Wednesday, February 10, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၄)

ခရစ်ယာန် ဓမ္မဆရာများသည် သူတစ်ပါးကိုးကွယ် ယုံကြည်သော ဘာသာအား အကောင်းဘက်မှ မည်သည့် အခါမျှ ရှုမြင် လေ့လာသူများ မဟုတ်ချေ။ ယုတ်စွအဆုံး ဝေဖန်ပုတ်ခတ်ရန် မရှိလျှင် ဆင်းတုတော်ကိုပင် အမျိုး မျိုး ပုတ်ခတ်စော်ကားတော့သည်။ ဗုဒ္ဓဘာသာများကိုလည်း ဆင်းတုရုပ်ပွားကိုးကွယ်သူများ၊ ဘုရားမရှိ တရား မရှိသူများ-ထိုသို့ ဘုရားမရှိ တရားမရှိဘဲ ရုပ်ထုများအား ကိုးကွယ်နေသူများကို ကယ်တင်ရမည်ဟု ကရူးဆိတ် သင်တန်းများတွင်ပင် ရည်ရွယ်ချက်ဖြင့် ထည့်၍ သင်တန်းပေးနေလေသည်။ (ထိုသင်တန်းများ၏ အဓိကနေရာ အား ဖေါ်ပြပြီး ဖြစ်သည်။)
သူတို့က ရုပ်ပွားဆင်းတု မကိုးကွယ်လေဟန် အကြီးအကျယ် ဗြောင်လိမ်လေ့ရှိသည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ကျမ်းစာ သင်တန်းတွင် ဆုံဘူးသော တောင်ပိုင်းမှ ပုဂ္ဂိုလ်အား (သူ့အကြောင်း ကျွန်တော်တွေ့ဘူး သော ပုဂ္ဂိုလ်များတွင် ပြန်ဖတ်ပါ။-အမှန်တရား ဖြစ်သည်။) ပြန်လည် သတိရမိသည်။ ကရူးဆိတ် သင်တန်း တစ်ခုတွင်ဖြစ်သည်-သင်တန်းဆရာက ဗုဒ္ဓဘာသာများသည် ဆင်းတုများကို ကိုးကွယ်ကြသူများ ဖြစ်သည်ဟု ဆိုသောအခါ-သူက ခရစ်ယာန်တွေက မကိုးကွယ်ဘူးလားဟု ပြန်မေးပါသည်။ ထိုအခါ သင်တန်းဆရာက ထို ကိုးကွယ်သူများမှာ ရိုမန်ကက်သလက်များ ဖြစ်ကြောင်း-၎င်းတို့မှာ ခရစ်ယာန်မျာ မဟုတ်ဟု ဆိုပါလေသည်။ ပုပ်ရဟန်းမင်းကြီးလည်း ခရစ်ယာန် မဟုတ်ဘူးလားဟု ထိုပုဂ္ဂိုလ်က မေးသောအခါ-ပုပ်ရဟန်းမင်းကြီးလည်း ခရစ်ယာန် မဟုတ်ဘူးဟု သင်တန်းဆရာက ဆိုသည်။

ထိုပုဂ္ဂိုလ်က ဆက်၍ ခရစ်ယာန်တွေ ရုပ်ထုရှိမခိုးရင်-ခရစ်တော် ယေရှုပုံကို ဘာကြောင့် ဆီမီးထွန်း ပန်းဆက် လုပ်နေတာလဲ ဟု မေးပြန်သော်-ဆရာက အဲ့ဒါ ကက်သလက်တွေ လုပ်တာဟု ပြန်ဖြေပါသည်။ ထိုအခါ ထို ပုဂ္ဂိုလ်က စိတ်မထိန်းနိုင် ဖြစ်မလာဘဲ-သင်တန်းသားထဲမှ လူတစ်ချို့ကို လက်ညှိုးထိုးပြ၍ သူတို့အိမ်တွေမှာ လည်း ခရစ်တော် ယေရှုပုံ ရှိတာပဲ-ကျွန်တော်တွေ့တယ်-၊ ဟု ဆက်ပြောသောခါ၊ သင်တန်းဆရာက အဲ့ဒါ အမှတ်တရ ထားတာ ဖြစ်မှာပေါ့၊ဟု ကာကွယ်ပြောဆိုလေသည်။

