Thursday, March 4, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၆)

ခရစ်ယာန်များမှ ဓါးမဆရာများနှင့် စိတ်ကူးယဉ် ကရူးဆိတ် ၀ါဒီများက မြန်မာနိုင်ငံအား ခရစ် ယာန်နိုင်ငံ အဖြစ် စိတ်ကူးယဉ် ပုံဖေါ်လျှက် ကြိုးစားနေရာတွင်-ဗုဒ္ဓသာသနာဝင်တို့ ကိုးကွယ် ဆည်းကပ်သော ဘုရားဟူသည် အသက် မရှိသောဘုရား သေလွန်ပြီးသော ဘုရား ဖြစ်၍၊ လူသားများအတွက် မည်သည့် အကျိုးကိုမျှ မပြုနိုင်၊ မစွမ်းဆောင် နိုင်ကြောင်း-
သူတို့ကိုးကွယ်သော ဘုရားသည် ထာဝရအသက် ရှိသောဘုရား-မည်သည့် အခါကမျှ မသေ လွန်သော ဘုရား၊ ဆုတောင်းသမျှကို ကြားနေသောဘုရား၊ လောကအပေါင်းအား ဖန်ဆင်း သော ဘုရား ဖြစ်၍ လူသားအပေါင်း၊ ယုံကြည်သူ အပေါင်း၏ ဆုတောင်း မှန်သမျှကို ကြားနေ ဖြည့်ဆီးပေးနေသော ဘုရား ဖြစ်ကြောင်း-ထို့ကြောင့် ထိုသို့သော မအို၊ မနာ၊ မသေ ထာဝရ ရှင်နေသော ဘုရားအား ကိုးကွယ်ဆည်းကပ်မှသာလျှင် ကယ်တင်ခြင်း အပေါင်းကို ရနိုင်မည် ဖြစ်ကြောင်း-ဘန်ကောက်ရောက် မြန်မာလူငယ်များအား နည်းမျိုးစုံဖြင့် စည်းရုံး သိမ်းသွင်း လျှက် ရှိနေပေသည်။
မိမိဘာသာတရားအား လွပ်လပ်စွာ စည်းရုံးနိုင်သော်လည်း သူတစ်ပါးအား ပုတ်ခတ်သော နည်းဖြင့် စည်းရုံးနေ ခြင်းမှာ အလွန်တရာ ရွံရှာဘွယ်ကောင်းသော နည်းလမ်းပင် ဖြစ်သည်။
သူတို့၏ အတွင်းသို့ ၀င်ရောက်လေ-သူတို့ပြောဆိုနေသော ထာဝရဘုရား၊ ထာဝရဘုရား ဆိုသည်မှာ ကျွန်ုပ်တို့ ကြားဘူး-နားလည်ဘူးသော ထာဝရ ဘုရားဘုရား မဟုတ်ဘဲ၊ ယေရှု တည်းဟူသော လူသားပင် ဖြစ်ကြောင်း အံ့သြစွာ တွေ့ရတော့သည်။
ထာဝရဘုရား ညီမျှခြင်း ယေရှု ဖြစ်နေတော့သည်။ တနည်းအားဖြင့် ယေရှုသည် ထာဝရ ဘုရားဖြစ်သည်။ ယေရှုသည် လောက အလုံးစုံအား ဖန်ဆင်းသော ဘုရား ဖြစ်သည်။ သူ့ကို ယုံကြည်သော သူအပေါင်းအား အရာရာကို ဖြည့်စွမ်းပေးနိုင်သော၊ ထာဝရ တန်ခိုးရှိသော၊ ထာဝရ အသက်ရှင်နေသော၊ တောင်းသမျှဆုအား ဖြည့်ဆီးပေးသော မဟာ တန်ခိုးတော် အရှင် ဖြစ်လေသည်။
ဗုဒ္ဓဘာသာတို့အား ယုတ္တိမရှိသည်များကို လက်ခံယုံကြည်နေသည်ဟု သွယ်ဝှိက်၍တစ်မျိုး၊ တည့်ဒိုးတစ်ဖုံး သံကုန်ဟစ်နေသော ထိုပညာတတ်ပါသည်၊ ယုတ္တိရှိရာကိုသာ လက်ခံပါသည် ဟု ဆိုသော ကရူးဆိတ်ခေါင်းဆောင်များနှင့် ကရူးဆိတ်ဝါဒီတို့မှာ-လွန်စွာ ယုတ္တိမဲ့သည့် အချက်အား မက်မောခုံမင်စွာ လက်ခံထားသည် ဆိုခြင်း အား-ပြန်လည် သုံးသပ်နိုင်ခြင်းပင် မရှိတော့ပေ။
သို့မဟုတ်-သမ္မာကျမ်းစာပါ၊ ထာဝရဘုရားဆိုသည်အား အပိုင်စီးလျှက် ထိုဘုရားသည် ယေရှု ပင် ဖြစ်သည်ဟု ပြော ပြောကြားနေခြင်းပင်လောဟု စဉ်းစားရန် ဖြစ်တော့သည်။
သမ္မာကျမ်းစာတွင် ယေရှုသည် ထာဝရ မဟုတ်ကြောင်း သူသည် လူသားတစ်ဦးသာ ဖြစ် ကြောင်း ရှင်ယောဟန် သြ၀ါဒစာ ဒုတိယအစောင် ၁း၇ တွင်-လူဇာတိအားဖြင့် ကြွလာတော် မူသော ယေရှု ခရစ်ကို ငြင်းပယ်လျှက် လှည့်ဖျားသော သူအများတို့သည် လောကထဲသို့ ၀င် ကြပြီ။ ထိုသို့သော သူသည် လှည့်ဖျားသောသူ ဖြစ်၏၊ အန္တိခရစ်လည်း ဖြစ်၏။-ကို ပြောထား သည်။ သို့ဖြစ်လျှင် ယေရှုအား လူသားမဟုတ် ထာဝရဘုရားဖြစ်သည်ဟု ဟောပြောနေခြင်းမှာ လိမ်လည်ခြင်းသာ ဖြစ်သည် ဆိုခြင်းကို သတိထားမိရန် လိုအပ်ပေသည်။
ထို့အပြင် ထိုယေရှုသည် အသေသတ်ခြင်း ခံခဲ့ရပြီ ဖြစ်ကြောင်း-ရှင်ပေတရု သြ၀ါဒ ပဌမ အစောင် ၃း၁၈ တွင် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံရ၍၊ ၀ိညာဉ်တော် အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍၊ - ဟု ဆိုထားပေသည်။
ဤကျမ်းချက်တွင် ယေရှုသည် အသက်ရှင်နေသည် ဆိုခြင်းမှာ ၀ိညာဉ်အားဖြင့်သာ ဖြစ် ကြောင်းကို ဆိုထား သည်။ ထိုအဆင့်အား ဗုဒ္ဓဘာသာ ရှုဒေါင့်မှ သုံးသပ်လျှင် နိဗ္ဗာန်သို့ပင် မဆိုက် သေးကြောင်းကို သက်သေ ပြနေခြင်း ဖြစ်သည်။ မြတ်ဗုဒ္ဓ ဒေသနာအရ ချုပ်ငြိမ်းခြင်း တည်ရာ နိဗ္ဗာန်သို့ မဆိုက်သေးသော သူမှန်သမျှ-ဘ၀မျိုးစုံ၌ ၀ိညာဉ်အားဖြင့် ရှင်သန်နေရ သည်သာ ဖြစ်တော့သည်။
ထိုသို့-သူသည် လူသားသာ ဖြစ်သည်။ ယေရှုသည် လူသား ဖြစ်သည် ဆိုခြင်းအား မယုံ ကြည်သော သူတို့သည် အန္တိခရစ် (ယေရှုခရစ်အား ဆန့်ကျင်သူ) ဖြစ်သည်ဟု ရှင်ယောဟန် သြ၀ါဒစာ ဒုတိယအစောင် ၁း၇ တွင် အတိအကျ ဆိုထားပါလျှက် သူတို့ကိုယ်တိုင် ထို အချက်အား လက်မခံဘဲ-သူတစ်ပါးအား ယေရှုသည် ထာဝရ ဘုရား ဖြစ်သည်။ ထာဝရဘုရား ဟူသည် ယေရှုဖြစ်သည် ဟူသော စကားများမှာ မှုသား သက်သက်သာ ဖြစ် တော့သည်။
သူတို့ကျမ်း၌ ဆိုထားသော ယေရှုသည် အသေသတ်ခြင်းကို ခံရပြီးပြီ-ဆိုသော စကားအား သူတို့ကိုယ်တိုင် လက်မခံဘဲလျှက်-ယေရှုသည် ထာဝရ အသက်ရှင်နေသည်ဟု ဆိုခြင်းမှာ အလွန်အံ့သြဘွယ်ကောင်းသော အမြီးအမောက် မတည့်မှုသာ ဖြစ်နေတော့သည်။
လူသားအပေါင်းအား ကယ်တင်နိုင်မည် မနိုင်မည်ကို ကိုရင်မိုး မသိပါ။ သို့သော် ယေရှုသည် သူ့ကို သတ်ပစ်ခါ နီးတွင် သူ့ကိုယ်သူ မကယ်တင်နိုင်သောကြောင့်-အခြားဘုရားတစ်ဆူ ဖြစ် သည့် ဧလိ ဟူသော ဘုရားထံတွင် ငိုယို၍ အားကိုးတကြီး ဆုတောင်းကြောင်းကို ရှင်မဿဲ ၂၇း၄၆ တွင် အတိအကျဆိုထားတော့သည်။
အဆွယ်ကောင်း၍ ခိုအောင်းသွားသူများ၊ မိမိကိုယ်မိမိ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ပါသည်၊ ဘုန်းကြီး ကျောင်းသား ဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင်မှ ထာဝရရှင်သန်နေသော-တောင်းသမျှဆုအား ပေးနေသော၊ ပေးနိုင်သော ထာဝရ ဘုရား ယေရှုအား သက်ဝင်ယုံကြည်သွားရာမှ ဓမ္မဆရာ ဖြစ်သည်ထိ ယေရှုဘုရားက ချီးမြှင့်ပေးလိုက်ပါသည်ဟု မိမိဇာတိကိုပင် မိမိ လိမ်ညာနေသော သူများ စဉ်းစားရန်မှာ-
သင်တို့ပြောဆိုနေသော- သမ္မာကျမ်း၌ပင်
(၁) ယေရှုသည် လူသားစင်စစ် ဖြစ်သည်။ (၂) သူသည် အသေသတ်ခြင်းကို ခံလိုက်ရပြီ ဖြစ် သည်။ (၃) သူသည် သူ့ကိုယ်သူပင် မကယ်နိုင်သောကြောင့် အခြားဘုရား ဧလိ (ခရစ် ယာန်များက ထိုဘုရားအကြောင်းကို မည်သည့်အခါတွင်မှ မပြောသောကြောင့် အခြားဘုရား ဟု ရေးသားခြင်း ဖြစ်သည်) ထံ၌ ငိုယိုဆုတောင်းနေရသည် ဆိုသည့် အချက်များအား စဉ်းစား ဆင်ခြင်စေလိုပါသည်။

