Saturday, January 30, 2010

ကယ်တင်ရှင် ကရူးဆိတ်နယ်ချဲ့များ

တိုင်းပြည်တစ်ခုတွင် အတူတူ မွေးဘွားနေထိုင်ကြသော လူသားများ အချင်းချင်း ချစ်ခင် စည်းလုံးစွာ နေထိုင်လျှင် တိုင်း ပြည် စိမ်းလန်းစိုပြေ-တိုးတက်လာမည်ဟု ယုံကြည်သူ တဦးအနေဖြင့် နားလည်ထားသည်မှာ အသွေးအရောင်၊ အယူ အဆ၊ အမျိုးအနွယ်များကို အကြောင်းပြလျှက် စည်းလုံးညီညွတ်မှု ပြိုကွဲနေခြင်းမှာ အင်မတန် စိတ်ပျက်စရာ ကောင်းသော အရိုင်းခေတ် လူမှု့ဆက်ဆံရေးသာ ဖြစ်လေသည်။

ထိုအသိတရားများ ရရှိရန် သမိုင်းပညာအား စီစစ်သုံးသပ်တတ်ရန် သွန်သင်ပေးလိုက်သော ရန်ကုန်တက္ကသိုလ် သမိုင်းဌာ နမှ ဆရာ ဆရာမတို့အား ကျေးဇူးတင်မိပါသည်။ ကမ္ဘာသမိုင်းအား ပြန်လည် သုံးသပ်ရန် ကမ္ဘာ့သမိုင်းစာအုပ်များ ရေးသား ခဲ့သည့် သမိုင်းဆရာကြီးများ၊ Wikip့edia နှင့် အခြားသော Internet စာမျက်နှာများကိုလည်း ကျေးဇူးတင်ပါသည်။

တိကျခိုင်လုံသော သမိုင်းများအရ ခရစ်ယာန်များသည် အာဖရိကမှ လူသားများအား လက်နှက်အားကိုဖြင့် ဖမ်း ဆီးခေါ် ဆောင်လျှက် ကျွဲနွားများကဲ့သို့ ကျေးကျွန်အဖြစ် ရောင်း၊၀ယ် ခိုင်းစေခဲ့ယုံမျှမက ထိုလူသားများ၏ မူရင်းသက်ဝင် ယုံကြည် သည့် ဘာသာများ ဖြစ်သော မူဆလင်ဘာသာ၊ တိုင်းရင်းခံ အာဖရိက ရိုးရာ ဘာသာတရားများအား အတင်း အဓမ္မ ပစ်ပယ် စွန့်လွှတ်စေ၍ ခရစ်ယာန်ဘာသာသို့ အတင်းရိုက်ထောင်း သွပ်သွင်းခဲ့ကြောင်း ရင်နင့်ဘွယ် တွေ့ရပေသည်။ တောင် မြောက် အမေရိကတိုက် နှစ်ခုလုံးရှိ မူလတိုင်းရင်းခံဒေသများအားလည်း ခရစ်ယာန်ဘာသာသို့ အတင်းအဓမ္မသွပ် သွင်း ခံလိုက်ရလေသည်။

ထိုမျှမက- ကိုးရီးယားကျွန်းဆွယ်စစ်ပွဲတွင်လည်း တောင်ကိုးရီးယားဘက်မှ ကယ်တင်ရှင် ၀င်လုပ်လျှက် တောင်ကိုးရီးယား ဗုဒ္ဓဘာသာအား အကြီးအကျယ် ဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။ ယခုအခါတွင် တောင်ကိုးရီးယား၌ ပရိုတက်စ်တင့် ခရစ်ယာန်ဘာသာမှာ ဗုဒ္ဓဘာသာ လူဦးရေထက် မြောက်များစွာ ပိုမိုများပြားနေတော့သည်။ ဂျပန်နိုင်ငံတွင်လည်း အလား တူပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံ၏ သမိုင်းအား ပြန်လည် သုံးသပ်လျှင်လည်း ရင်နာစရာပင် ဖြစ်တော့သည်။ ပတ်ပတ်လည်နိုင်ငံကြီးများ ဖြစ် သော အိန္ဒိနှင့် တရုတ်ပြည်တို့အား မူဆလင်အင်ပါယာမှ နှစ်ရာပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း- မြန်မာနိုင်ငံတွင်း တိုင်း ရင်းသားတို့အား သူတို့၏ မူဆလင်ဘာသာအား သွပ်သွင်းခဲ့သည်ကို မတွေ့ရပေ။ သို့သော် အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီများ က သမိုင်းနှင့် တွက်လျှင် မဖြစ်စလောက်သော ခုနှစ်ကလေးသာ အုပ်ချုပ်ခဲ့ပြီး- တိုင်းရင်းသားများအကြား ခရစ်ယာန်ဘာ သာအား သွပ်သွင်းကာ နောင်လွတ်လပ်ရေး ရလာမည့် တိုင်းပြည်အား အစိတ်စိတ်အမွှာမွှာ သွေးခွဲခဲ့တော့သည်။

