Sunday, January 10, 2010

တစ်ပဲရင်း၍ ထာဝရယူ

ကျမ အမှန်ကို ပြောပါသည်။
တစ်မူးရှိလို့ တစ်ပဲလှု ဆိုသည့် စကားပုံသည် ကျမတို့ မြန်မာလူမျိုးများ၏ စေတနာ သဒ္ဓါထက်သန်မှုအား ကမည်းမှတ်တမ်း တင်ပေး သော စကားပုံ တစ်ခု ဖြစ်၍ တန်ဘိုး ကြီးမားပါသည်။ မြန်မာ ကျပ်ငွေ ချိန်ဝန်အရ နှစ်ပဲ တစ်မူး။ နှစ်မူး တစ်မတ်။ ဟု ဖြစ်သည့် အတွက် တစ်မူးသည် တစ်ပဲ၏ နှစ်ဆ ဖြစ်လေသည်။ ထို့ကြောင့် တစ်မူးရှိသူက တစ်ပဲ အလှုဒါနပြုခြင်းမှာ မိမိတွင် ပိုင်ဆိုင်သော ဥစ္စာပစ္စည်း၏ ထက်ဝက်ကို လှုဒါန်းခြင်း ဖြစ်လေ၏။ မြန်မာတို့၏ စေတနာသည်ကား မည်မျှ ကြီးမားလေသနည်းဟူမူ- ဤစကားပုံအရ သိနိုင်ပေသည်။
ထိုအလှုအဒါန်း အတွက် လူဒါန်းသူသည် အလှုခံရသူ၏ ထံမှ မည်သည့် တုန့်ပြန်အကျိုးပြုခြင်းကိုမျှ မျှော်ကိုးထားခြင်း မရှိပေ။ သုံးတန်သော စေတနာပြတ်၍ လှုဒါန်းနိုင်မှ မြတ်သော အလှု ဖြစ်သည်ဟု မြတ်စွာဘုရားက ဟောကြားထားလေသည်။

ထိုကြောင့် ဗုဒ္ဓဘာသာမြန်မာတို့သည် သူ့ထက်ငါ ပို၍ဂုဏ်ယူခြင်းဖြင့် စည်ကားသိုက်မြိုက်သော အလှုအဒါန်းကြီးများကို လုပ်လေ့ ရှိလေ သည်။ ရဟန်းခံရှင်ပြု အလှုများ၊ နားသမင်္ဂလာ အလှုများ၊ နေ့ကြီးရက်သာ အလှုအဒါန်းများ- သီတင်းကျွတ်၊ တန်ဆောင်တိုင်- သင်္ကြန်မှ အစ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ ရှိသော အလှုများမှာ ၀မ်းမြောက် ဂုဏ်ယူစရာ မဆုံးနိုင်တော့ပေ။

မွတ်ဆလင်များ၏ အလှုများကိုလည်း တစေ့တစောင်း လေ့လာဘူးသည်။ သူတို့လည်း လှုဒါန်းလိုက်သော အလှုအတွက် ပြန်လည် မျှော် လင့်ချက် ထားသည်ကို မတွေ့ရ။ ဥပမာ- မုန့်လုပ်၍ အများသူငါများကို ကျွေးသည့် မုန့်အက်နေ့တွင် ဆင်းရဲသားတို့အား ဇကတ် ဟု ခေါ်သော အလှုငွေကို ပေးကြောင်းတွေ့ရသည်။ အလှုရှင်သည် အလှုဝတ္တုအား အလှုယူသူမှ အဘယ် တုန့်ပြန်မှုကိုမျှ ပြန်လည် မျှော် လင့် ထားခြင်း မရှိကြောင်း တွေ့ရလေသည်။ အမဲသားများကို လှီးသတ်၍ ကျွေးမွေးသော အသား အက်နေ့တွင်လည်း ဆင်းရဲသားများ ကို ဖိတ်ခေါ်လျှက် ကျွေးမွေးသည်၊ လိုက်လံဝေငှ၏- အမဲသားလှီးသတ်သူသည် အများဆုံး သုံးပုံ တစ်ပုံသာ ပိုင်ဆိုင်ခွင့်ရှိ၍ ကျန် အသားများကို အများသူငါ ချို့တဲ့သူများ စားသုံးစေရန် ပေးကမ်းလှုဒါန်းလိုက်ရသည်။ ထိုသို့ အလှု လုပ်လိုက်ရခြင်း အပေါ်၌ ဂုဏ်ယူ ၀မ်း သာလျှက် ပျော်ရွင်မြူးထူးနေကြသည်။ ကျမတို့ အနေဖြင့် ယဉ်ကျေးမှု မတူညီသောကြောင့် အမြင်မသင့်တော်ချေ၊ သို့သော် သူတို့ သည် သူတို့ ဘာသာအလျှောက် စေတနာ သုံးတန်ပြတ်လျှက် လှုဒါန်းသည်ကို တွေ့ရလေသည်။