ကိုရင်မိုး
ဆက်လက် ဖေါ်ပြပါမည်။
ကျွန်ုပ်ကိုရင်မိုး မလိမ်ညာပါ။ စာဖတ်သူများအနေဖြင့်-သိလိုလျှင် မြန်မာ ခရစ်ယာန် အဆို စီရေးရှင်း (ဘန်ကောက်) MCABANGKOK ဆိုသည်ကို အင်တာနက်တွင် ရှာဖွေကြည့် လိုက်ပါ။ ခရစ်ယာန်လူကြေီး လူကောင်း များမှ တရားဝင် ကမ္ဘာသိ ဘာသာရေး စည်းရုံးနေ သည်များပင် အခြားဘာသာတို့အား မည်မျှ ပုတ်ခတ်ထား သည်ကို တွေ့နိုင်ပေသည်။ ၎င်းတို့၏ ယူကျုများကိုလည်း ကြည့်ပါ။-သူတို့၏ လူသိရှင်ကြား ဖေါ်မပြသော အစီ အစဉ်များ၊ စီမံချက်များ- များစွာရှိနေသေးသည်။ သူတို့၏ လက်ခွဲများက ဘဘော့ဂ်မျိုးစုံဖြင့် အခြား သူများအား ရန်တိုက်ပေးနေသည်။ အခြားဘာသာတို့အား စော်ကားခြင်းများ ပြုနေသည်။

Tuesday, February 23, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၅)