လွတ်လပ်ရေး မရမှီကပင် ခရစ်ယာန်များက နယ်မြေခွဲထွက်ရန် ကြိုးစားခဲ့သည်။ ယနေ့ချိန်ထိ ငြိမ်းချမ်းရေးအား လက်ခံ ခြင်း မရှိသေးချေ။ ဤနေရာ၌ ဆိုစရာ ရှိသည်မှာ မြန်မာနိုင်ငံ၌ မူဆလင်များဖြစ်သည့် မူဂျာဟစ်များသည်လည်း သူပုန် ထ ခဲ့သည်။ သို့သော် သူတို့အား မြန်မာနိုင်ငံသားများနှင့် တန်းတူရည်တူပေးမည်ဟူသည့် ကတိပေါ်တွင် ကြေနပ်၍ ငြိမ်းချမ်း ရေးကို လက်ခံခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်သွားပြီဖြစ်သည်။

အလားတူပင်- ကွန်မြူနစ်ပါတီမှလည်း တောခို- တိုက်ခိုက်ခဲ့သည်။ သို့သော် ကွန်မြူနစ်ပါတီမှာ နယ်မြေခွဲရန် မဟုတ်ချေ။ မြန်မာပြည်ကြီးအား အာဏာလုရန်သာ ဖြစ်သည်။ နိုင်ငံရေး သီအိုရီ မတူခြင်းသာ ဖြစ်၍ တိုင်းပြည်အား ခွဲခြမ်းလိုသော မူ မရှိခဲ့ပေ။

မူဂျာဟစ် သူပုန်များ ကိစ္စတွင် မြန်မာနိုင်ငံထက် အဆပေါင်းများစွာ အင်အားကြီးသော ကုလားတို့အား ကျေးဇူးတင်ရမည် ဖြစ်သည်။ အကယ်၍ မူဂျာဟစ်တို့အား ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ ဆိုသည့် ကုလားနိုင်ငံများမှ ကြောထောက်နောက်ခံ ပေးထားလျှင် မြန်မာနိုင်ငံအတွက် ကြီးမားသော အကြပ်အတည်းနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံရေး၌ အမြဲဝင်ရောက် စွက်ဖက်နေသည်မှာ ခရစ်ယာန်နိုင်ငံများသာ ဖြစ်ပေသည်။ ကံကောင်းထောက် မ ၍ ခရစ်ယာန် သူပုန်များ၏ နောက်ကြောတွင် ဗုဒ္ဓဘာသာ နိုင်ငံများ တည်ရှိနေခြင်းကြောင့်သာ- မြန်မာနိုင်ငံကြီးအား လောင်ကျွမ်းသည့် မီးမှာ အရှိန်ကြီးကြီး မတောက်လောင်နိုင်ခြင်း ဖြစ်သည်။

ယခု ၂၁ ရာစုတွင်ပင်- ခရစ်ယာန်တို့သည် စီးပွားရေး တောင့်တင်းခိုင်မာခြင်းအား အကြောင်းပြလျှက်- ကုလသမဂ္ဂကြီး အား ချုပ်ကိုင်ထားလျှက် အခြားနိုင်ငံတို့အား ဥပဒေမဲ့ ကျူးကျော်နေလေသည်။ မကြာသေးမှီမှ အာဖဂန်နိုင်ငံအား ကျူး ကျော်သည်။ အီရတ်နိုင်ငံအား ကျူးကျော်သည်။

ထိုနိုင်ငံများမှ အာဏာရှင်များကို အကြောင်းပြ၍ ကျူးကျော်ခြင်း ဖြစ်သည်။ အာဏာရှင်အား အကြောင်းပြသောကြောင့် အာဏာရှင် အောက်၌ မွန်းကြပ်နေသော မြန်မာ ပြည်သူများကဲ့သို့ အခြားသော ကမ္ဘာ့ဆင်းရဲသည့် နိုင်ငံများမှ ပြည် သူတို့ ၏ နှလုံးသားအား ဖမ်းစားနိုင်ခဲ့သည်။ အယူသည်း အာဏာရှင်တို့အား တိုက်ခိုက်ခြေမှုန်းပေးသည့် ထို နိုင်ငံကြီးတို့ အား ကျေးဇူးတင်ရမည် ဖြစ်သည်။