သင်တန်းဆင်းသွားသော အခါတွင် ကွေ့တီယိုဆိုင်၌ ထိုင်၍ စကားပြောကြသော အခါ-တိုင်းရင်းသား လူမျိုး ခရစ်ယာန်လူငယ်များရှေ့တွင်-ထိုပုဂ္ဂိုလ်သည် ဘုရားကျောင်းမှ ပေးထားသော စာအုပ်ကို ထုတ်၍ လက်ဝါးကပ် တိုင်မှ ယေရှု၏ ပုံအား လက်ဖြင့် ထောက်လျှက်- ဒီ- မအေ--ိုး က-ဘာမှ တန်ဘိုးမှ မရှိဘဲ။ ဒီမအေ--ိုးကို ဘာလို့ တန်ဘိုး ထားနေသလဲဟု အကြိမ်ပေါင်းများစွာ ရေရွတ်နေတော့သည်။

တိုင်းရင်းသား ခရစ်ယာန်လေး တစ်ဦးက ထိုပုဂ္ဂိုလ်အား အစ်ကိုရာ မကောင်းပါဘူး၊ အဲ့ဒီလိုပြောတော့ သူများ ဘာသာကို စော်ကားရာ ရောက်တာပေါ့ဟု ပြောလေတော့သည်။ ထိုအခါ သူက-ငါက ဘယ်သူ့ဘာသာကိုမှ မစော်ကားဘူးကွ၊ အခုပဲ သင်တန်းဆရာက ပြောလိုက်တာ မကြားဘူးလား၊ ဒီမအေ---ိုးပုံက ဘာမှ တန်ဘိုး မရှိ ဘူးလို့။ အဲ့ဒီ သင်တန်းဆရာက မင်းတို့ ငါတို့ထက် ပိုပြီးတတ်တယ်ကွ၊ သူက ဆရာ သူ့စကားကို နားထောင် ရမယ်။ အဲ့ဒီလို များများ ဆဲပေးတာ၊ မှားယောင်ပြီး ကိုးကွယ်နေတဲ့ လူတွေကို သနားလို့ကွ၊ သူတို့က တန်ဘိုးရှိ တယ် မြင့်မြတ်တယ်ထင်လို့ ကိုးကွယ်နေတာ။ သူတို့စိတ်ထဲမှာ ဘာမှ တန်ဘိုးမရှိဘူးလို့ သိသွားအောင် ငါတို့ လို ကရူးဆိတ် သင်တန်းဆင်းတွေက အနစ်နာခံပြီး လုပ်ပေးရမယ်-ဟု ပြောလိုက်ရာ၊ ထိုတိုင်းရင်းသား ခရစ် ယာန် လေးမှာ ပြန်ပြောရန် စကား မရှိ ဖြစ်သွားတော့သည်။

အလျှဉ်းသင့်၍ တင်ပြလိုသည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာများသည် ဗုဒ္ဓအား သဒ္ဓါအား ထက်သန်စွာဖြင့် ဖူးမျှော်ကန်တော့လို၍ ဗုဒ္ဓ၏ ရုပ်ပုံ ဆင်းထုတော်ကို ထုလုပ်ကြသည်။ မိမိနှင့် အလွန်ဝေးသော ခေတ်မှ ဖြစ် သော ဗုဒ္ဓ၏ ဆင်းတုတော်အား ထုလုပ်ရာတွင် ဆင်းတော်တစ်ဆူနှင့် တစ်ဆူ တူချင်မှ တူနိုင်မည် ဖြစ်သည်။ သို့ သော် အဓိကအချက်များမှာ တူညီနေပေသည်။

မည်သည့် ဗုဒ္ဓ၏ ဆင်းတုတော်တွင် မဆို မဟာပုရိသ ယောက်ျားမြတ် လက္ခဏာ ၃၂ ပါးကို ပါဝင်အောင် ထု လုပ်ကြပေသည်။ ဆင်းတုတော်ချင်း မတူညီသော်လည်း မဟာပုရိသ လက္ခာများနှင့် ကိုက်ညီစေရန် ထုဆစ် သည့် အတွက် အပြစ်မဟုတ်ပေ။ ထိုသို့ ထုဆစ်ခြင်းအတွက် အပြစ်ရှိသည်ဟုလည်း ဗုဒ္ဓကျမ်းများတွင် ဆို မထားပေ။ ထို့ကြောင့် အပြစ်ရှိသည်ဟု ဆိုမထားသည်ကို ပြုလုပ်ခြင်းမှာ အပြစ်ထိုက်သည်ဟု ခံစား၍ မရချေ။