ခရစ်ယန် ဓမ္မဆရာများနှင့် ကရူးဆိတ် သင်တန်းဆင်းများ၏ အခြားသော ထောက်ပြမှု တစ် ခုမှာ ခရစ်ယန်မှ လွဲ၍ အခြားသော ဘာသာတရားများသည် မေတ္တတရားကို ပါးစပ်မှသာ ရေ ရွတ်နေလျှက် လက်တွေ့တွင် အလွန် ရက်စက် ယုတ်မာမှုများကို ဆောင်ရွက်နေသည် ဟူ၍ ဖြစ်သည်။
သူတို့အနေဖြင့် မူဆလင် ဘာသာအား အကြမ်းဖက်၊ စစ်သွေးကြွ၊ ဓါးမိုး၍ သာသနာပြု သူများ ဟု အဖန်ဖန် အတေတေ စွပ်စွဲခဲ့သည်မှာ ကျွန်ုပ်တို့အားလုံး အသိပင်။ ရံဖန်ရံခါ မူဆလင်များ အပေါ် အမြင် မကြည်လင်သော စိတ်ဖြင့် ခရစ်ယာန် လူယုတ်မာများ၏ ၀ါဒဖြန့်မှု များအား ယုံမိ သည်များလည်း ရှိ၏။ ထိုအကြောင်းများအား ဖြေရှင်းရန်မှာ မူဆလင်များ၌သာ တာဝန်ရှိ ၍ ကျွန်ုပ်တို့နှင့် သက်ဆိုင်ခြင်း မရှိချေ။
မြန်မာနိုင်ငံသို့ မသမာသော နည်းဖြင့် ထိုးဖေါက်ရန် ကြိုးစားနေသာ ခရစ်ယာန် လူယုတ်မာ များက ထိုမူလ လက်ဟောင်း ပုံသေနည်းကြီးအား လက်ကိုင်ထားလျှက် ဗုဒ္ဓဘာသာအား ပါး စပ်မှသာ မေတ္တာထားလျှက် အတွင်းစိတ်၌ ယုတ်မာသူများ ဖြစ်ကြောင်း၊ ဗုဒ္ဓရဟန်း သံဃာ တော်များက အာဏာရှင် အစိုးရများကို မြှောက်ထိုး ပင့်ကော်လုပ်လျှက် စစ်ဖြစ်၊ လူသတ်၊ အစိုးရများအား အားပေးနေကြောင်း အထောက် အထားများ ရရှိရန် အပြင်းအထန် ကြိုးစား အားထုတ်နေကြသည်။
များစွာသော ရဟန်းဟူမူ ပုတုဇဉ်များသာ ဖြစ်သောကြောင့် အချို့သော နိုင်ငံရေး ပရောဂါများ၌ ပါနေနိုင်ပေ သည်။ ထိုအချက်ကို ကျွန်ုပ်ကိုရင်မိုး မျက်လုံးစုံမှိတ် ငြင်းဆိုရန် ဆန္ဒမရှိပါ။ သို့ သော် ဗုဒ္ဓဘာသာ၊ မူဆလင်၊ ခရစ်ယာန်၊ စသည့် ဘာသာပေါင်းစုံ ပါဝင်သော လူထုကြီး တရပ်လုံးအား အာဏာရှင်များ၏ လက်အောက်မှ လွတ်မြောက်ရန် ငြိမ်းချမ်းသော နည်းဖြင့် ခန္ဓာဝန်ချသွားရသော ဦးဝိစာရ ကဲ့သို့ ရဟန်းတော်များ ဗုဒ္ဓဘာသာတွင် ရှိနေသည်ကို ထို မသမာ သာသနာပြုသူတို့ ထည့်မပြောလေတကား။
ထို လူယုတ်မာများက သူတို့၏ သာသနာမှာ ပါးကို တစ်ချက်ရိုက်လျှင် အခြား ပါးတစ်ခြမ်းကိုပါ ပေးရိုက်ခံ၍ မေတ္တားထားသည် ဟူ၏။ ထိုတရားသည် အမှန်တကယ် ဟုတ်ပါလေစ၊ ကျွန်ုပ် ကိုရင်မိုး အဖြေမထုတ်လိုပါ။- စာဖတ်သူများ အဖြေထုတ်ကြပါကုန်--
ထာဝရဘုရား၏ ကျွန် မောရှေသည် အနိစ္စ ရောက်သောနောက်၊ ထာဝရဘုရားက မောရှေ၏ လက်ထောက် ဖြစ်သော နုန်၏သား ယောရှုအား အရိုက်အရာကို လွှဲပေးခဲ့သည်။ ထာရ၀ဘုရားက ယောရှုအား ငါသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိနေမည်။ ဟုဆို သည်။ ဓမ္မဟောင်း- ယောရှုမှတ်စာ ၁း၁-၅။
ထာဝရဘုရားက ကြည့်ရှုလော့၊- ယေရိခေါမြို့ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ် သူရဲတို့ကို သင့် (ယောရှု)လက်၌ ငါ အပ်လေပြီ။ သို့ဖြစ်၍ မြို့ကို လှည့်ပတ်ကြရမည်။ ခြောက် ရက် လှည့်ပတ်ကြရမည်။ သတ္တမနေ့၌ ခုနစ်ကြိမ်တိုင် မြို့ကို လှည့်ပတ်၍------- ယောရှုမှတ်စာ ၆း၂---၅။
--သတ္တမနေ့ မြို့ရိုး ပြိုလဲပြီးနောက်-တမြိုးလုံးရှိ ယေက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး၊ သိုး၊ နွား၊ မြည်း ရှိသမျှတို့ကို ဓါးဖြင့် ခုတ်သတ် ဖျက်ဆီးလိုက်သည်။ ပြည့်တန်ဆာမ အိမ်မှ ရာခပ်နှင့် သူ၏ မိဘ၊ သားသမီး၊ နောက်လိုက် တစ်ခုကိုသာ ခေါ်ဆောင်ခဲ့၍၊ တမြို့လုံး ရှိသမျှ သက်ရှိ၊ သက်မဲ့များကို မီးရှို့ဖျက်ဆီးလိုက်သည်။ ယောရှုမှတ်စာ ၆း၂၁-၁၃။
-ယောရှုမသတ်ခဲ့သည့် တစ်ခုတည်းသော မိသာစုမှာ ရာခပ်မိသားစုသာ ဖြစ်၍-သူ သည် ပြည့်တန်ဆာ (ဖာသည်) ဖြစ်သည်။ ယောရှုမှတ်စာ ၆း၂၅။
-ထိုဖာသယ် (ဖာသည်) ရာခပ်မိသားစုကိုသာ အသက်ချမ်းသာပေး ကယ်ခဲ့၍၊ အပြစ်မဲ့ မိန်းမ၊ ယောက်ျား၊ ကလေး၊ လူကြီးများ၊ ကွဲ၊ နွား၊ တိရိစ္ဆာများအား အစုလိုက် အပြုံလိုက် မျိုးတုံး သတ်ဖြတ်ခဲ့သည့် ယေရှုသည် ထာဝရဘုရား၏ လူဖြစ်သည်။- ယေရှုမှတ်စာ ၆း၂၇။
ထိုခေတ်ထိုအခါက မြို့တမြို့ဆိုသည်မှာ လူမျိုးစု တစု နေထိုင်ရာ နေရာဖြစ်၍-လူမျိုးစု တစုအား မျိုးပြုတ် သတ်ဖြတ် လိုက်ခြင်း ဖြစ်သည်။ လူမျိုးတစုအား မျိုးဖြုတ်လိုက်သည်ကို သွေးမ၀သေး သော ထာဝရဘုရား၏ လူ ယောရှုသည်-
တမြို့ပြီး တမြို့-လူမျိုးတစုပြီး တစု မျိုးပြုတ် သုတ်သင် သွားလိုက်သည်မှာ မက္ကဒါမြို့ (လူမျိုး)-ဗိလနမြို့ (လူမျိုး) လာခိရှမြို့- ဂေဇာ-ဧဂလုန်၊ ဟေဗြုန်၊ ဒေဗိရ၊ --------များစွာသော မြို့ဒေသမှ ကလေး၊ မိန်းမ၊ လူကြီး၊ လူငယ် အားလုံး တစ်ယောက်မကျန်ကို ထာဝရဘုရားသခင် မှာထား သည့် အတိုင်း ယောရှုသည် အသက်ရှင်သော တယောက်မှ မကြွင်းကျန်ရဘဲ မျိုးတုံး သတ်ပစ် လေ၏။ ယောရှုမှတ်စာ ၁၀း၂၈-၄၁။
ထိုသို့ အပြစ်မဲ့ ကလေးသူငယ်၊ မိန်းမ၊ ယောကျား၊ လူကြီး၊ လူငယ် အားလုံးကို တယောက် မကျန် မျိုးတုံး သတ်ဖြတ်ရန် မှာကြား၍ အခွင့်အာဏာပေးသော ထာဝရဘုရား၏ မေတ္တာ တော်အား အကြွင်းမဲ့ ယုံကြည်ထား သည့် ခရစ်ယာန်များ၏ မေတ္တတရား ဟူသည်မှာ------ ကျွန်ုပ် ကိုရင်မိုး အဖြေ မထုတ်လိုတော့ပါ။
ကျွန်ုပ် လက်လှမ်း မှီသလောက် မူဆလင် ဘာသာ သဘောတရားအား မေးမြန်း လေ့လာမိ သည်။ မူဆလင် ဘာသာတွင် လူမျိုးမတူ၊ အယူမတူ၊ ဘာသာ မတူ၍-မုန်းတီးရမည်၊ မျိုးတုံး သတ်ဖြတ် ပစ်ရမည်ဟု မတွေ့ရသည့် အပြင်- မူလဆင်တို့ ယုံကြည်သော ဘုရား အလ္လာဟ် က- ဂျူးဘုရားကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဗလီကျောင်းများ အား တိုက်ခိုက် စော်ကားသူတို့အား လူယုတ်မာများဟု သတ်မှတ်၍၊ ထို လူယုတ်မာအား အလ္လာဟ်ကို ယုံကြည်သူတိုင်းက တော်လှန် တိုက်ခိုက်ရမည်ဟု ဆိုထားကြောင်း တွေ့ရသည်။ (ကိုရမ်ကျမ်း ၂၂း၄၀) ကျွန်ုပ် မေးမြန်းဘူးသော မူဆလင် ပညာရှင်များက ခရစ်ယာန်တို့ ယုံကြည်သော ထာဝရဘုရားသည် မူဆလင်တို့ ယုံကြည်သော အလ္လာဟ်နှင့် မတူဟုလည်း ပြောဆိုပေသည်။
ကျွန်ုပ်သည် မူဆလင် အကြောင်းကို မကျွမ်းကျင်ပါ။ သို့ဖြစ်၍ ဆက်လက် လေ့လာရမည် ဖြစ်သည်။ မေးမြန်း စပ်စု မိသမျှတွင် ကျွန်ုပ်တို့ ထင်မှတ်နေသော ခရစ်ယာန်များနှင့် မူဆလင် များမှာ ပြောင်းပြန်ဖြစ်နေသည်ဟု ခံစား မိတော့သည်။
မည်သို့ဖြစ်စေ၊ ကျွန်ုပ်တို့ မြန်မာ ဗုဒ္ဓဘာသာများ အနေဖြင့် ထာဝရဘုရားကို မယုံကြည် သောကြောင့် မျိုးပြုတ် အသုတ်သင် မခံရရန် အထူး သတိထားရမည် ဖြစ်သည်။
မေတ္တာထားပါသည်၊ မေတ္တာထားလိုပါသည် ဟု ကြုံးဝါးရင့်ကျူးနေသော ခရစ်ယာန် ဓမ္မဆရာ များနှင့် အဆွယ် ကောင်းရာသို့ ခိုအောင်းမိသူများ အနေဖြင့် အမှန်တကယ် မေတ္တာ ကရုဏာ ရှိသော ဘုရားရှင်အား သက်ဝင် ခိုကိုး ယုံကြည်နိုင်ပါစေ-ဟု မေတ္တာပို့မိပါသည်။
အပြစ်မဲ့ လူသားတို့အား အနိုင်ကျင့် မျိုးတုံးသတ်ဖြတ်ရန် လိုလားသည့် သွေးဆာနေသော ဘုရားမျိုးအား ခိုးကိုး သက်ဝင်နေခြင်းဖြင့် မေတ္တာထားတတ်ခြင်း စိတ်၊ နူးညံ့သိမ်မွေ့သည့်စိတ် မည်သည့်အခါမှ ကူးစက်ရရှိလာမည် မဟုတ် ဆိုသည်ကို ခိုအောင်းသွားသူများ ဆင်ခြင်စေ လိုပါသည်။