အလှုအဒါန်းလုပ်ရာတွင် ပိုမိုလိမ္မာသူများမှာ ခရစ်ယာန်များပင် ဖြစ်သည်။ ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များမှာ အလှုအဒါန်းတော့ လုပ်သည်။ ပြောစရာ ဆိုစရာ ရှိလျှင် စိတ်၌ မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်ကြသည်။ စည်းကမ်း နည်းလမ်းဟူ ၍ မရှိ သလောက် ဖြစ်သည်။ ၀မ်းသာအဲလယ် ပျော်ပါးဂုဏ်ယူတတ်သည်။ သို့သော် မည်သည့် ခံစားမှုနှင့် မျှော်လင့်ချက်ဟူ၍ မထားပေ။ လောကုတ္တရာ၌ ကောင်းသော အကျိုးကို ရမည်ဟုသာ အလှုရှင်၏ စိတ်၌ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ခရစ်ယာန်များမှာ ထိုကဲ့သို့ မဟုတ်ချေ။ ပျူပျူငှာငှာပြောဆိုတတ်သည်။ အလှုကြီး အဒါန်းကြီးဟူ၍ ကြီးမားစွာ လုပ်ခြင်းနဲသည်။ နဲနဲ- နဲနဲ ခွဲလျှက် လူသားများကို ကူညီတတ်သည်။ ထိုပေးလိုက်သော အကူအညီ၏ နောက်တွင် သူတို့၏ ခရစ်ယာန်ဘာသာသို့ တိမ်းညွတ်လာစေရန် ဆွဲဆောင်မှုများ ရှိနေလေသည်။ အလှု၏ နောက်ဆက်တွဲ ဘာသာရေး အမြတ်ထုတ်မှုများကို အကွက်ကျကျ စီစဉ်ထားသည်များ ရှိလေသည်။

သူတို့၏ အလှုသည် စီမံချက်ချထားသော အလှုဖြစ်သည့်အတွက် ဘာသာခြားများ စိတ်ငြိုငြင်စေမည့် ပုံစံ။ မျက်စေ့စူးစေမည့် ပုံစံများကို အထူးရှောင်သည်။ သူတို့သည် ဆင်းရဲနွမ်းပါးသူများ၏ ထံသို့ ရောက်လာလေ့ရှိ၍- ထိုမိသားစုများအား အ၀တ်စအထည်စများ ပေး ကမ်း၏။ လတ်တလော စားသောက်ရန် ဆန်တစ်အိပ်။ ငါးသေတ္တာ တစ်ဘူး နှစ်ဘူး ပေးကမ်း၏။ ဓနိ-သက်ကယ် မလုံ မခြုံဖြစ်နေသော အိမ် များအား ဓနိ-သက်ကယ်လေး မိုး-ကာ ပေးသွား၏။ ထို့နောက် ထိုမိသားစုထံသို့ အလှု အဒါန်းကို ပြလျှက် ခရစ်ယာန်မက်ရှင်းများ မကြာခဏ ရောက်လာတော့၏။ ဘုရားသခင်က ကောင်းကြီးပေးပါ။ ခရစ်တော်ဘုရား ကယ်တင်ပါဟု ဆုတောင်းပေး၏။ ထိုသို့ လာ ရောက်သည်တိုင်းတွင် အိမ်ရှင်၏ စိတ်နေသဘောထားကို အကဲခတ်တတ်သော လူကဲခတ် ပညာရှင်များကို ခေါ်လာ၏၊ လူကဲခတ် ဆရာက မီးစိမ်းပြလိုက်သည်နှင့် အိမ်ရှင်မိသားစုအား သူတို့နှင့် ၀င်ရောက် ဆုတောင်းပါရန် ဖိတ်ခေါ်မည်။ သူတို့၏ ဆုတောင်း ဆုံးသော် အာမီးန် လိုက်ဆိုခိုင်းတော့၏။

အကြောင်းတိုက်ဆိုင်လျှက်- အိမ်ရှင်မိသားစုမှာ စားဝတ်နေရေးတစ်စုံတစ်ရာ ပြေလည်လျှင်- ၄င်းသည် ထာဝရဘုရားသခင်၏ တန်ခိုး တော်ဖြင့် ခရစ်တော်ဘုရားက ကင်တင်ကြောင်း အိမ်ရှင်များ နားယဉ်လာစေရန် ကြိမ်ဖန်များစွာ ပြောဆိုပေး၏။ ဤနည်းဖြင့် အလှုကို ပြလျှက် ခရစ်ယာန်ဘာသာထဲသို့ ဆွဲသွင်း သွားတော့သတည်း။

ကျမတို့ ဗုဒ္ဓဘာသာ ငွေကြေးတတ်နိုင်သူများက ကြက်၊ ၀က်၊ အမဲ၊ သား။ ငါး အကြီးအကျယ် အကုန်ခံ၍ အလှုလုပ်လိုက်သော်လည်း ဗုဒ္ဓဘာသာထဲသို့ ဘာသာခြား တစ်ဦးအား ဆွဲသွင်းခြင်း မရှိခဲ့ပေ။ သို့သော် ခရစ်ယာန်ဘာသာသည် အမဲ တစ်ကောင်၏ တန်ဘိုးခန့် အလှု ပေးလိုက်သည်နှင့် အနည်းဆုံး မိသားတစ်စုအား စိတ်ပိုင်းဆိုင်ရာအရ ခရစ်ယာန်ထဲသို့ ဆွဲသွင်းပြီးသား ဖြစ်နေလေသည်။