ခရစ်တော်ယေရှု၏ ရုပ်ပုံအား ထုလုပ်ခြင်းမှာသာ အပြစ်ဖြစ်ပေသည်။ ထိုသို့ အပြစ်ရှိကြောင်းကိုလည်း သမ္မာ ကျမ်းစာတွင် တိတိကျကျ ဖေါ်ပြထားပေသည်။ ယခု ယေရှု၏ ပုံကို ကြည့်ပါ။ ဆံပင်ရှည်သည်၊ မုတ်ဆိတ်ရှိ သည်။ မိန်းမမျက်နှာ မျက်ခုံးပုံရှိသည်။ ထိုပုံစံအား သမ္မာကျမ်း-ကောရိန္တုသြ၀ါဒ ပဌမအစောင် ၁၁း၁၄ တွင် ယောက်ျားသည် ရှည်သော ဆံပင် ရှိလျှင်၊ ရှက်ဖွယ်သော အကြောင်း ဖြစ်သည်ကို သင်တို့အား ပကတိတရား ပင် ဆုံးမသွန်သင်သည် မဟုတ်လော၊ မိန်းမမူကား ရှည်သော ဆံပင်ရှိလျှင် သူ၏ ဘုန်းကျက်သရေ ဖြစ်၏-- ဟု ဆိုထားသည် ချိန်ကိုက်ကြည့်လျှင်-

ဤကျမ်းချက်အရ အကယ်၍ ယေရှုသည် ပုံပါအတိုင်း ဆံပင်ရှည်ရှိလျှင် သမ္မာကျမ်းစာပါ ဥပဒေအရ အလွန် ရှက်ဘွယ်လိလိ အလုပ်ကို စံပြလုပ်ဆောင်သွားသူ ဖြစ်ပေသည်။ ဤကျမ်းချက်၏ အဆိုအရ မိန်းမလျှာဟု ဖြစ် သည်။

ထိုသို့မဟုတ် ယေရှုက ဆံပင်ရှည် မထားခဲ့ဘဲ-ယေရှုရုပ်ဟု ထုလုပ်သူများက ဆံပင်ရှည်တပ်ပေးလိုက်လျှင် ထို ဆံပင်ရှည်တပ်ပေးသူ၊ ထိုပုံအား အမြတ်တနိုးထားသူများသည် သူတို့ ယုံကြည်သော ကယ်တင်ရှင်အား ပါးစပ်မှ ယုံကြည်ပါသည်ဟု ပြော၍ လက်တွေ့တွင် စော်ကားနေသူများ ဖြစ်ပေသည်။

ဗုဒ္ဓဘာသာများက ဆင်းတုတော်ထုလုပ်ရာတွင် မိမိယုံကြည်သော ဘုရားရှင်အား စော်ကားခြင်း မရှိပေ။ သို့ သော် သမ္မာကျမ်းအား ယုံကြည်သော ခရစ်ယာန်များက သူတို့ယုံကြည်သော ကယ်တင်ရှင်အား သူတို့ စော် ကားလျှက် ရှိနေသည်။--ဆိုခြင်းကို အဆွယ်ကောင်းရာသို့ ခိုအောင်းသွားသူများ ဆင်ခြင်သင့်ပေသည်။ သို့ မဟုတ် ထိုသို့စော်ကားချင်၍ ခိုအောင်းနေလျှင်လည်း-၊သူတပါးသာသနာအား စော်ကားတတ်သူများ၏ ၀ဋ် လည်ခြင်းသာ ဖြစ်ပေသည်။

ထိုယေရှုရုပ်ထုအား မကိုးကွယ်ပါဟု ခံငြင်းနေသော ခရစ်ယာန်များရှေ့တွင် သူတို့မကိုးကွယ်သော ယေရှုရုပ် အား ဆဲကြည့်ပါ။ သူတို့၏ မျက်နှာတွင် ကိုးကွယ်၏ မကိုးကွယ်၏ ဆိုသော အဖြေကို သိသာထင်ရှားစွာ တွေ့ မြင်ရမည်ပင်။


ဆက်လက် တင်ပြပါမည်။
သူတို့ လုပ်ရပ်များကို သူတို့၏ ကျမ်းဖြင့်သာ ဖြေရှင်းပါ။

ကိုရင်မိုး

No comments:

Post a Comment