ဆက်လက်တင်ပြပါမည်။
ကျွန်ုပ်ကိုရင်မိုးတွင် ရေးစရာ ပြောစရာများ များစွာ ရှိပါသည်။ သို့သော်-ဤ သမ္မာဌိဒိ ပို့စ်၏ ရည်ရွယ်ချက်နှင့် အညီ လူပုဂ္ဂိုလ်အား အမုန်းထား၍ တင်ပြသကဲ့သို့ မဖြစ်စေရန်၎င်း၊ မိမိ ဘက်မှ စတင် တိုက်ခိုက်ခြင်း မဖြစ်စေ ရန်နှင့် လူယုတ်မာများ၏ အမှန်တကယ် ကြံစည်မှုများ အား ကွာကွယ်နိုင်စေရန်၎င်း-ချင့်ချိန်ရသဖြင့်၊ ပို့စ်တင်ခြင်း အချိန်ယူရသည်ကို စာဖတ်သူများ နားလည်ပေးစေ လိုပါသည်။

ကိုရင်မိုး

Thursday, February 18, 2010

မုန်းတီးခြင်း၏ ပဋိသန္ဓေ

ကျွန်တော် ကိုရင်မိုးသည် ကယ်တင်ရှင် မဟုတ်ပါ။ ကယ်တင်ခြင်း ၀ါဒကိုလည်း လက်မခံပါ။ မြန်မာနိုင်ငံ- မြန်မာ နိုင်ငံသားများအား ချစ်ခင်သော စိတ်ဓါတ်ရှိသည့် လူတစ်ဦး ဖြစ်သည်ဟု မိမိကိုယ်မိမိ သတိထားမိပါသည်။ မြန်မာနိုင်ငံအား ချစ်ခင်သူ တစ်ဦးအနေဖြင့် မိမိလေ့လာ ဆည်းပူးမိသော ရှုဒေါင့်မှ ဖြစ်နိုင်ခြေ ရှိသည်များကို အကြံပြု တင်ပြနိုင်ခွင့် ရှိသည်ဟု ခံစားမိ သည်။

ကျွန်တော်သည် ခရစ်ယာန် လူယုတ်မာများ၏ အကျင့်စရိုက်အား စိတ်ဘ၀င်မကျ၍ သူတို့အား ဆင်ခြင်မှု ရှိလာစေရန် ဤပို့စ်တွင် ရေးသား ဖေါ်ပြနေရခြင်း ဖြစ်သော်လည်း ခရစ်ယာန်ထဲမှာ လူကောင်းများနှင့် အခြား မည်သည့် ဘာသာဝင်မှ မဆို လူကောင်းများအား လေးစား တန်ဘိုး ထားပါသည်။
ဤနေရာ၌ ကျွန်ုပ်ရိုးသားစွာ ၀န်ခံလိုသည်မှာ ကျွန်ုပ်တို့၏ မြန်မာ ဗုဒ္ဓဘာသာများတွင်လည်း အခြားသော လူနည်းစု တိုင်းရင်းသားများအပေါ် ခွဲခြားတတ်သော၊ အခြားသော ဘာသာ တရားများအား သေချာစွာ မလေ့လာဘဲလျှက် ပြစ်တင် ဝေဖန်တတ်သော အကျင့်စရိုက် ရှိသူများ ရှိပေသည်။
ဤအကြောင်းတရားများသည် မြန်မာလူမျိုး များအနက်မှ လူနည်းစုသာ ဖြစ်သော်လည်း ထို လူနည်းစုကြောင့် လူမျိုး၊ နိုင်ငံတစ်ခုလုံး သိက္ခာကျစရာ အကြောင်းများ ဖြစ်ပေသည်။
ဗုဒ္ဓမြတ်စွာက သတ္တ၀ါတို့အား မုန်းတီးခြင်း၊ စာနာမှုကင်းမဲ့ခြင်း၊ နားလည်မှု မပေးတတ်ခြင်း များအား ရှောင်ကြဉ်ရန် ဆုံးမသွန်သင်ခဲ့ပေသည်။ သို့သော် ယနေ့အခါတွင် ဗုဒ္ဓမြတ်စွာ၏ ဒေသနာ ထီးရိပ်အောက်မှ အခြား သူများအား မုန်းတီးခြင်း၊ အခြားလူတို့၏ အယူအဆများကို မလေ့လာ မစူးစမ်းဘဲလျှက် သူတစ်ပါးထံမှ တစ်ဆင့်ကြားနာလျှက် အတင်းပြောခြင်း၊ မကောင်း ပြောခြင်း-စသည့် အနုစား မှုသာဝါဒများကို ကျူးလွန် နေခြင်းများကို စိတ်မကောင်း စွာ တွေ့ရှိရပေသည်။
ထိုထက်ပို၍ သူတပါး ကိုးကွယ်ယုံကြည်သော ဘာသာတရားတို့အား စော်ကားခြင်းဖြင့် နိုင်ငံရေး အမြတ်ထုတ်ခြင်း၊ နိုင်ငံသားများအကြား သွေးခွဲရန်တိုက်ပေးခြင်း စသည့် မလုပ် သင့်သော လုပ်ငန်းများကိုလည်း လုပ်ဆောင် လေ့ရှိသည်ကို တွေ့ရပေသည်။ ထိုလုပ်ငန်း စဉ်များသည် အာဏာရှင်အစိုးရများမှ လုပ်ဆောင်လေ့ရှိသည့် လုပ်ငန်းစဉ်မျိုး ဖြစ်သော်လည်း အာဏာရှင်အား တော်လှန်လိုသည့် အတိုက်အခံများထဲ၌ပင် အတွင်းစိတ်မှ ထောက်ခံ အားပေးနေသော အကျင့်များရှိသည့် လူတန်းစားများ ရှိကြောင်း စိတ်မကောင်းဘွယ် တွေ့ရ ပေသည်။

