Thursday, February 4, 2010

အဆွယ်ကောင်း၍ ခိုအောင်းသူများသို့ (၂)

ဘာသာတရား တိုင်းတွင် သူ့နည်း သူ့ဟန်နှင့် ဘုရားရှိခိုးသည်ဟု ရှိသည်။ ဘုရားရှိခိုး ပြီးလျှင် ဆုတောင်းခြင်း မေတ္တာ ပို့ခြင်းများ လည်း ရှိသည်။

ဘုရားရှိခိုးခြင်းသည် မိမိကိုးကွယ်ယုံကြည်ရာ ဘုရားရှင်အား အမြတ်တနိုးထား ကိုးကွယ်ပါသည်ဟု ကတိသစ္စာ ပြုခြင်း မိမိကိုယ်မိမိလည်း ထိုဘုရားရှင် ဟောပြောသော တရားဒေသနာအတိုင်း ကျင့်ကြံနေထိုင်ပါမည်ဟု သတိ ဖေါ်ပေးနေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ကျွန်ုပ် ကိုရင်မိုးသည် ခရစ်ယာန်ဘာသာအပြင် အခြားဘာသာ များကိုလည်း ဟိုစပ်စပ် ဒီစပ်စပ် လေ့လာဘူးသည်။ အခြားဘာသာများတွင် လောကအမြင်နှင့် ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ-သူတို့၏ ဘုရားရှိခိုးများ၌ လူတစ်ဦး၏ ကိုယ်ကျင့်တရား- စာရိတ္တ အား ပျက်စီး စေနိုင်သည့် ဘုရားရှိခိုး ဆုတောင်းစာ ဟု ကျွန်ုပ် လေ့လာဘူး သလောက် မတွေ့ရပေ။

သို့သော် ထူးခြားနေသည်က ခရစ်ယာန် ဘာသာဖြစ်သည်။ ခရစ်ယာန်တို့၏ ဘုရားရှိခိုး ဆုတောင်းစာများအား မတင်ပြမှီ-အဆွယ်ကောင်းရာသို့ ခိုအောင်းသွားသူများအား ခြင်ဆင်စေနိုင်ရန် ကျွန်ုပ်တို့ ဗုဒ္ဓဒေသနာမှ ဘုရား ရှိခိုးစာ အနည်းငယ်အား သတိဖေါ်ပေးလိုသည်။

ဗုဒ္ဓဒေသနာတော်တွင်-ဗုဒ္ဓဘာသာဝင်တိုင်း သိကျွမ်းပြီးသာ ဘုရားရှိခိုးစာ၏ အဓိပ္ပါယ်မှာ-လောကသုံးပါး ရှိ သတ္တ၀ါတို့ အပေါ်။ ကိုယ်ထိလက်ရောက် ကျူးလွန်သော အပြစ်၊ နှတ်အပြောအဆိုဖြင့် ကျူးလွန်သော အပြစ်၊ စိတ်အတွေးဖြင့် ကျူးလွန်မိသော အပြစ်များမှ ကင်းလွတ်စင်ကြယ်စေခြင်းငှာ-၁ ကြိမ်၊ ၂ ကြိမ်၊ ၃ ကြိမ် တိုင် ကတိသစ္စာပြု၍ ဘုရားရှင်အား ဦးထိပ်ထား ရှိခိုးပူဇော်ပါ။--ဟု ဖြစ်သည်။
ဤသူ သာမန်ဗုဒ္ဓဘာသာဝင်တိုင်း သိနေဆိုနေသော သြကာသ စာပိုဒ်လေးအား ဘာသာပြန်လိုက်ခြင်း ဖြစ် သည်။ ထို စာပိုဒ် အကျယ်ချဲ့လေ-ကိုယ်ကျင့်တရား ကောင်းရန် သွန်သင်လေ ဖြစ်သည်။ မကောင်းသောအမှု ဟူ၍ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးမှ ရှောင်ကြည်ရန် မိမိကိုယ်မိမိ အဖန်ဖန် အထပ်ထပ် သတိပေး ဆုံးမ သွန် သင် နေခြင်း ဖြစ်သည်။

