Sunday, January 17, 2010

သူတို့ ဖတ်နေသော စာအုပ်များ

ကျွန်တော်တွေ့ကြုံဘူးသော ပုဂ္ဂိုလ်များ- အခန်းဆက်ကို မဖေါ်ပြမှီ- သူတို့ ဖတ်နေသော စာအုပ်များ ခေါင်း စဉ်ဖြင့် အလျှင် တင်ပြလိုသည်။ သို့မှသာ မိမိတို့ ဗုဒ္ဓသာသနာမှ မဆီမလျှော် ပုတ်ခတ်မှုများအား မည်သို့ ကာကွယ်ရမည်ကို သိစေလိုခြင်းကြောင့် ဖြစ်သည်။

ကျွန်တော်အနေဖြင့် ယခုကဲ့သို့ ဖေါ်ပြနေခြင်းမှာ မြန်မာနိုင်ငံအတွင်း ရှိသော ခရစ်ယာန်များအပေါ် မလိုမုန်း ထား စိတ်ဖြစ်ပေါ်စေရန် မရည်စူးပါ။ ခရစ်ယာန်များတွင် ကောင်းသူများသည်လည်း ရှိကြောင်း ဆက်လက် ဖေါ်ပြပါမည်။ ၄င်းတို့၏ မလိုလားအပ်သော `ပေါ်လစီ´ကိုသာလျှင် ဖေါ်ထုတ်ခြင်း ဖြစ်ကြောင်း အသိပေးလိုပါ သည်။

၎င်းတို့သည်- ဗုဒ္ဓအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန်- ဗုဒ္ဓ၀င်ကျမ်းများ၊ ဇာတ်တော်များကို အဓိက ထား၍- ဖတ်ကြသည်။ ဆရာတော် အရှင်ဥက္ကဌနှင့် ဖြစ်ခဲ့သော ကျောက်ကွင်းအရေးတော်ပုံ (သခင်မြတ်ဆိုင် ရေး) စာအုပ်နှင့် ဆရာတော် အရှင် အရိယဓမ္မ၏ ဗုဒ္ဓ၀ါဒနှင့် ပြသနာများ စာအုပ်ကို အလွန်အမင်း မကျေမနပ် ဝေဖန်နိုင်ရန် ဖတ်နေပါသည်။

၎င်းတို့သည် ဗုဒ္ဓအား လုံးဝ အားမနာပ စကားလုံးများဖြင့် ပြောင်ပြောင်းတင်းတင်း ဆဲရေးတိုင်းထွာခြင်း၊ ရဟန်း သံဃာတော်များကိုလည်း လူကြားမကောင်းလောက်အောင် ပြောဆိုခြင်းများကို တရားဝင် ပြုလုပ်လျှက် ရှိ သည်။ ထိုပြုလုပ်ခြင်း၌ လုံးဝအပြစ်မရှိ- ၄င်းတို့၏ ရှိသမျှသော အပြစ်များကို ခရစ်တော်မှ ခံယူသွားပြီး ဖြစ်သည် ဟု စွဲမြဲစွာ ယုံကြည်ထားကြသည်။

မူဆလင်များ၏ ကျမ်းများတွင်လည်း တမန်တော် မဟာမတ် အား ပုတ်ခတ်စော်ကားနိုင်သည့် စာအုပ်များကို သာ ရှာကြံဖတ်နေခြင်း ဖြစ်သည်။ ၄င်းတို့၏ ယေရှုတစ်ဦးတည်းသာ စကြာဝဠာအတွင်း၌ ဘုရားတစ်ပါး ဖြစ် သည် အသန့်ရှင်းဆုံးဖြစ်သည်။ အပြစ်အကင်းဆုံးဖြစ်သည်။ ကယ်တင်ရှင်ဖြစ်သည်-ဟု လူသားတို့အား လှည့် စားနိုင်ရန် ဖြစ်သည်။