ထိုသို့ ယုတ်မာကောက်ကျစ်၊ အောက်တန်းကျသည့် စိတ်ဓါတ်များကို မွေးမြူစေရန် ဗုဒ္ဓ မြတ်စွာက သွန်သင်ခဲ့ ခြင်း မရှိသကဲ့သို့ ဖြူစင်ရိုးသားသည့် ဗုဒ္ဓရဟန်းတော်များကလည်း ပဲ့ပြင်ခဲ့ခြင်း မရှိချေ။ လူသားချင်း မုန်းတီးချင်း ဟူသည့် ပဋိသန္ဓေမှာ မတော်မတရား အာဏာ လိုချင်သူများ၏ မှိုင်းတိုက်မှုသာ ဖြစ်ပေသည်။
ထိုသို့ မတော်မတရားသော အမှုအား ကျူးလွန်သူအား ဗုဒ္ဓမြတ်စွာ၏ ဒေသနာအား ချစ် မြတ်နိုးသူတိုင်းက တားမြစ်ရန်မည် ဖြစ်သည်။ မိမိလူက သူတစ်ပါး ဘာသာအား စော်ကား သောအခါတွင် နှတ်ဆိတ်နေ၍၊ သူတစ်ပါးက မိမိဘာသာအား ထိခိုက်လာတော့မှ စိတ်ဆိုး ဒေါသ ဖြစ်သောသူသည် ဖြောင့်မတ်မှုရှိသောသူ မည်သို့မျှ မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော လူ တန်းစားသည် အနာဂါတ် မြန်မာနိုင်ငံအတွက် တန်ဘိုးရှိသော လူတန်းစားလည်း ဖြစ်လာမည် မဟုတ်ပေ။ ယခုခေတ်အခါသည် ကမ္ဘာအ၀ှန်း စုပေါင်းနေထိုင်သော နယ်နိမိတ်မဲ့ ခေတ် ကာလကြီး ဖြစ်လာ နေသည်ကို ဆင်ခြင်သင့်ပေသည်။ မြန်မာနိုင်ငံ ဧရိယာထဲတွင် ကျွန်ုပ် တို့မှာ လူများစုဟု ထင်မြင်ရ သော်လည်း ကမ္ဘာ့ရွာ ဖြစ်လာသော ယခုခေတ်တွင် ကျွန်ုပ်တို့မှာ အလွန်တရာ လူနည်းစုသာ ဖြစ်သည်ကို ရိုးသားစွာ ဆင်ခြင်ရမည် ဖြစ်သည်။

လူနည်းစုတွင် ရိုးသားဖြောင့်မတ်သော စိတ်ဓါတ်များကို ပိုင်ဆိုင်ထားမှသာလျှင် ထိုလူနည်း စု၏ ဂုဏ်သိက္ခာသည် အဖတ်တင်နိုင်သည်။ အသိအမှတ်ပြုခံရနိုင်သည်။ လူနည်းစု ဖြစ်နေ ပါလျှက် မရိုးမသား ကောက်ကျစ်သော- စိတ်ဓါတ်များကို ပြင်ဆင်ထားလျှင်-------------။ မတွေးဝံ့စရာပင်။
မရိုးမသား ကောက်ကျစ်မှုသည် ဘာသာတရား မဟုတ်ဟု ကျွန်ုပ်ဆင်ခြင်မိသည်။

ကိုရင်မိုး

Wednesday, February 10, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၄)

ခရစ်ယာန် ဓမ္မဆရာများသည် သူတစ်ပါးကိုးကွယ် ယုံကြည်သော ဘာသာအား အကောင်းဘက်မှ မည်သည့် အခါမျှ ရှုမြင် လေ့လာသူများ မဟုတ်ချေ။ ယုတ်စွအဆုံး ဝေဖန်ပုတ်ခတ်ရန် မရှိလျှင် ဆင်းတုတော်ကိုပင် အမျိုး မျိုး ပုတ်ခတ်စော်ကားတော့သည်။ ဗုဒ္ဓဘာသာများကိုလည်း ဆင်းတုရုပ်ပွားကိုးကွယ်သူများ၊ ဘုရားမရှိ တရား မရှိသူများ-ထိုသို့ ဘုရားမရှိ တရားမရှိဘဲ ရုပ်ထုများအား ကိုးကွယ်နေသူများကို ကယ်တင်ရမည်ဟု ကရူးဆိတ် သင်တန်းများတွင်ပင် ရည်ရွယ်ချက်ဖြင့် ထည့်၍ သင်တန်းပေးနေလေသည်။ (ထိုသင်တန်းများ၏ အဓိကနေရာ အား ဖေါ်ပြပြီး ဖြစ်သည်။)
သူတို့က ရုပ်ပွားဆင်းတု မကိုးကွယ်လေဟန် အကြီးအကျယ် ဗြောင်လိမ်လေ့ရှိသည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ကျမ်းစာ သင်တန်းတွင် ဆုံဘူးသော တောင်ပိုင်းမှ ပုဂ္ဂိုလ်အား (သူ့အကြောင်း ကျွန်တော်တွေ့ဘူး သော ပုဂ္ဂိုလ်များတွင် ပြန်ဖတ်ပါ။-အမှန်တရား ဖြစ်သည်။) ပြန်လည် သတိရမိသည်။ ကရူးဆိတ် သင်တန်း တစ်ခုတွင်ဖြစ်သည်-သင်တန်းဆရာက ဗုဒ္ဓဘာသာများသည် ဆင်းတုများကို ကိုးကွယ်ကြသူများ ဖြစ်သည်ဟု ဆိုသောအခါ-သူက ခရစ်ယာန်တွေက မကိုးကွယ်ဘူးလားဟု ပြန်မေးပါသည်။ ထိုအခါ သင်တန်းဆရာက ထို ကိုးကွယ်သူများမှာ ရိုမန်ကက်သလက်များ ဖြစ်ကြောင်း-၎င်းတို့မှာ ခရစ်ယာန်မျာ မဟုတ်ဟု ဆိုပါလေသည်။ ပုပ်ရဟန်းမင်းကြီးလည်း ခရစ်ယာန် မဟုတ်ဘူးလားဟု ထိုပုဂ္ဂိုလ်က မေးသောအခါ-ပုပ်ရဟန်းမင်းကြီးလည်း ခရစ်ယာန် မဟုတ်ဘူးဟု သင်တန်းဆရာက ဆိုသည်။

ထိုပုဂ္ဂိုလ်က ဆက်၍ ခရစ်ယာန်တွေ ရုပ်ထုရှိမခိုးရင်-ခရစ်တော် ယေရှုပုံကို ဘာကြောင့် ဆီမီးထွန်း ပန်းဆက် လုပ်နေတာလဲ ဟု မေးပြန်သော်-ဆရာက အဲ့ဒါ ကက်သလက်တွေ လုပ်တာဟု ပြန်ဖြေပါသည်။ ထိုအခါ ထို ပုဂ္ဂိုလ်က စိတ်မထိန်းနိုင် ဖြစ်မလာဘဲ-သင်တန်းသားထဲမှ လူတစ်ချို့ကို လက်ညှိုးထိုးပြ၍ သူတို့အိမ်တွေမှာ လည်း ခရစ်တော် ယေရှုပုံ ရှိတာပဲ-ကျွန်တော်တွေ့တယ်-၊ ဟု ဆက်ပြောသောခါ၊ သင်တန်းဆရာက အဲ့ဒါ အမှတ်တရ ထားတာ ဖြစ်မှာပေါ့၊ဟု ကာကွယ်ပြောဆိုလေသည်။

