Tuesday, February 9, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၃)

ခရစ်ယာန် သာသနာပြုများသည် ဗုဒ္ဓဘာသာ လူများစု နေထိုင်သော မြန်မာနိုင်ငံအား ထိုးဖေါက်ဝင်ရောက်ရန် ဗုဒ္ဓဘာသာ ကျမ်းဂန်များနှင့် မူဆလင်တို့၏ ကျမ်းစာများကိုသာ အပြစ်ရှာဖတ်၍ ၎င်းတို့၏ သမ္မာကျမ်းစာကိုမူ ပကတိ ခြောက်ပစ်ကင်း သဲလဲစင် အဖြစ် ယုံကြည်လျှက် အားနည်းချက်ဟူ၍ လုံးဝ မရှိ၊ ထာဝရဘုရား သခင်၏ သန့်ရှင်းသော ၀ိ ညာဉ်တော်ဖြင့် ရေးသား မှတ်တမ်းတင်ထားသည် ဖြစ်၍၊ အစအဆုံး ဖတ်ကြည့်နေရန်မလို- ပြောသမျှကို ယုံကြည်ရန်သာ လိုသည်ဟု ခံယူထားလေသည်။
သူတို့က အခြားသူများ၏ ဘာသာတရားအား ပုတ်ခတ်၊ အပြစ်ရှာရန် ဖတ်နေသော စာအုပ်များမှာ-ဘုရားဟော ကျမ်းများ မဟုတ်ဘဲ-ဆရာ့-ဆရာတော်တို့၏ ခေတ်အခါ အလျှောက် ဖွင့်ဆိုထားသော ကျမ်းများသာ ဖြစ်လေ သည်။
စာပေတစ်ခုအား လေ့လာရာတွင်-ထိုစာပေအား ရေးသားသည့်ခေတ်၊ ရေးသားသည့် စာရေးဆရာ သို့မဟုတ် စာပေ အကျော်အမော်၏ စိတ်နေစိတ်ထား-ပတ်ဝန်းကျင်ထိတွေ့မှု၊ ထိုစာရေးသူ ဦးတည်ထားသည့် ပရိသတ် ဆိုသည်များ ရှိသည်ဟူသည့် စာပေ သဘောတရား-ဥပဒေသအား ထည့်မတွက်ဘဲလျှက် အပြစ်ဆို ဝေဖန်ရန်သာ ဦးတည် ထားနေကြောင်းကို တွေ့ရသည်။
ကျွန်တော်ကိုရင်မိုး အနေဖြင့် ခံစားမိသည်မှာ-သူတစ်ပါး ကိုးကွယ် ယုံကြည်လက်ခံ ထားသည့် ကျမ်းစာ များ အား ဝေဖန်လိုလျှင်-
(၁) ဗုဒ္ဓဘာသာနှင့် စပ်လျှဉ်း၍ ပိဋကတ်ကျမ်းတော်မှ ဘုရားဟောများကိုသာ ဖတ်၍သာ စောကြောဝေဖန်သင့် သည်။
(၂) မူဆလင်ဘာသာနှင့် စပ်လျှဉ်း၍ ကိုရမ်ကျမ်းစာကိုသာ ဖတ်၍ စောကြောဝေဖန်သင့်သည်။
(၃) ခရစ်ယာန်နှင့် စပ်လျှဉ်း၍ သမ္မာကျမ်းစာကိုသာ ဖတ်၍ စောကြောဝေဖန်သင့်သည်-ဟု ဖြစ်ပေသည်။

အကယ်၍-ဘာသာရေးဆိုင်ရာ မဂ္ဂဇင်းများ၊ ရှင်းတမ်းများ၊ အထကထာများကို လိုက်၍ စောကြောမည်ဆိုလျှင် ထိုဆရာတော်များ၏ ခေတ်ကာလ၊ ပတ်ဝန်းကျင်၊ လူမျိုး၊ ခံစားမှု၊ ဦးတည်သည့် ပရိတ်သပ် အားလုံးကို ထည့် သွင်း စဉ်းစားရမည် ဖြစ်သည်။

ကုလားစာ တစ်ခုတွေ့တိုင်း မူဆလင်ဘုရားက ဟောသည်ဟု လည်းကောင်း၊ ပါဠိစာတစ်ကြောင်းတွေ့တိုင်း ဗုဒ္ဓ မြတ်စွာက ဟောသည်ဟု လည်းကောင်း-သတ်မှတ်၍ သက်ဆိုင်ရာ ဘာသာတရားများကို ပုတ်ခတ်မည် ဆို လျှင် အင်္ဂလိပ်စာ၊ ဂရိစာ၊ လက်တင်စာ၊ ဟေလာသ (ဟီးဘရူး)စာတွေ့တိုင်း ခရစ်ယာန်ဘုရားက ဟောသည် ဟု သတ်မှတ်ရတော့မည် ဖြစ်သည်။