၎င်းတို့သည် ဗုဒ္ဓ၏ ဒေသနာ အစစ်အမှန်အား- ရိုးရိုးသားသား သန့်ရှင်းစင်ကြယ်စွာ ဖတ်ခြင်း မဟုတ်ဘဲ-ဘယ် အကွက်အား ထောက်၍ ရမည်ကို ရှာကြံ-အပြစ်ရှာ ဖတ်ခြင်း ဖြစ်သည်။

၎င်းတို့သည် အခြားဘာသာများ၏ သွန်သင်မှုများမှ အကောင်းဖြစ်သည့် အရာများအား အစဉ် ဖုံးဖိထား၍- အပြစ် အနာများကို ရှာနေလေသည်။

၎င်းတို့ အပြစ်ရှာလိုလျှင် မြန်မာစကားကိုလည်း လိုရာသို့ ဆွဲယူလေ့ရှိသည်။ ဥပမာ- မြန်မာစကား `မိရိုးဖလာ´ ဆိုသည်ကို- ၄င်းတို့၏ ကမ္ဘာဦးကျမ်းမှ အာဒံ၏ နံရိုးအား ဆွဲထုတ်၍- ဧ၀ ကို ဖန်ဆင်းသည်ဟု ကိုက်ညီစေရန် မိခင်မှ အရိုးသည် ဖခင်ထံမှ လာခြင်း ဖြစ်သည်ဟု- လှည့်ပတ်ပြောဆိုလေ့ရှိသည်။

၎င်းတို့သည် မိဘမျိုးရိုးစဉ်ဆက်မှ ဆင်းသက်လာသော အစဉ်အလာ ဟု ဖြစ်သည့် မိရိုးဖလာ ဆိုသည့် မြန်မာ စကားကိုပင်လျှင် နားမလည်သူများ ဖြစ်သလော။ သို့မဟုတ် မြန်မာစကားလုံးသည်ပင် သမ္မာကျမ်းစာမှ ဆင်း သက်လာသည်ဟု ဆွဲယူလိုသလော- ဟူသည်ကိုပင် ဝေခွဲမရ ဖြစ်မိရသည်။

စာဖတ်သူများ- သတိထားရန်မှာ၊ ဗုဒ္ဓမြတ်စွာဘုရားအား- ပုတ်ခတ်ဝေဖန်ရန် ဗုဒ္ဓ၀င်ကျမ်းနှင့် ဇာတ်တော်များကို ထောက်ပြသည့် စာမှန်သမျှ သည် ခရစ်ယာန်လူယုတ်မာ (လူကောင်းများ-မပါ)များမှ ရေးသား ဖြန့်ဝေခြင်း ဖြစ်သည်။ ထိုလူယုတ်မာများသည် ၄င်းတို့ ခရစ်ယာန်ဖြစ် သည်ဟု ပြောင်ပြောင်တင်းတင်း ၀န်ခံရေးသားခြင်း မဟုတ်ဘဲ- အခြားဘာသာများ၏ အမည်ကို ခံနေကြလေသည်။

စာဖတ်သူများ အနေဖြင့်- ရန်သူအမှန်ကို သိစေလို၍ ဖေါ်ပြရခြင်း ဖြစ်သည်။

ကျွန်တော်သည် ခရစ်ယာန်ကျမ်းစာအား ဖတ်နေသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်၍- ၄င်းတို့ထံမှ ကူးစက်ခံရသည့် အတိုင်း သူတပါးဘာသာအား ဖတ်လျှင် အပြစ်ရှာဖတ်- ဆိုသည့် ပေါ်လစီ ဖြင့် ဖတ်ထားသူ ဖြစ်၍- သမ္မာကျမ်း စာ-သည် မြန်မာအဓိပ္ပါယ် သမ္မာသမတ်ကျသော ကျမ်းစာ မဟုတ်ဘဲ- ကလီကမာ ကြမ်းစာ ဖြစ်သည် ဆိုခြင်း ကို အတိအကျ သိနေသည်။ သို့သော် ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်ကို ထောက်ထား၍- သူတပါးကျမ်းတစ်ခုအား မကောင်းမှုများကို မဖေါ်ပြလိုသေးပါ။