ထိုနောက် သတ္တ၀ါအားလုံးအား မေတ္တာပို့သည်။ အမျှအတမ်းဝေသည်။ ဤအချက်များသည်လည်း သူတစ်ပါး အား မေတ္တာထားတတ်စေရန် မိမိကိုယ်မိမိ သတိပေးနေခြင်းများသာ ဖြစ်သည်။
ဤနေရာ၌ မိမိသည် မိဘရိုးရာ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ပါသည်။ ဘာသာတရားအားလုံးကို လေ့လာပြီးမှ ခရစ်ယာန် သည် အကောင်းဆုံး ဘာသာဖြစ်၍ ခရစ်ယာန်သို့ ကူးပြောင်းခဲ့ရပါသည်ဟု ပြောဆိုလေ့ ရှိသော ခရစ်ယာန် ဓမ္မဆရာများနှင့် သူတို့၏ အာဘော်အား မဆင်မခြင် လိုက်၍ ယုံနေသူများအား တင်ပြလိုသည်မှာ--
ခရစ်ယာန်တိုင်းသည် ဘုရားရှိခိုးရာ၌ ဓမ္မတေး အဖြစ် ရှောလမုန် သီချင်းမှာ- တစ်ပိုဒ် သို့မဟုတ် နှစ်ပိုဒ်ကို သီ ဆိုကြသည်။ ထိုသို့ သီဆိုကြောင်းကိုလည်း ခရစ်ယာန်တိုင်းက သိသည်။ ထိုသီဆိုနေသော ရှိခိုး ဓမ္မတေးများ သည်-လူသားတစ်ဦးအတွက် ကိုယ်ကျင့်တရား ကောင်းခြင်းကို သွန်သင်နေသလော၊ ကိလေသာ ကာမ မြူး ကြွရန် သွန်သင်နေသလော---ဟူသည်ကို စာဖတ်သူများ ကိုယ်ပိုင် ဆင်ခြင်ကြပါကုန်။---
ရှောလမုန် သီးချင်း
(၁) အခန်းကြီး (၁) အပိုဒ် ၁ မှ ၄--၊
သီချင်းတကာတို့တွင် အထွဋ်အမြတ် ဖြစ်သော ရှောလမုန် သီချင်း။ သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မ ကို နမ်းပါစေ။ ကိုယ်တော်၏ မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။ ကိုယ်တော်၌ မွှေးကြိုင်သော နံ့ သာဆီ ကဲ့သို့၊ နာမတော်သည် သွန်းလောင်းသော နံ့သာဆီ ဖြစ်ပါ၏၊ ထို့ကြောင့် သတို့သမီး ကညာတို့သည် ကိုယ်တော်ကို ချစ်ကြပါ၏။ ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့သည် ကိုယ်တော်နောက်တော်သို့ ပြေး၍ လိုက်ကြပါမည်။ အရှင်မင်းကြီးသည် အိမ်တော် အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့ပြီ။--------
(၂) အခန်းကြီး (၁) အပိုဒ် ၁၂ မှ ၁၃--
----- ငါချစ်ရာ သခင်သည် ငါ၌ မုရန် နံ့သာပုံ ဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညည့် လုံး အိပ်ရမည်။
(၃) အခန်းကြီး ၄ အပိုဒ် ၁ မှ ၅-
--- သင်သည် အဆင်းလှပ၏။ ငါချစ်သောနှမ၊ အလွန်လှပ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံး၏။ ဆံပင် သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ ဖြစ်၏။ -----------------------။ ရင်သား နှစ်ဘက် တို့သည် နှင်းတော၌ ကျက်စားသော ဒရယ်သငယ် အမွှာနှင့် တူကြ၏။
ဤစာသားများသည် ခရစ်ယာန်များ နှစ်နှစ်ခြိုက်ခြိုက် သီဆိုနေသော ဘုရားရှိခိုး စားသားများပင် ဖြစ်သည်။ အထကထာ၊ ဋီကာတို့မှ ကောက်နှုတ်ပြခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာတွင် ဘုရားသခင်က သန့်ရှင်းသော ၀ိ ညာည်တော်နှင့် အသိပေး၍ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်ဟု ဆိုသော စာသားများသာ ဖြစ်သည်။
နှိုင်းဆ ဆင်ခြင်ရန် ဖေါ်ပြခြင်းသာ ဖြစ်ပါသည်။
လူသားအပေါင်း ကောင်းနိုင်ကြပါစေကုန်။

ကိုရင်မိုး

No comments:

Post a Comment