ထို့ပြင် ဂိုဏ်းကွဲများ၏ အယူများသည် ဂိုဏ်းကွဲ ခေါင်းဆောင်များ၏ အာဘော် ဖွင့်ဆိုမှုများသာ ဖြစ်၍ ဘာသာ တရား၏ မူလပင်မ ဘုရားဟောဟု သတ်မှတ်ယူ၍ မရနိုင်ကောင်းပေ။ ထိုသို့ သတ်မှတ်လျှင် အရှေ့ပိုင်း အောသိုဒေါ့တို့ လက်ခံထားသော သမ္မာကျမ်းစာ၊ ဖွင့်ဆိုမှု၊ အယူအဆများမှာ ကက်သလစ်များနှင့် သော်လည်းကောင်း၊ ပရိုတက်စ်တင့်များနှင့် သော်လည်းကောင်း မြောက်များစွာ ကွဲလွဲလျှက် ရှိနေသည်မှာ မည်သည့် ခရစ်ယာန်က မျှ ငြင်းနိုင်ခြင်း မရှိပေ။ ခရစ်ယာန်တို့၏ စတုတ္ထ ကရူးဆိတ် စစ်ပွဲကြီးသည်ပင် ခရစ်ယာန်ချင်း စားကွက်လု- သူမှန် ငါမှန်ငြင်း၍ ဖြစ်ခဲ့ရသော စစ်ပွဲကြီး ဖြစ်လေသည်။
ယခု ကျွန်တော် ဆိုလိုသည်မှာ-ခရစ်ယာန်များ အနေဖြင့် ပုတ်ခတ်ဝေဖန် ပြောဆိုနေသည့် ဗုဒ္ဓဘာသာ ကျမ်း စာများ ဆိုသည်မှာ ဗုဒ္ဓဘုရားရှင် ဟောခဲ့သော တရားတော်များဟု မဆိုနိုင်ပေ။ သူတို့သည် ဗုဒ္ဓ၀င်ကျမ်းများ၊ ဂိုဏ်းအယူဖြင့် ဖွင့်ဆိုထားသော ကျမ်းများကိုသာ ဝေဖန်စောကြောနိုင်ခြင်း ဖြစ်၍ ဗုဒ္ဓဘာသာအား၊ ဗုဒ္ဓမြတ်စွာ ၏ ဒေသနာအား မည်သို့မျှ ထိခိုက်နစ်နာစေရန် မပြုနိုင်ပေ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာများ သိထားနားလည်ထားရန်မှာ ပါဠိစာသားတိုင်းသည် ဗုဒ္ဓ၏ ဟောပြောချက်များ မဟုတ် ဆိုသည်ပင် ဖြစ်သည်။
မူဆလင်များ၏ ကျမ်းစာအား ကျွန်တော် မရင်းနှီးသောကြောင့် ခရစ်ယာန်များက မူဆလင်များအား ဝေဖန် သော အခါတွင် မည်သို့ ခွဲခြားရမည်ကို ကျွန်တော် မသိပါ။ သို့သော် ခန့်မှန်းမိသည်မှာ မူဆလင်တို့၏ ကိုရမ် ကျမ်းမှ ပြောသည်ဟူ၍ ကိုးကားလျှက် ခရစ်ယာန်များ ပုတ်ခတ်ခြင်းမှာ ကျွန်တော့ကိုယ်တွေ့အရ မှန်နိုင်မည် မထင်ပါ။

ဓမ္မဆရာများ၏ အဆွယ်ကောင်းရာသို့ ခိုအောင်းသွားမိသူတို့အား ကျွန်တော် အနည်းငယ် တင်ပြလိုပါသည်။ လွတ်လပ်စွာ ယုံကြည်ပါ။ သို့သော်-အမှန်ကို အမှန်အတိုင်း သိရန် ကြိုးစားသင့်သည်ဟု အကြံပြုလိုပါသည်။

သင်တို့က ဗုဒ္ဓသည် မဟုတ် မဟတ်များကို ဟောပြောသည်၊ ခေတ်ကာလနှင့် ကိုက်ညီမှု မရှိသော ယုတ္တိမဲ့သည် များကို လျှောက်ပြောနေသည်ဟု ထင်သော တရားများ (ဓမ္မဆရာများ ရွတ်ပြသော ပါဠိများ)မှာ ပိဋကတ်တော် မှ တရားဒေသနာများ မဟုတ်ပါ။ ဟုတ်ခဲ့လျှင်-တရားတော်အား အစအဆုံး မလေ့လာဘဲလျှက် ပါဠိတော် တချို့ တ၀က်အား ဖတ်ပြခြင်းသာ ဖြစ်ပေသည်။