စာဖတ်သူများမှ- အမှန်ကို သိထားသင့်သည်ဟု တောင်းဆိုလျှင်-၊ အချိန်တန်လျှင်-၊ ခရစ် ယာန်ထဲမှ လူကောင်း များဟု သတ်မှတ်ထား သူများက- သူတို့ကိုယ်တိုင် သိနေသည့် သူတို့၏ ကရူးဆိတ် သင်တန်းသားများ၏ လုပ် ဆောင်ချက်များ ဖြစ်သည့်- ဗုဒ္ဓဘာသာ ဟန်ဆောင် ကာ မူဆလင်များအား တိုက်ခိုက် နေမှု၊ မူဆလင် ဟန် ဆောင်က ဗုဒ္ဓဘာသာများအား တိုက်ခိုက်နေမှု။ ဗုဒ္ဓ၏ဒေသနာတော်များအား ပုတ်ခတ်စော် ကားနေမှု။ ရဟန်း သံဃာတော်များအား ပုတ်ခတ်စော်ကားနေမှု။ ဗုဒ္ဓဘာသာအတွင်း၌ သူလျှိုများထည့်ရန် ကြံစည်နေမှုများကို မတားမြစ် ရေငုံနှုတ်ပိတ်လုပ်နေလျှင်- ကျမ်းချက် တစ်ချက်ခြင်း ဖေါ်ထုတ်သွားမည် ဖြစ်သည်။

ခရစ်ယာန်လူယုတ်မာများ ဆက်လက်လိမ်ရန် မကြိုးစားသင့်တော့ပေ။ တောင်းပန်ဝန်ချရန် အချိန်တန်ပြီ။-

ကိုရင်မိုး (ကျွန်တော်) သည် ၄င်းတို့၏ အထဲတွင် ရှိနေသည်။ ၄င်းတို့သည် ကိုရင်မိုး ဘယ်သူ ဖြစ်သည်ကို ရှာနေပြီ။ ထုတ်ပြန်ပေးခြင်းကို ခဏ ရပ်ထားရလျှင် စာဖတ်သူများ သည်းခံပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုရင်မိုးက ဗန်းမော်ဆရာတော်ဘုရာကြီး မင်းတုံးမင်းကို စာထုပ်ပစ်သော အခါ- မင်းတုံးမင်းက ဘယ်သူက စာပစ်သည်ကို ဖေါ်ထုတ်ရခက် သည်ကဲ့သို့ ဖြစ်နေသော ၄င်းတို့အား ကြည့်၍- စိတ်မကောင်းဖြစ်မိသည်။ အမှန်မှာ- မင်းတုံးမင်းသည် စာထုတ်ပစ်သူကို သိသည်။ သို့သော် ဖေါ်ထုတ်လိုက်လျှင်- အမှန်များ ပို၍ ပေါ်လာမည်ကို သိ၍ ဖုံးဖိထားရသော အခြေအနေဖြစ်ရသည်။ ထိုအခါ ဗန်းမော် ဆရာတော်က-

ကဗျာ- ထပ်ရေးလိုက်သည်မှာ-

အစေ့ကိုလှန်- အဆံကို တူနဲ့ထုသော်လည်း
ဗန်းမော်ကို ---ီးမှ မမိဘူး။ ဟု ဖြစ်၏။

ကိုရင်မိုး ဖေါ်ပြနေသည်မှာ အမှန်ချည်း ဖြစ်ကြောင်း တကယ်လက်တွေ့ လုပ်ဆောင်နေသူများ သိနေသည်။ သို့သော်--- ဆက်လက်တင်ပြပါမည်၊

ကိုရင်မိုး

No comments:

Post a Comment