွန်တော့စိတ်ထဲတွင် ခပ်စိမ်းစိမ်း၊ ခပ်ရှိန်းရှိန်း ဖြစ်မိပေသည်။ သို့သော် သူတို့၏ အပြုအမူများမှာ သူတစ်ပါးအား ထိခိုက်ခြင်း မရှိ။ သူတစ်ပါးအား ရန်ရှာခြင်း မရှိ။ သူတစ်ပါး ဘာသာအား ပုတ်ခတ် စော်ကားခြင်းမရှိ။ သူတို့အလုပ် သူတို့ လုပ်သွားခြင်းသာ ဖြစ်သည်။ ဗလီမှ ထွက်လာသော အခါ- လ္ဘက်ရည်ဆိုင်တွင် ထိုင်ကြသည်။ ထို အခါတွင်မှ- ကျွန်တော့အား လ္ဘက်ရည်သောက်ပါ။ မုန့်စားပါ။ ဟု ပြောဆိုသူ အတော်များများကို တွေ့ရသည်။ သူတို့၏ ဖေါ်ရွေပုံကား တစ်မျိုး ပါလား။ ဟု ခံစားမိသည်။ လ္ဘက်ရည်သောက် မုန့်စား စကားစမြည်ပြောသော အခါတွင်လည်း သာမာန် လူမှုရေးမှအပ အခြား ဘာသာရေး အကြောင်း မပါသလောက်ပင်။ ကျွန်တော်တို့ မြို့မှ သူငယ်ချင်းများနှင့် ထူးမခြားနားပေ။

ကျွန်တော်က စိတ်ထဲမှာ ထိန်းမနိုင်ဘဲ `ခင်ဗျားတို့ ပြုလုပ်တဲ့ အပြစ်ကို ဘုရားသခင်က ကယ်တင်မယ်လို့ ယုံကြည်သလား´လို့ မေး ကြည့်တော့- ထိုင်ဝိုင်းထဲမှ လူတစ်ယောက်က- `မင်းကလည်းကွာ ရူးနေသလား။ ကိုယ်လုပ်တဲ့ အပြစ်ကို ဘယ်သူက လာ ကယ်မလဲ။ ကိုယ်လုပ် ကိုယ်ခံပေါ့၊´ ကိုယ်လုပ်တာကို ဘုရားသခင်က ခံမယ်ဆိုရင်- ဘယ်သူက ဒုက္ခခံပြီး ကောင်းမှုတွေ လုပ်နေမလဲ- လောကမှာ ကောင်းမှု လုပ်ရတာ- ဒုက္ခအဖြစ်ဆုံးပဲ၊´ လို့ ပေါ့ပေါ့တန်တန်ပင် ၀င်ဖြေလိုက်ပေသည်။ ကျွန်တော်က `ဒါဆို ခင်ဗျားတို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာလို ကံ-ကံ၏ အကျိုးကို လက်ခံတာပေါ့။´ ဟု ဆက်မေးမိတော့- သူက `ဒါတော့ ငါလည်း မသိဘူး။ ငါက ဗုဒ္ဓဘာသာကို ဘာမှ မသိဘူး။ ဒါပေမယ့် ငါတို့ ဘာသာမှာတော့ ကိုယ်လုပ်တာ ကိုယ်ခံပဲ။ ကိုက ခိုးရင် ရဲက ကိုယ့်ကိုပဲ ဖမ်းမှာပဲ။ ဘယ်ဘုရားကိုမှ သွား ဖမ်းမှာ မဟုတ်ဘူး။ ဘုရားဆိုတာ- လူတွေကို ဒါက မကောင်းဘူး။ ဒါကကောင်းတယ် လမ်းညွှန်မိန့်ခြွေတဲ့ အရှင်ပဲ။ ဒီထက်လည်း များများစားစား၊ ငါမသိဘူး။ မင်းလေ့လာချင်ရင်တော့ စာအုပ်တွေ ၀ယ်ဖတ်ပေါ့၊ မြန်မာပြန်တွေ ရှိတာပဲ´ဟု ပြောပါသည်။

ဖန်ဆင်းရှင်ကို ယုံကြည်တာခြင်း တူပေမယ့်- ကွဲတော့ ကွဲနေပြီ။ ဟု ကျွန်တော့ စိတ်ထဲတွင် သတ်မှတ်မိပါသည်။ သို့သော် ကျွန်တော် တို့နှင့် အသွင်အပြင် မတူသော မူဆလင်များအား ကျွန်တော်ထင်ခဲ့သော အထင်အမြင်များမှာ တစ်စုံတစ်ရာ လွဲချော်နေ၍- ကျွန်တော်တို့ သတိထားရကောင်းမှန်း မသိသော ခရစ်ယာန်များမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အတွက် နံပတ် (၁) အန္တရာယ် ဖြစ်သည်ဟု သိလိုက် ရပေသည်။

ကျွန်တော့တွင် ထိုင်းငွေ (ဘတ်) ၂၀၀၊ ၃၀၀ ဖြင့် မူဆလင်စာအုပ်များကို မ၀ယ်နိုင်ပါ။ ကျွန်တော်ကိုယ်တိုင် စက်ချုပ်ရုံတွင် လုပ်ရ သည်မှာ ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြင့် ဖြစ်နေရသည်။ လောလောဆယ်တွင် မူဆလင်သည် ကျွန်တော်တို့ အတွက် အန္တရာယ် ရှိသည်ဟုလည်း မခံစားမိပါ။ အသွင်ကွဲပြား- အစားအသောက် ဂျီးများသော်လည်း သူ့သဘာဝနှင့်သူ ကျင်လည်နေသည်သာ။ မည်သူ့ ကို နောက်ကြောမှ ဓါးဖြင့် ထိုးခြင်းမရှိပေ။

ထို့ပြင်- ကျွန်တော့တွင် ခရစ်ယာန်ကျမ်းစာ တစ်အုပ် ရှိနေပေသည်။ ထိုစာအုပ်ကိုသာ ဖတ်ရမည် ဖြစ်သည်။ သူ့အကြောင်း မသိက သူ့အား ဆွေးနွေးရန် မဖြစ်နိုင်ပေ။ ကျွန်တော်ကိုးကွယ်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ကျွန်တော်သည် အတတ်ကြီး မဟုတ်သော် လည်း အောက်စာကြေထားသလောက် ရှိပါသည်။

ထိုဖြစ်ရပ်သည် (၂၀၀၀) ခုနှစ်မှ ဖြစ်သည်။ဆက်လက် တင်ပြပါမည်။

ကိုရင်မိုး