သင်တို့က ပကတိအမှန် သစ္စာ ဖြစ်ပါသည်ဟု ထင်မှတ်သော သမ္မာကျမ်းစာမှာ- စာရေးဆရာများ၊ အထကထာ ဆရာတော်များ ဖွင့်ဆိုထားသော ကျမ်းမဟုတ်ဘဲ-သူတို့၏ ထာဝရဘုရားမှ ဟောသော ကျမ်းစာ ဖြစ်သည်။ ထို ကျမ်း တွင်---
ဣဇာက်၏ သား ယာကုပ်သည် လူလိမ် ဖြစ်သည်။(လိုရာဆွဲ၍ မပြောလို သင်ကိုယ်တိုင်ဖတ်ပါ-သမ္မာကျမ်း- ကမ္ဘာဦး အခန်းကြီး ၂၇။-- မွေးသ ဖခင် ကျေးဇူးရှင်အား လိမ်ခဲ့သည်ကို တွေ့ရလိမ့်မည်။)
ထို့ပြင် ယာကုပ်သည် ယေက္ခမဖြစ်သော လာဗန်ထံမှ သိုး၊ ဆိတ်၊ နွားများကို လိမ်၍ ယူပြန်သည်။ ကမ္ဘာဦး အခန်းကြီး ၃၁။
လာဗန်၏ သမီး အငယ် ရာခေလကို ရရန် ၇ နှစ်လုံးကျွန်ခံသည့် မယားတရူးဟုလည်း သတ်မှတ်နိုင်သည်။ (ကမ္ဘာဦး ၂၉း၅ မှ စ၍ ဖတ်ကြည့်ပါ။) (ထိုပုဂ္ဂိုလ်အား ပုဂ္ဂိုလ်ရေး မစော်ကားပါ-ထိုကဲ့သို့ စာရိတ္တရှိသူ တစ်ဦး၏ ဘုန်း ကံကို တင်ပြလို၍သာ ရေးသားရခြင်း ဖြစ်သည်။)
ထိုသို့ လူလိမ်-မယားတရူး တစ်ဦး၏ ဘုန်းကံသည် မည်မျှကြီးနိုင်အံ့နည်း-
အလွန်အံ့သြဘွယ်ကောင်းသည်မှာ သူသည် ထာဝရဘုရားသခင်နှင့် နပန်းလုံးရာ အနိုင်ရသွားသည်ဟု ဆိုထား ခြင်း ဖြစ်သည်။ ကမ္ဘာဦး ၃၂း၂၄ မှ စဖတ်ကြည့်ပါ။
ယာကုပ်က ချောင်းတစ်ခုကို ဖတ်ကျော်မည် ပြုသည်- လူတစ်ဦးက နပန်းဝင်လုံးသည် မနိုင်တော့၍ ယာကုပ်၏ ပေါင်ချန်ကို ထိုးလိုက်သည်။ ယာကုပ်က အတင်းဖမ်းလုံးထားသည်။ မိုးလင်းတော့မည် ဖြစ်သော အခါ-ဖမ်း လုံးခံထားရသူက သူ့ကို လွှတ်ပေးရန် တောင်းပန်သည်။ ယာကုပ်က အမည်ကိုပြောမှ လွှတ်ပေးမည်ဟု ဆို သည်။ နောက်ဆုံး ထိုသူမှာ ဘုရားသခင် ဖြစ်တော့သည်။ ထိုဘုရားသခင်က ယာကုပ်အား ဣသရေလဟု အမည်ပေးခဲ့သည်။ ထိုဒေသအား ပေညေလ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်တွေ့သော နေရာဟု အမည် သတ်မှတ်လိုက်သည်။ ယာကုပ်မှာ ပေါင်တွင် အနာရသွားသောကြောင့် ခြေထော့သွားသည် ထိုအရာကို အစွဲ ပြု၍ ဣသရေလတို့မှာ ယနေ့တိုင် ပေါင်ချန်မှ ရှိသည့် အကြောကြီးကို မစားဘဲရှောင်ကြတော့သည်ဟု ဆိုထား သည်။
မယားတရူး။ လူလိမ် တစ်ဦးနှင့် နပန်းလုံးသည်ကိုပင် မနိုင်သော၊ သူ့ကိုယ်သူ ယာကုပ်ထံမှ လွတ်ရန် မစွမ်း ဆောင်နိုင်သော ဘုရားသခင်က ယေရှုအား စေလွှတ်၍ လောကကြီးကို ကယ်တင်ခိုင်းသည် ဆိုခြင်းမှာ အလွန် စဉ်းစားစရာ အချက်ဖြစ်ပေသည်။
ယေရှုသည်ကော ခရစ်ယာန်ဓမ္မဆရာများ ပြောသော သမ္မာကျမ်းမှ ထာဝရဘုရား ဆိုသည်ကို အမှန်တကယ် ယုံ ကြည်ခဲ့သလော -- ဆိုသည်များကို စဉ်းစားစေလိုပါသည်။


ဆက်လက်တင်ပြပါမည်။-
ကိုရင်မိုး

No comments:

Post a Comment