သင်တန်းဆင်းသွားသော အခါတွင် ကွေ့တီယိုဆိုင်၌ ထိုင်၍ စကားပြောကြသော အခါ-တိုင်းရင်းသား လူမျိုး ခရစ်ယာန်လူငယ်များရှေ့တွင်-ထိုပုဂ္ဂိုလ်သည် ဘုရားကျောင်းမှ ပေးထားသော စာအုပ်ကို ထုတ်၍ လက်ဝါးကပ် တိုင်မှ ယေရှု၏ ပုံအား လက်ဖြင့် ထောက်လျှက်- ဒီ- မအေ--ိုး က-ဘာမှ တန်ဘိုးမှ မရှိဘဲ။ ဒီမအေ--ိုးကို ဘာလို့ တန်ဘိုး ထားနေသလဲဟု အကြိမ်ပေါင်းများစွာ ရေရွတ်နေတော့သည်။

တိုင်းရင်းသား ခရစ်ယာန်လေး တစ်ဦးက ထိုပုဂ္ဂိုလ်အား အစ်ကိုရာ မကောင်းပါဘူး၊ အဲ့ဒီလိုပြောတော့ သူများ ဘာသာကို စော်ကားရာ ရောက်တာပေါ့ဟု ပြောလေတော့သည်။ ထိုအခါ သူက-ငါက ဘယ်သူ့ဘာသာကိုမှ မစော်ကားဘူးကွ၊ အခုပဲ သင်တန်းဆရာက ပြောလိုက်တာ မကြားဘူးလား၊ ဒီမအေ---ိုးပုံက ဘာမှ တန်ဘိုး မရှိ ဘူးလို့။ အဲ့ဒီ သင်တန်းဆရာက မင်းတို့ ငါတို့ထက် ပိုပြီးတတ်တယ်ကွ၊ သူက ဆရာ သူ့စကားကို နားထောင် ရမယ်။ အဲ့ဒီလို များများ ဆဲပေးတာ၊ မှားယောင်ပြီး ကိုးကွယ်နေတဲ့ လူတွေကို သနားလို့ကွ၊ သူတို့က တန်ဘိုးရှိ တယ် မြင့်မြတ်တယ်ထင်လို့ ကိုးကွယ်နေတာ။ သူတို့စိတ်ထဲမှာ ဘာမှ တန်ဘိုးမရှိဘူးလို့ သိသွားအောင် ငါတို့ လို ကရူးဆိတ် သင်တန်းဆင်းတွေက အနစ်နာခံပြီး လုပ်ပေးရမယ်-ဟု ပြောလိုက်ရာ၊ ထိုတိုင်းရင်းသား ခရစ် ယာန် လေးမှာ ပြန်ပြောရန် စကား မရှိ ဖြစ်သွားတော့သည်။

အလျှဉ်းသင့်၍ တင်ပြလိုသည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာများသည် ဗုဒ္ဓအား သဒ္ဓါအား ထက်သန်စွာဖြင့် ဖူးမျှော်ကန်တော့လို၍ ဗုဒ္ဓ၏ ရုပ်ပုံ ဆင်းထုတော်ကို ထုလုပ်ကြသည်။ မိမိနှင့် အလွန်ဝေးသော ခေတ်မှ ဖြစ် သော ဗုဒ္ဓ၏ ဆင်းတုတော်အား ထုလုပ်ရာတွင် ဆင်းတော်တစ်ဆူနှင့် တစ်ဆူ တူချင်မှ တူနိုင်မည် ဖြစ်သည်။ သို့ သော် အဓိကအချက်များမှာ တူညီနေပေသည်။

မည်သည့် ဗုဒ္ဓ၏ ဆင်းတုတော်တွင် မဆို မဟာပုရိသ ယောက်ျားမြတ် လက္ခဏာ ၃၂ ပါးကို ပါဝင်အောင် ထု လုပ်ကြပေသည်။ ဆင်းတုတော်ချင်း မတူညီသော်လည်း မဟာပုရိသ လက္ခာများနှင့် ကိုက်ညီစေရန် ထုဆစ် သည့် အတွက် အပြစ်မဟုတ်ပေ။ ထိုသို့ ထုဆစ်ခြင်းအတွက် အပြစ်ရှိသည်ဟုလည်း ဗုဒ္ဓကျမ်းများတွင် ဆို မထားပေ။ ထို့ကြောင့် အပြစ်ရှိသည်ဟု ဆိုမထားသည်ကို ပြုလုပ်ခြင်းမှာ အပြစ်ထိုက်သည်ဟု ခံစား၍ မရချေ။

ခရစ်တော်ယေရှု၏ ရုပ်ပုံအား ထုလုပ်ခြင်းမှာသာ အပြစ်ဖြစ်ပေသည်။ ထိုသို့ အပြစ်ရှိကြောင်းကိုလည်း သမ္မာ ကျမ်းစာတွင် တိတိကျကျ ဖေါ်ပြထားပေသည်။ ယခု ယေရှု၏ ပုံကို ကြည့်ပါ။ ဆံပင်ရှည်သည်၊ မုတ်ဆိတ်ရှိ သည်။ မိန်းမမျက်နှာ မျက်ခုံးပုံရှိသည်။ ထိုပုံစံအား သမ္မာကျမ်း-ကောရိန္တုသြ၀ါဒ ပဌမအစောင် ၁၁း၁၄ တွင် ယောက်ျားသည် ရှည်သော ဆံပင် ရှိလျှင်၊ ရှက်ဖွယ်သော အကြောင်း ဖြစ်သည်ကို သင်တို့အား ပကတိတရား ပင် ဆုံးမသွန်သင်သည် မဟုတ်လော၊ မိန်းမမူကား ရှည်သော ဆံပင်ရှိလျှင် သူ၏ ဘုန်းကျက်သရေ ဖြစ်၏-- ဟု ဆိုထားသည် ချိန်ကိုက်ကြည့်လျှင်-

ဤကျမ်းချက်အရ အကယ်၍ ယေရှုသည် ပုံပါအတိုင်း ဆံပင်ရှည်ရှိလျှင် သမ္မာကျမ်းစာပါ ဥပဒေအရ အလွန် ရှက်ဘွယ်လိလိ အလုပ်ကို စံပြလုပ်ဆောင်သွားသူ ဖြစ်ပေသည်။ ဤကျမ်းချက်၏ အဆိုအရ မိန်းမလျှာဟု ဖြစ် သည်။

ထိုသို့မဟုတ် ယေရှုက ဆံပင်ရှည် မထားခဲ့ဘဲ-ယေရှုရုပ်ဟု ထုလုပ်သူများက ဆံပင်ရှည်တပ်ပေးလိုက်လျှင် ထို ဆံပင်ရှည်တပ်ပေးသူ၊ ထိုပုံအား အမြတ်တနိုးထားသူများသည် သူတို့ ယုံကြည်သော ကယ်တင်ရှင်အား ပါးစပ်မှ ယုံကြည်ပါသည်ဟု ပြော၍ လက်တွေ့တွင် စော်ကားနေသူများ ဖြစ်ပေသည်။

ဗုဒ္ဓဘာသာများက ဆင်းတုတော်ထုလုပ်ရာတွင် မိမိယုံကြည်သော ဘုရားရှင်အား စော်ကားခြင်း မရှိပေ။ သို့ သော် သမ္မာကျမ်းအား ယုံကြည်သော ခရစ်ယာန်များက သူတို့ယုံကြည်သော ကယ်တင်ရှင်အား သူတို့ စော် ကားလျှက် ရှိနေသည်။--ဆိုခြင်းကို အဆွယ်ကောင်းရာသို့ ခိုအောင်းသွားသူများ ဆင်ခြင်သင့်ပေသည်။ သို့ မဟုတ် ထိုသို့စော်ကားချင်၍ ခိုအောင်းနေလျှင်လည်း-၊သူတပါးသာသနာအား စော်ကားတတ်သူများ၏ ၀ဋ် လည်ခြင်းသာ ဖြစ်ပေသည်။