သို့သော် အချိန်ကာလသည် မကြာလိုက်ပေ။ မင်းသားခေါင်းဆောင်းထားသည့် ဘီလူးမှာ- ယခုအခါ မင်းသား ခေါင်းပေါင်း ကျွတ်ကျရချေပြီ။ အာဖဂန်နှင့် အီရတ်နိုင်ငံတို့အား ၀င်ရောက်တိုက်ခိုက်ပေးခြင်းမှာ အာဏာရှင်တို့အား ခြေမှုန်းပေးလို၍ မဟုတ်- သူတို့၏ ခရစ်ယာန်ဘာသာအား ဖြန့်ချီလိုသောကြောင့်ဟုသာ ဖြစ်ကြောင်း ထင်ရှားလာတော့သည်။

ထိုကရူးဆိတ် နယ်ချဲ့များ၏ ချေမှုန်းရေး ရိုင်ဖယ်မှ လျှို့ဝှက် သင်္ကေတမှာ JN8:12 ဟု ရေးထိုးတားပြီး၊ ခရစ်ယန်သမ္မာကျမ်း စာ ဓမ္မသစ်ကျမ်း ရှင်ယောဟန် အခန်း ၈ အပိုဒ် ၁၂ မှ “တဖန်ယေရှုက၊ ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်ကို လိုက်သော သူသည် မှောင်မိုက်သို့ မသွားမလာ၊ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူသည်” ဟု ဓိပ္ပါယ်ကို ပေးသည့် ကျမ်းချက်နံပါတ်ဖြင့် ကျူးကျော်နေခြင်းသာ ဖြစ်တော့သည်။ တနည်းအားဖြင့် သူတို့၏ ကျမ်းစာဖြင့် သူသတ်နေ ခြင်းသာ ဖြစ်လေသည်။ သူတို့ကြဲနေသော ဗုံးများတွင် ပို၍ အယူသည်းသော ကျမ်းချက်များကိုပင် ရေးသားထားမည် ထင်မိသည်။

ထိုသို့ပြုလုပ်ခြင်းမှာ ခရစ်ယာန်ကရူးဆိတ်ဝါဒ သမားတို့၏ အလေ့အကျင့်ပင် ဖြစ်တော့သည်။ နှစ်ပေါင်းများစွာပင် ကမ္ဘာ့ သမိုင်းအား လိမ်ညာထားခဲ့ပြီး- ယခုလည်း ကမ္ဘာ့မီဒီယာများကို အသုံးချလျှက် နည်းစနစ်သစ်များဖြင့် လိမ်လည်နေသည် မှာ ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်။

ယခုကဲ့သို့ ပြုကျင့်နေသည့် အလေ့အထများဖြင့် မြန်မာနိုင်ငံထဲသို့ ထိုးဖေါက်လာလျှင် မခက်သလောဟု မြန်မာနိုင်ငံသား များ စဉ်းစားဆင်ခြင်သင့်တော့သည်။ အာဏာရှင်စနစ်အောက်မှ လွတ်မြောက်လိုသော်လည်း ဗုံးကြဲသာနာပြုခြင်းဒဏ်ကို ခံရမည်ကို ပို၍ပင် ကြောက်ရွံစရာ အဖြစ် ခံစားမိသည်။

သမိုင်းလေ့လာနေသူ တစ်ဦးအနေဖြင့်- မြန်မာနိုင်ငံနိုင်ငံအား စီးလုံးညီညွတ် အင်အားတောင့်တင်း၍ ငြိမ်းချမ်းသာယာ သော နိုင်ငံ ဖြစ်လိုသူတိုင်းသည်၊ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန် မည်သည့် နိုင်ငံ၊ မည်သည့် လူမျိုးမှ မဆို အကူအညီအား မျှော်လင့်သင့်သော်လည်း- ညောင်သီးစားရင် လေးသံနားစွင့် ဆိုသည့် စကားပုံနှင့်အညီ ဗုံးကြဲ သာသနာ ပြုမည့် ခရစ်ယာန်အား ကြီးမားစွာ သတိထားသင့်ကြောင်း ဖေါ်ပြအပ်သည်။

ယဉ်ကျော့ (သမိုင်း)

No comments:

Post a Comment