မိသားတစ်စု သို့မဟုတ် လူတစ်ဦးတွက် ခရစ်ယာန်များ အလှုပြ အရင်းအနှီးပြုလိုက်ရလျှင် အများဆုံး ငါး နှစ်သာ ဖြစ်သည်။ ထိုသို့ စည်းရုံးသောသူ လူပေါင်း ၁၀၀ လျှင် ၂၀ ခန့် သူတို့ဘက်သို့ ပါသွားတော့သည်။ လူငယ် လူရွယ်များအား- အနုပညာဖြင့်၊ လူငယ် ချင်း ချစ် ကြိုက်စေသော နည်းဖြင့်- နိုင်ငံခြားသို့ ပညာသင် လွှတ်မည်ဟူသော နည်းဖြင့်- စသည့် နည်းမျိုးစုံဖြင့် သိမ်းသွင်းသည်များလည်း ရှိနေသည်။

လူတစ်ဦးအတွက် ငါး နှစ်ရင်းနှီးလိုက်၍ ထိုသို့ ရင်းနှီးမြှုပ်နှံရာမှ ၁၀ ရာခိုင်နှုန်း အောင်မြင်လျှင် သူတို့ အတွက် ကြီးမားသော အမြတ် အစွမ်းများ ရှိနေလေသည်။ ငါးနှစ်တာအတွင်း သူတို့၏ မစို့မပို့ မေတ္တာပြမှုမှာ ကျပ် သုံးသိန်းထက် ပိုမည်မဟုတ်ချေ။ သို့သော် ထို လူသည် ခရစ်ယာန်ဖြစ်သွားသည်နှင့် သူ၏ ၀င်ငွေထဲမှ ဆယ်ပုံ တစ်ပုံအား သေတပန် သက်တစ်ဆုံး ပေးဆောင်ရတော့သည်။ ထိုအလှု အား ဘာသာရေးအတွက် အလှုဟု အကြောင်းပြ စည်းရုံးသောကြောင့် ပေးရန်လည်း စေတနာ ရှိနေတော့သည်။ တနည်းအားဖြင့် ခရစ်ယာန် ဘရိမ်းဝါ့ခ်ျ လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုလူထံမှ တစ်လလျှင် အနည်းဆုံး ကျပ် ၁၀၀ ခန့် တစ်နှစ်လျှင် ၁၂၀၀၊ ဆယ်နှစ် တွင် ၁၂၀၀၀- နှစ် ၂၀၊ နှစ် ၃၀၊ ထိုသူ၏ သားစဉ်မြေးဆက်မှာ အစဉ်အလာ ခရစ်ယာန် ဖြစ်သွားယုံမျှမက- ဆယ်ဖို့ တစ်ဖို့သော အလှုမှာ လည်း သားစဉ်မြေးဆက် အသင်္ချာ- အသင်္ချေ ပေးသွားရ လေတော့သတည်း။

ထို့ကြောင့် အလှုအတန်းအစားများအား အမျိုးအမည် ခွဲကြည့်လျှင် စေတနာ သုံးတန်ပြတ်သော အလှု။ မိမိ ဂုဏ်ပကာသနတက်ရန် လှုသောအလှု။ နှင့် ငါးလို၍ ငါးစာချ ပြုလုပ်သော အလှုများ ဟူ၍ ဖြစ်တော့သည်။ ခရစ်ယာန်များ၏ အလှုသည်ကား ငါးလို၍ ငါးစာချ သော တစ်ပဲရင်း၍ ထာဝရယူ အလှုမျိုးပင် ဖြစ်တော့သည်။ အကြောင်းအမျိုးမျိုးအောက်တွင် အလှုအဒါန်း ပြုခြင်းကို လက်ခံယူ ရသော်လည်း ခရစ်ယာန်များ၏ ပေးစာ၊ ကမ်းစာ - နောင်ကြိုး မပြတ်သော အလှုများအား မျှော်လင့်နေခြင်းမှ ဝေးဝေးမှ ရှောင်ကြဉ်သင့် ပေသည်။

(ကျမတို့ ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွေပြည်သာ၊ ရွှေပေါက်ကံ၊ ငွေပေါက်ကံ၊ ပုလဲမြို့သစ် များရှိ နွမ်းပါးသူများမှာ ငါးစာချခြင်း ဒဏ်အား အကြီးအကျယ်ခံနေရပါသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအား ၀ိုင်းဝန်း၍ ကူညီကြပါရန်၊ ၀ိုင်းဝန်း၍ နားချပေးကြပါရန် မေတ္တာရပ်ခံအပ်သည်။)

ဒေါ်နု (ဒဂုံမြို့သစ် တောင်ပိုင်း)

No comments:

Post a Comment