ထိုယေရှုရုပ်ထုအား မကိုးကွယ်ပါဟု ခံငြင်းနေသော ခရစ်ယာန်များရှေ့တွင် သူတို့မကိုးကွယ်သော ယေရှုရုပ် အား ဆဲကြည့်ပါ။ သူတို့၏ မျက်နှာတွင် ကိုးကွယ်၏ မကိုးကွယ်၏ ဆိုသော အဖြေကို သိသာထင်ရှားစွာ တွေ့ မြင်ရမည်ပင်။


ဆက်လက် တင်ပြပါမည်။
သူတို့ လုပ်ရပ်များကို သူတို့၏ ကျမ်းဖြင့်သာ ဖြေရှင်းပါ။

ကိုရင်မိုး

Tuesday, February 9, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၃)

ခရစ်ယာန် သာသနာပြုများသည် ဗုဒ္ဓဘာသာ လူများစု နေထိုင်သော မြန်မာနိုင်ငံအား ထိုးဖေါက်ဝင်ရောက်ရန် ဗုဒ္ဓဘာသာ ကျမ်းဂန်များနှင့် မူဆလင်တို့၏ ကျမ်းစာများကိုသာ အပြစ်ရှာဖတ်၍ ၎င်းတို့၏ သမ္မာကျမ်းစာကိုမူ ပကတိ ခြောက်ပစ်ကင်း သဲလဲစင် အဖြစ် ယုံကြည်လျှက် အားနည်းချက်ဟူ၍ လုံးဝ မရှိ၊ ထာဝရဘုရား သခင်၏ သန့်ရှင်းသော ၀ိ ညာဉ်တော်ဖြင့် ရေးသား မှတ်တမ်းတင်ထားသည် ဖြစ်၍၊ အစအဆုံး ဖတ်ကြည့်နေရန်မလို- ပြောသမျှကို ယုံကြည်ရန်သာ လိုသည်ဟု ခံယူထားလေသည်။
သူတို့က အခြားသူများ၏ ဘာသာတရားအား ပုတ်ခတ်၊ အပြစ်ရှာရန် ဖတ်နေသော စာအုပ်များမှာ-ဘုရားဟော ကျမ်းများ မဟုတ်ဘဲ-ဆရာ့-ဆရာတော်တို့၏ ခေတ်အခါ အလျှောက် ဖွင့်ဆိုထားသော ကျမ်းများသာ ဖြစ်လေ သည်။
စာပေတစ်ခုအား လေ့လာရာတွင်-ထိုစာပေအား ရေးသားသည့်ခေတ်၊ ရေးသားသည့် စာရေးဆရာ သို့မဟုတ် စာပေ အကျော်အမော်၏ စိတ်နေစိတ်ထား-ပတ်ဝန်းကျင်ထိတွေ့မှု၊ ထိုစာရေးသူ ဦးတည်ထားသည့် ပရိသတ် ဆိုသည်များ ရှိသည်ဟူသည့် စာပေ သဘောတရား-ဥပဒေသအား ထည့်မတွက်ဘဲလျှက် အပြစ်ဆို ဝေဖန်ရန်သာ ဦးတည် ထားနေကြောင်းကို တွေ့ရသည်။
ကျွန်တော်ကိုရင်မိုး အနေဖြင့် ခံစားမိသည်မှာ-သူတစ်ပါး ကိုးကွယ် ယုံကြည်လက်ခံ ထားသည့် ကျမ်းစာ များ အား ဝေဖန်လိုလျှင်-
(၁) ဗုဒ္ဓဘာသာနှင့် စပ်လျှဉ်း၍ ပိဋကတ်ကျမ်းတော်မှ ဘုရားဟောများကိုသာ ဖတ်၍သာ စောကြောဝေဖန်သင့် သည်။
(၂) မူဆလင်ဘာသာနှင့် စပ်လျှဉ်း၍ ကိုရမ်ကျမ်းစာကိုသာ ဖတ်၍ စောကြောဝေဖန်သင့်သည်။
(၃) ခရစ်ယာန်နှင့် စပ်လျှဉ်း၍ သမ္မာကျမ်းစာကိုသာ ဖတ်၍ စောကြောဝေဖန်သင့်သည်-ဟု ဖြစ်ပေသည်။

အကယ်၍-ဘာသာရေးဆိုင်ရာ မဂ္ဂဇင်းများ၊ ရှင်းတမ်းများ၊ အထကထာများကို လိုက်၍ စောကြောမည်ဆိုလျှင် ထိုဆရာတော်များ၏ ခေတ်ကာလ၊ ပတ်ဝန်းကျင်၊ လူမျိုး၊ ခံစားမှု၊ ဦးတည်သည့် ပရိတ်သပ် အားလုံးကို ထည့် သွင်း စဉ်းစားရမည် ဖြစ်သည်။

ကုလားစာ တစ်ခုတွေ့တိုင်း မူဆလင်ဘုရားက ဟောသည်ဟု လည်းကောင်း၊ ပါဠိစာတစ်ကြောင်းတွေ့တိုင်း ဗုဒ္ဓ မြတ်စွာက ဟောသည်ဟု လည်းကောင်း-သတ်မှတ်၍ သက်ဆိုင်ရာ ဘာသာတရားများကို ပုတ်ခတ်မည် ဆို လျှင် အင်္ဂလိပ်စာ၊ ဂရိစာ၊ လက်တင်စာ၊ ဟေလာသ (ဟီးဘရူး)စာတွေ့တိုင်း ခရစ်ယာန်ဘုရားက ဟောသည် ဟု သတ်မှတ်ရတော့မည် ဖြစ်သည်။

ထို့ပြင် ဂိုဏ်းကွဲများ၏ အယူများသည် ဂိုဏ်းကွဲ ခေါင်းဆောင်များ၏ အာဘော် ဖွင့်ဆိုမှုများသာ ဖြစ်၍ ဘာသာ တရား၏ မူလပင်မ ဘုရားဟောဟု သတ်မှတ်ယူ၍ မရနိုင်ကောင်းပေ။ ထိုသို့ သတ်မှတ်လျှင် အရှေ့ပိုင်း အောသိုဒေါ့တို့ လက်ခံထားသော သမ္မာကျမ်းစာ၊ ဖွင့်ဆိုမှု၊ အယူအဆများမှာ ကက်သလစ်များနှင့် သော်လည်းကောင်း၊ ပရိုတက်စ်တင့်များနှင့် သော်လည်းကောင်း မြောက်များစွာ ကွဲလွဲလျှက် ရှိနေသည်မှာ မည်သည့် ခရစ်ယာန်က မျှ ငြင်းနိုင်ခြင်း မရှိပေ။ ခရစ်ယာန်တို့၏ စတုတ္ထ ကရူးဆိတ် စစ်ပွဲကြီးသည်ပင် ခရစ်ယာန်ချင်း စားကွက်လု- သူမှန် ငါမှန်ငြင်း၍ ဖြစ်ခဲ့ရသော စစ်ပွဲကြီး ဖြစ်လေသည်။
ယခု ကျွန်တော် ဆိုလိုသည်မှာ-ခရစ်ယာန်များ အနေဖြင့် ပုတ်ခတ်ဝေဖန် ပြောဆိုနေသည့် ဗုဒ္ဓဘာသာ ကျမ်း စာများ ဆိုသည်မှာ ဗုဒ္ဓဘုရားရှင် ဟောခဲ့သော တရားတော်များဟု မဆိုနိုင်ပေ။ သူတို့သည် ဗုဒ္ဓ၀င်ကျမ်းများ၊ ဂိုဏ်းအယူဖြင့် ဖွင့်ဆိုထားသော ကျမ်းများကိုသာ ဝေဖန်စောကြောနိုင်ခြင်း ဖြစ်၍ ဗုဒ္ဓဘာသာအား၊ ဗုဒ္ဓမြတ်စွာ ၏ ဒေသနာအား မည်သို့မျှ ထိခိုက်နစ်နာစေရန် မပြုနိုင်ပေ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာများ သိထားနားလည်ထားရန်မှာ ပါဠိစာသားတိုင်းသည် ဗုဒ္ဓ၏ ဟောပြောချက်များ မဟုတ် ဆိုသည်ပင် ဖြစ်သည်။
မူဆလင်များ၏ ကျမ်းစာအား ကျွန်တော် မရင်းနှီးသောကြောင့် ခရစ်ယာန်များက မူဆလင်များအား ဝေဖန် သော အခါတွင် မည်သို့ ခွဲခြားရမည်ကို ကျွန်တော် မသိပါ။ သို့သော် ခန့်မှန်းမိသည်မှာ မူဆလင်တို့၏ ကိုရမ် ကျမ်းမှ ပြောသည်ဟူ၍ ကိုးကားလျှက် ခရစ်ယာန်များ ပုတ်ခတ်ခြင်းမှာ ကျွန်တော့ကိုယ်တွေ့အရ မှန်နိုင်မည် မထင်ပါ။

ဓမ္မဆရာများ၏ အဆွယ်ကောင်းရာသို့ ခိုအောင်းသွားမိသူတို့အား ကျွန်တော် အနည်းငယ် တင်ပြလိုပါသည်။ လွတ်လပ်စွာ ယုံကြည်ပါ။ သို့သော်-အမှန်ကို အမှန်အတိုင်း သိရန် ကြိုးစားသင့်သည်ဟု အကြံပြုလိုပါသည်။

သင်တို့က ဗုဒ္ဓသည် မဟုတ် မဟတ်များကို ဟောပြောသည်၊ ခေတ်ကာလနှင့် ကိုက်ညီမှု မရှိသော ယုတ္တိမဲ့သည် များကို လျှောက်ပြောနေသည်ဟု ထင်သော တရားများ (ဓမ္မဆရာများ ရွတ်ပြသော ပါဠိများ)မှာ ပိဋကတ်တော် မှ တရားဒေသနာများ မဟုတ်ပါ။ ဟုတ်ခဲ့လျှင်-တရားတော်အား အစအဆုံး မလေ့လာဘဲလျှက် ပါဠိတော် တချို့ တ၀က်အား ဖတ်ပြခြင်းသာ ဖြစ်ပေသည်။

သင်တို့က ပကတိအမှန် သစ္စာ ဖြစ်ပါသည်ဟု ထင်မှတ်သော သမ္မာကျမ်းစာမှာ- စာရေးဆရာများ၊ အထကထာ ဆရာတော်များ ဖွင့်ဆိုထားသော ကျမ်းမဟုတ်ဘဲ-သူတို့၏ ထာဝရဘုရားမှ ဟောသော ကျမ်းစာ ဖြစ်သည်။ ထို ကျမ်း တွင်---
ဣဇာက်၏ သား ယာကုပ်သည် လူလိမ် ဖြစ်သည်။(လိုရာဆွဲ၍ မပြောလို သင်ကိုယ်တိုင်ဖတ်ပါ-သမ္မာကျမ်း- ကမ္ဘာဦး အခန်းကြီး ၂၇။-- မွေးသ ဖခင် ကျေးဇူးရှင်အား လိမ်ခဲ့သည်ကို တွေ့ရလိမ့်မည်။)
ထို့ပြင် ယာကုပ်သည် ယေက္ခမဖြစ်သော လာဗန်ထံမှ သိုး၊ ဆိတ်၊ နွားများကို လိမ်၍ ယူပြန်သည်။ ကမ္ဘာဦး အခန်းကြီး ၃၁။
လာဗန်၏ သမီး အငယ် ရာခေလကို ရရန် ၇ နှစ်လုံးကျွန်ခံသည့် မယားတရူးဟုလည်း သတ်မှတ်နိုင်သည်။ (ကမ္ဘာဦး ၂၉း၅ မှ စ၍ ဖတ်ကြည့်ပါ။) (ထိုပုဂ္ဂိုလ်အား ပုဂ္ဂိုလ်ရေး မစော်ကားပါ-ထိုကဲ့သို့ စာရိတ္တရှိသူ တစ်ဦး၏ ဘုန်း ကံကို တင်ပြလို၍သာ ရေးသားရခြင်း ဖြစ်သည်။)
ထိုသို့ လူလိမ်-မယားတရူး တစ်ဦး၏ ဘုန်းကံသည် မည်မျှကြီးနိုင်အံ့နည်း-
အလွန်အံ့သြဘွယ်ကောင်းသည်မှာ သူသည် ထာဝရဘုရားသခင်နှင့် နပန်းလုံးရာ အနိုင်ရသွားသည်ဟု ဆိုထား ခြင်း ဖြစ်သည်။ ကမ္ဘာဦး ၃၂း၂၄ မှ စဖတ်ကြည့်ပါ။
ယာကုပ်က ချောင်းတစ်ခုကို ဖတ်ကျော်မည် ပြုသည်- လူတစ်ဦးက နပန်းဝင်လုံးသည် မနိုင်တော့၍ ယာကုပ်၏ ပေါင်ချန်ကို ထိုးလိုက်သည်။ ယာကုပ်က အတင်းဖမ်းလုံးထားသည်။ မိုးလင်းတော့မည် ဖြစ်သော အခါ-ဖမ်း လုံးခံထားရသူက သူ့ကို လွှတ်ပေးရန် တောင်းပန်သည်။ ယာကုပ်က အမည်ကိုပြောမှ လွှတ်ပေးမည်ဟု ဆို သည်။ နောက်ဆုံး ထိုသူမှာ ဘုရားသခင် ဖြစ်တော့သည်။ ထိုဘုရားသခင်က ယာကုပ်အား ဣသရေလဟု အမည်ပေးခဲ့သည်။ ထိုဒေသအား ပေညေလ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်တွေ့သော နေရာဟု အမည် သတ်မှတ်လိုက်သည်။ ယာကုပ်မှာ ပေါင်တွင် အနာရသွားသောကြောင့် ခြေထော့သွားသည် ထိုအရာကို အစွဲ ပြု၍ ဣသရေလတို့မှာ ယနေ့တိုင် ပေါင်ချန်မှ ရှိသည့် အကြောကြီးကို မစားဘဲရှောင်ကြတော့သည်ဟု ဆိုထား သည်။
မယားတရူး။ လူလိမ် တစ်ဦးနှင့် နပန်းလုံးသည်ကိုပင် မနိုင်သော၊ သူ့ကိုယ်သူ ယာကုပ်ထံမှ လွတ်ရန် မစွမ်း ဆောင်နိုင်သော ဘုရားသခင်က ယေရှုအား စေလွှတ်၍ လောကကြီးကို ကယ်တင်ခိုင်းသည် ဆိုခြင်းမှာ အလွန် စဉ်းစားစရာ အချက်ဖြစ်ပေသည်။
ယေရှုသည်ကော ခရစ်ယာန်ဓမ္မဆရာများ ပြောသော သမ္မာကျမ်းမှ ထာဝရဘုရား ဆိုသည်ကို အမှန်တကယ် ယုံ ကြည်ခဲ့သလော -- ဆိုသည်များကို စဉ်းစားစေလိုပါသည်။


ဆက်လက်တင်ပြပါမည်။-
ကိုရင်မိုး